• Follow Us on

Home အာဏာသိမ်းမှုကို ဆန့်ကျင်သောမည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး ဆန့်ကျင်တော်လှန်သွားမည်ဟု KNU ပြော

အာဏာသိမ်းမှုကို ဆန့်ကျင်သောမည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး ဆန့်ကျင်တော်လှန်သွားမည်ဟု KNU ပြော

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄ (People Media)
 
အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး ဆန့်ကျင်တော်လှန်သွားမည်ဟု KNU မှ စက်တင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
 
အဆိုပါထုတ်ပြန်ချက်တွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန်ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာ ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့် မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်သည်ဟုဆိုသည်။
 
ဆက်လက်ပြီး မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကိုမဆို တတ် နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးပြီး နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်နှင့် စစ်မှန် သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းရန်နောက်ထပ်ဖြေရှင်းရေး နည်းလမ်း သစ်များကို ဆက်လက်ရှာဖွေလုပ်ဆောင်သွားမည်ဟု ဖော်ပြပါရှိသည်။
 
အလားတူ ပြည်သူလူထုများအနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် တတ်နိုင်သည့်ဘက်မှ ကူညီ ထောက်ခံကြောင်း ထုတ်ဖော်ပြသပေးရန် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
 
Photo – KNU
 
#PeopleMedia #KNU
 
(unicode)
……………………………………………………………………..
 
 
 
 
 
 
Photo – KNU
 
#PeopleMedia #KNU

Share this post