• Follow Us on

Home အာဏာအတြက္ လူ႔အသက္ကို အေလာင္းအစားမလုပ္ႏိုင္ေၾကာင္း ဦးသိန္းၫြန္႔ေျပာ

အာဏာအတြက္ လူ႔အသက္ကို အေလာင္းအစားမလုပ္ႏိုင္ေၾကာင္း ဦးသိန္းၫြန္႔ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၄

အာဏာအတြက္ လူ့အသက္ကို အေလာင္းအစားမလုပ္ႏိုင္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသိန္းၫြန္႔မွ ေျပာသည္။

လာမည့္ ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ (NNDP) ဥကၠ႒ ဦးသိန္းၫႊန္႔သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ လက္ရွိအေျခအေနသည္ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္COVID-19 ပိုးေတြ႕ရွိ မႈမွာ ၂၄၅ ဦးအထိရွိၿပီျဖစ္သည္။

ထို႔ေၾကာင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ျပည္သူေတြအေနႏွင့္ COVID-19 ကူးစက္ခံရမႈ အႏၲရာယ္ႀကီးမားေနသည့္ အခ်ိန္တြင္ အာဏာအတြက္ လူ႔အသက္ကို အေလာင္းအစားမလုပ္ႏိုင္ေၾကာင္း ေရးသားထားသည္။

အလားတူပင္ ၎အေနႏွင့္ ၁၉၉၀ ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲမွသည္ ၂၀၁၀ ေရြးေကာက္ပြဲ၊ ၂၀၁၅ ေရြးေကာက္ပြဲတို႔ကိုျဖတ္သန္းခဲ့သူျဖစ္ၿပီး ယခုခြင့္ျပဳထားသည့္ မဲဆြယ္စည္း႐ုံးေရးနည္းလမ္းမ်ားကို အေတြ႕အႀကဳံရွိၿပီးသူျဖစ္ၿပီး ယခင္အခ်ိန္တုန္းက ခေမာက္ေဆာင္းရင္း မဲဆႏၵရွင္ျပည္သူမ်ားထံ တစ္အိမ္တက္ တစ္အိမ္ဆင္းလမ္းေလွ်ာက္ရင္း ေရာက္ခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။

ဦးသိန္းၫြန္႔သည္ ပထမအႀကိမ္ ျပည္သူ့လႊတ္ေတာ္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္တစ္ဦးျဖစ္ခဲ့ၿပီး ၂၀၁၀ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ၀င္ေရာက္ယွဥ္ၿပိဳ င္အႏိုင္ရခဲ့ျခင္းလည္းျဖစ္သည္။

#PeopleMedia #ဦးသိန္းၫႊန္႔ #NNDP #2020election

(unicode)
အာဏာအတွက် လူ့အသက်ကို အလောင်းအစားမလုပ်နိုင်ကြောင်း ဦးသိန်းညွန့်ပြော
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၄

အာဏာအတွက် လူ့အသက်ကို အလောင်းအစားမလုပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်မှ ပြောသည်။

လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသိန်းညွှန့်သည် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် လက်ရှိအခြေအနေသည် သင်္ဃန်းကျွန်းမြို့နယ်တွင်COVID-19 ပိုးတွေ့ရှိ မှုမှာ ၂၄၅ ဦးအထိရှိပြီဖြစ်သည်။

ထို့ကြောင့် သင်္ဃန်းကျွန်းမြို့နယ်ပြည်သူတွေအနေနှင့် COVID-19 ကူးစက်ခံရမှု အန္တရာယ်ကြီးမားနေသည့် အချိန်တွင် အာဏာအတွက် လူ့အသက်ကို အလောင်းအစားမလုပ်နိုင်ကြောင်း ရေးသားထားသည်။

အလားတူပင် ၎င်းအနေနှင့် ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှသည် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့ကိုဖြတ်သန်းခဲ့သူဖြစ်ပြီး ယခုခွင့်ပြုထားသည့် မဲဆွယ်စည်းရုံးရေးနည်းလမ်းများကို အတွေ့အကြုံရှိပြီးသူဖြစ်ပြီး ယခင်အချိန်တုန်းက ခမောက်ဆောင်းရင်း မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက် တစ်အိမ်ဆင်းလမ်းလျှောက်ရင်း ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဦးသိန်းညွန့်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဝင်ရောက်ယှဉ်ပြို င်အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

#PeopleMedia #ဦးသိန်းညွှန့် #NNDP #2020election


Share this post