• Follow Us on

Home အာဖဂန်တွင် တာလီဘန်များအာဏာရလာပြီးနောက် တပ်မတော်အဆင့်မြှင့်တင်ရေး ပါကစ္စတန်အစိုးရ အာရုံစိုက်ဆောင်ရွက်

အာဖဂန်တွင် တာလီဘန်များအာဏာရလာပြီးနောက် တပ်မတော်အဆင့်မြှင့်တင်ရေး ပါကစ္စတန်အစိုးရ အာရုံစိုက်ဆောင်ရွက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ (People Media)

 

စီးပွားရေးမတည်ငြိမ်မှုနှင့်အတူ အကြွေးများတရိပ်ရိပ်ထိုးတက်နေသည့်ကြားမှ ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးစွမ်းရည်မြှင့်တင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်သည်။

 

ပါကစ္စတန်နိုင်ငံသည် အစောပိုင်းကာလက အာဖဂန်နစ္စတန်နိုင်ငံတွင်းလှုပ်ရှားနေသည့် တီဟရစ်အီးတာလီဘန် (TTP) အဖွဲ့ကဲ့သို့အကြမ်းဖက်အုပ်စုများကို တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးအဖြစ် ချေမှုန်းရာတွင် အာရုံစိုက် ဆောင်ရွက်ခဲ့သည်။

 

သို့သော် တာလီဘန်များ အာဖဂန်နစ္စတန်တွင်အာဏာရလာပြီးကတည်းက တာလီဘန်အစိုးရက နိုင်ငံတွင်းရှိ TTP အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်နိုင်ငံအားတိုက်ခိုက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း အာမခံပြောကြားခဲ့သ ဖြင့် ပါကစ္စတန်နိုင်ငံက ၎င်းတို့၏သမရိုးကျစစ်ရေးစွမ်းရည်များကိုမြှင့်တင်ရေးအတွက် ပိုမိုအာရုံစိုက်လုပ်ဆောင် လာရန် အခွင့်အလမ်းရရှိခဲ့သည်။

 

ပါကစ္စတန်နိုင်ငံသည် TTP အကြမ်းဖက်တပ်ဖွဲ့ဝင်များ နိုင်ငံတွင်း ကျူးကျော်ဝင်ရောက်မှုကို တားဆီးနိုင်ရန်အ တွက် အာဖဂန်နစ္စတန်နှင့် ထိစပ်နေသော နယ်စပ်လိုင်းတစ်လျှောက် ဆောင်ရွက်နေသည့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းမှာလည်း ပြီးစီးလုနီးပြီဖြစ်သည်။

 

ပါကစ္စတန်နိုင်ငံသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ပါကစ္စတန်ရူပီးငွေ ၁.၃၇ ထရီလီယံ (ဒေါ်လာ ၇.၈ ဘီလျံ) တိုးမြှင့်သုံးစွဲခဲ့ရာ ၆.၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခြင်းဖြစ်သည်။

 

ပါကစ္စတန်တပ်မတော်၏ အဓိကအာရုံစိုက်ဆောင်ရွက်မည့်လုပ်ငန်းမှာ “ထောက်လှမ်ရေးလုပ်ငန်း၊ စောင့်ကြည့် ထောက်လှမ်းခြင်းလုပ်ငန်း၊ ကင်းထောက်လုပ်ငန်း၊ လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်း၊ ဆိုင်ဘာနှင့် စက်မှု လုပ်ငန်းများအပါအဝင် သမရိုးကျစွမ်းရည်များကို တိုးမြှင့်သွားရန်ဖြစ်ကြောင်း ပါကစ္စတန်ကြည်းတပ် စစ်ဦးစီး ဗိုလ်ချုပ်ကြီး ကွာမာဂျာဘီဘာဂျဝါက ထပ်လောင်းပြောကြားခဲ့သည်။

 

ပါကစ္စတန်နိုင်ငံသည် ၎င်း၏မဟာမိတ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၊ တူရကီနိုင်ငံတို့နှင့်လည်း ခေတ်မီစစ်သုံး ဒရုန်းလေယာဉ်များထုတ်လုပ်ရန် စီစဉ်ထားသည်။

 

ပါကစ္စတန်လေတပ်သည် မြေပြင်ထိန်းချုပ်ရေးကိရိယာများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဒေါ်လာ ၄၄.၄ သန်းတန်ကြေးရှိ တရုတ်ထုတ် Wing Loong-II မောင်းသူမဲ့လေယာဉ်နှစ်စင်းကိုလည်း ရရှိတော့မည်ဖြစ်သည်။

 

ပါကစ္စတန်နိုင်ငံသည် တူရကီနိုင်ငံထုတ် ကာမီကာဇေဒရုန်း (ဒုံးကျည်များတပ်ဆင်ထားသည့်အပျက်စီးခံဒရုန်း) ကိုဝယ်ယူရန်လည်း အလွန်စိတ်အားထက်သန်လျက်ရှိသည်။ အဆိုပါဒရုန်းသည် ၆.၂ မိုင်အထိ ပျံသန်းနိုင်စွမ်းရှိ ပြီး ဒုံးကျည် ၆ စင်းအထိ သယ်ဆောင်နိုင်ကြောင်းသိရသည်။

 

Ref: After Taliban Takeover, Pakistan Focuses on Military Modernization

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: After Taliban Takeover, Pakistan Focuses on Military Modernization

 

#PeopleMedia


Share this post