• Follow Us on

Home အာဖဂန်တိုက်လေယာဉ်တစ်စင်းအား ဥဇဘက်လေကြောင်းရန်ကာကွယ်ရေးအဖွဲ့က ပစ်ချ

အာဖဂန်တိုက်လေယာဉ်တစ်စင်းအား ဥဇဘက်လေကြောင်းရန်ကာကွယ်ရေးအဖွဲ့က ပစ်ချ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

ဥဇဘက်ကစ္စတန် နယ်စပ်လေကြောင်းပိုင်နက်ကျူးကျော်ဝင်ရောက်လာသည့်အတွက် အာဖဂန်တိုက်လေယာဉ် တစ်စင်းကို ဥဇဘက်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ကြောင်း ဥဇဘက်ကာကွယ်ရေးဝန်ကြီးဌာန ၏ ကြေညာချက်ကိုကိုးကား၍ RIA သတင်းဌာနက သြဂုတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

အာဖဂန်တိုက်လေယာဉ်သည် နယ်စပ်မျဉ်းကိုဖြတ်၍ ဥဇဘက်လေကြောင်းပိုင်နက်ထဲဝင်လာသဖြင့် ပစ်ချခံရပြီး နောက်ပျက်ကျသွားကြောင်းသိရပြီး လေယာဉ်မှူးမှာလေထီးဖြင့်ခုန်ထွက်ပြီး သေဆုံးခြင်းမရှိကြောင်းသိရသည်။

 

တိုက်လေယာဉ်မှာ ဥဇဘက်ကစ္စတန်၏ တောင်ဘက်စွန်း အာဖဂန်နစ္စတန်နှင့်ထိစပ်နေသော ဆာဇန်ဒါယို ပြည် နယ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

ဥဇဘက်အစိုးရက အာဖဂန်စစ်သား ၈၄ ဦးကို ဖမ်ဆီးထိန်းသိမ်းထားကြောင်း တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ အဆိုပါစစ်သားများမှာ ကျန်းမာရေးအကူအညီတောင်းခံရန်အတွက် ဥဇဘက်ကစ္စတန် နယ်စပ်ဒေသကိုဖြတ် ကျော်လာခြင်းဖြစ်သည်။

 

အလားတူပင် အာဖဂန်စစ်သား စုစုပေါင်း ၁၀၀ ကျော်ကို တင်ဆောင်လာသော အာဖဂန်လေယာဉ် သုံးလေး စင်းသည် တာဂျစ်ကစ္စတန်နိုင်ငံ၊ မြို့တော်ဘို့တ်တာရှိ လေဆိပ်သို့ ဆင်းသက်လာခဲ့ကြောင်း တာဂျစ် နိုင်ငံခြား ရေးဝန်ကြီးဌာနကိုကိုးကားပြီး RIA သတင်းဌာနက တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အာဖဂန်လေယာဉ်များထံမှ အကူအညီတောင်းခံသည့်အချက်ပြသင်္ကေတရရှိခဲ့ပြီးနောက် တာဂျစ်အာဏာပိုင် များက ၎င်းတို့လေကြောင်းပိုင်နက်တွင်း ဝင်ရောက်ခွင့်ပြုခဲ့ပြီး လေဆိပ်သို့ဆင်းသက်ခွင့်ပြုခဲ့ကြောင်း တာဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကိုကိုးကားပြီး RIA သတင်းဌာနကပြောဆိုခဲ့သည်။

 

Ref: Afghan military jet shot down by Uzbek air defences

 

#PeopleMedia #အာဖဂန်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Ref: Afghan military jet shot down by Uzbek air defences

 



Share this post