• Follow Us on

Home အာဏာသိမ်းရန်ကြိုးပမ်းမှုပျက်ပြားသွားပြီးနောက် နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဂီနီဘီဆောက် သမ္မတပြော

အာဏာသိမ်းရန်ကြိုးပမ်းမှုပျက်ပြားသွားပြီးနောက် နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဂီနီဘီဆောက် သမ္မတပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂ (People Media)

 

အနောက်အာဖရိကနိုင်ငံဖြစ်သော ဂီနီဘီဆောက်နိုင်ငံမြို့တော်တွင် သေနတ်သံများကြားရပြီးနောက် စစ်တပ် ကအာဏသိမ်းရန်ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ နိုင်ငံတွင်းအခြေအနေများကို ထိန်းချုပ်ထားနိုင်ကြောင်း ဂီနီဘီ ဆောက် သမ္မတအူမာရိုစီဆိုကိုအမ်ဘာလိုက ပြောကြားလိုက်သည်။

 

ဂီနီဘီဆောက်နိုင်ငံမြို့တော် သမ္မတနန်းတော်အနီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မွန်းလွဲပိုင်းက သေနတ်သံများ ထွက်ပေါ်လာပြီး စစ်တပ်ကမကြာခဏအာဏာသိမ်းလေ့ရှိသောနိုင်ငံတွင် နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခု ထပ်မံဖြစ်ပွားလာမလားဟု စိုးရိမ်ကြောက်ရွံံနေကြသည်။

 

ပစ်ခတ်မှုမဖြစ်ပွားမီ နံနက်ပိုင်းက သမ္မတအူမာရိုစီဆိုကိုအမ်ဘာလိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစိုးရရုံးထဲ တွင် အစည်းအဝေးကျင်းပခဲ့ကြသည်။ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုဖိုင်များတွင် မောင်းပြန်ရိုင်ဖယ်များနှင့် ရော့ ကက်လောင်ချာများကိုင်ဆောင်ထားသူများနှင့် သေနတ်သံများကြောင့်ထွက်ပြေးနေကြသောလူများပုံကို မြင် နေကြရသည်။

 

ကျူးကျော်ဝင်ရောက်လာသူများသည် အစိုးရရုံးများကို ထိန်းချုပ်ထားကြောင်း အစိုးရအသံလွှင့်ဌာနက ကြေ ညာခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် အခြေအနေများပြန်လည်တည်ငြိမ်သွားပြီဖြစ် ကြောင်း သမ္မတ၏ လူမှုကွန်ရက်စာမျက်နှာတွေရေးသားထားသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီမိုကရေစီစနစ်ကိုတိုက်ခိုက်သည့်အဖွဲ့ကို ဟန့်တားနိုင်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား တိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေသမီဒီယာတစ်ခုတွင် သမ္မတက ပြောကြားခဲ့သည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ယောက်မှ သေဆုံးခြင်းမရှိကြောင်းနှင့် အာဏာသိမ်း ရန်ကြိုးပမ်းသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၎င်းကပြောသည်။

 

အင်္ဂါနေ့က စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုကို (Economic Community of West African States – Ecowas) ခေါ် အနောက်အာဖရိကနိုင်ငံများစီးပွားရေးဆိုင်ရာအသိုင်းအဝိုင်းအဖွဲ့ အီကိုဝပ်က ပြစ်တင်ရှုတ်ချလိုက်သည်။ “ဂီနီဘီဆောက်နိုင်ငံမြို့တော် သမ္မတနန်းတော်အနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အခြေအနေတွေ တဖြည်း ဖြည်းပြောင်းလဲသွားမှာကို အီကိုဝပ်အဖွဲ့က စိုးရိမ်ပူပန်မိပါတယ်။ ဒီလိုအာဏာသိမ်းဖို့ ကြိုးပမ်းတာကို အီကိုဝပ် အဖွဲ့က ပြစ်တင်ရှှုတ်ချပါတယ်။ သမ္မတအူမာရိုစီဆိုကိုအမ်ဘာလိုနဲ့ ဝန်ကြီးအဖွဲ့ရဲ့ လုံခြုံရေးအတွက်လည်း စစ် တပ်မှာ တာဝန်ရှိပါတယ်။” ဟု ၎င်းအဖွဲ့က ပြောသည်။

 

အနောက်အာဖရိကတွင် ၁၈ လအတွင်း အာဏာသိမ်းမှုများဖြစ်ပွားခဲ့ရာ ဘာကီနာဖူဆိုတွင် စစ်အာဏာသိမ်းမှု တစ်ခုဖြစ်ပွားပြီး လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ယခုပြောဆိုချက်  က ယင်းထုတ်ပြန်ချက်ကို ရောင်ပြန်ဟပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ဂီနီဘီဆောက်နိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် ပေါ်တူဂီထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းက စစ်အာဏာသိမ်းရန် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်နိုင်ငံဖြစ်သည်။ လူဦးရေ ၁.၅ သန်းသာရှိသော် ယင်းနိုင်ငံငယ်လေးတွင် အာဏာသိမ်းမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းမှု ဆယ့်လေးငါးကြိမ်မျှ ဖြစ်ခဲ့ဖူးသည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်က ဂီနီဘီဆောက်နိုင်ငံတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း နှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိကြောင်းပြောကြားပြီး တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရန်တောင်းဆိုလိုက် ကြောင်းနှင့် နိုင်ငံ၏ ဒီမိုကရေစီအင်စတီကျူးရှင်းများကို အပြည့်အဝလေးစားလိုက်နာရန်လိုအပ်ကြောင်း ပြော ဆိုလိုက်သည်။

 

Ref: Guinea-Bissau under control, president says, after feared coup attempt

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Guinea-Bissau under control, president says, after feared coup attempt

 

#PeopleMedia


Share this post