• Follow Us on

Home အာဏာရပါတီအေနျဖင့္ ႏိုင္ငံေရးပါတီမ်ား လိုက္နာရမည့္က်င့္၀တ္မ်ားကုိ အထူးေလးစားလုိက္နာရန္ လုိအပ္ ေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီေျပာဆုိ

အာဏာရပါတီအေနျဖင့္ ႏိုင္ငံေရးပါတီမ်ား လိုက္နာရမည့္က်င့္၀တ္မ်ားကုိ အထူးေလးစားလုိက္နာရန္ လုိအပ္ ေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီေျပာဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၄

အာဏာရ NLD ပါတီအေနျဖင့္ ႏိုင္ငံေရးပါတီမ်ား လိုက္နာရမည့္က်င့္ ၀တ္မ်ားကုိအထူးေလးစားလိုက္နာဖို႔ လိုအပ္ေၾကာင္း ျပည္ခိုင္ျဖဳိးပါတီေျပာေရးဆိုခြင့္ရွိသူေဒၚနန္းျမမီမီေဇာ္ကေျပာသည္။

ေနျပည္ေတာ္ရွိ MICC- 2 ခန္းမ၌ NLD ပါတီ ဗဟုိေရြးေကာက္ပြဲေအာင္ႏုိင္ ေရးေကာ္မတီဥကၠဌႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္ကုိယ္စားလွယ္မ်ား ေတြ႔ဆုံမႈအေပၚ ေဒၚနန္းျမျမမီမီေဇာ္က အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္းျဖစ္သည္။

“မေန႔က ၾသဂုတ္လ ၂၃ရက္ေနျပည္ေတာ္မွာ က်င္းပသြားတဲ့ အခမ္းအနားဟာ ခန္းမကို ပါတီကိစၥသုံးသြားတာေတြ႕လိုက္ရတယ္။ ပိုဆိုးတာက ႏိုင္ငံေတာ္ သမၼတ ပါတီ ဒုဥကၠဌ ေရာ ဥကၠဌေရာတက္တယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒ ၆၄မွာ ကႏိုင္ငံေတာ္ သမၼတဟာ သူတာ၀န္ထမ္းေဆာင္တဲ့ေန႔က စၿပီးေတာ့ ပါတီလုပ္ငန္းေတြကိုပါ၀င္ေဆာင္ရြက္လို႔ မရဘူးဆိုတာျပဌာန္းထားတယ္။ ဒါေျပာရရင္ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ ၿငိစြန္းတယ္။ ဆိုေတာ့ဖြဲ႔စည္းပုံျပႆနာျဖစ္ေနတယ္။ အဲဒီေတာ့ ခန္းမသုံးတာကလည္း ဒါတစ္ျခားပါတီေတြဆိုရင္ေကာ ဒီလိုသုံးခြင့္ရွိမလားေမးခ်င္တယ္။အခုက ေရံးေကာက္ပြဲေကာ္မရွင္က မဲဆြယ္ခြင့္မေပးေသးဘူး။အဲဒီေတာ့ ဒီလိုကာလမွာ အာဏာရပါတီအေနနဲ႔ ႏိုင္ငံေရးပါတီေတြလိုက္နာရမဲ့က်င့္၀တ္ကို ေလးစားလိုက္နာဖို႔လိုတယ္’’ဟု ၎ကေျပာသည္။

အဆုိပါ အခမ္းအနားကုိ NLD ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊NLD ပါတီ ဒု-ဥကၠဌ ဦးဝင္းျမင့္တုိ႔ တက္ေရာက္ခဲ့ၾကသည္။ “ဘယ္လိုတုန္းဆိုေတာ့ ဒါက အာဏာပါဝါရွိတုန္းလုပ္ၾကတာပဲေလ။ ဆိုေတာ့ ဥပေဒကိုေလးစားလိုက္နာရမဲ့လူေတြကိုယ္တိုင္ ဥပေဒမ်က္ကြယ္ျပဳသလိုပဲ’’ဟု ဒီမိုကရက္တစ္ပါတီျမန္မာဥကၠဌ ဦးသုေ၀ကလည္းေျပာသည္။

#PeopleMedia #NLD #ဦးသုေဝ #USDP

(unicode)
အာဏာရပါတီအနေဖြင့် နိုင်ငံရေးပါတီများ လိုက်နာရမည့်ကျင့်ဝတ်များကို အထူးလေးစားလိုက်နာရန် လိုအပ် ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၄

အာဏာရ NLD ပါတီအနေဖြင့် နိုင်ငံရေးပါတီများ လိုက်နာရမည့်ကျင့် ဝတ်များကိုအထူးလေးစားလိုက်နာဖို့ လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူဒေါ်နန်းမြမီမီဇော်ကပြောသည်။

နေပြည်တော်ရှိ MICC- 2 ခန်းမ၌ NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင် ရေးကော်မတီဥက္ကဌနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမှုအပေါ် ဒေါ်နန်းမြမြမီမီဇော်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မနေ့က ဩဂုတ်လ ၂၃ရက်နေပြည်တော်မှာ ကျင်းပသွားတဲ့ အခမ်းအနားဟာ ခန်းမကို ပါတီကိစ္စသုံးသွားတာတွေ့လိုက်ရတယ်။ ပိုဆိုးတာက နိုင်ငံတော် သမ္မတ ပါတီ ဒုဥက္ကဌ ရော ဥက္ကဌရောတက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၆၄မှာ ကနိုင်ငံတော် သမ္မတဟာ သူတာဝန်ထမ်းဆောင်တဲ့နေ့က စပြီးတော့ ပါတီလုပ်ငန်းတွေကိုပါဝင်ဆောင်ရွက်လို့ မရဘူးဆိုတာပြဌာန်းထားတယ်။ ဒါပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်းတယ်။ ဆိုတော့ဖွဲ့စည်းပုံပြဿနာဖြစ်နေတယ်။ အဲဒီတော့ ခန်းမသုံးတာကလည်း ဒါတစ်ခြားပါတီတွေဆိုရင်ကော ဒီလိုသုံးခွင့်ရှိမလားမေးချင်တယ်။အခုက ရေံးကောက်ပွဲကော်မရှင်က မဲဆွယ်ခွင့်မပေးသေးဘူး။အဲဒီတော့ ဒီလိုကာလမှာ အာဏာရပါတီအနေနဲ့ နိုင်ငံရေးပါတီတွေလိုက်နာရမဲ့ကျင့်ဝတ်ကို လေးစားလိုက်နာဖို့လိုတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါ အခမ်းအနားကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊NLD ပါတီ ဒု-ဥက္ကဌ ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။ “ဘယ်လိုတုန်းဆိုတော့ ဒါက အာဏာပါဝါရှိတုန်းလုပ်ကြတာပဲလေ။ ဆိုတော့ ဥပဒေကိုလေးစားလိုက်နာရမဲ့လူတွေကိုယ်တိုင် ဥပဒေမျက်ကွယ်ပြုသလိုပဲ’’ဟု ဒီမိုကရက်တစ်ပါတီမြန်မာဥက္ကဌ ဦးသုဝေကလည်းပြောသည်။

#PeopleMedia #NLD #ဦးသုဝေ #USDP


Share this post