• Follow Us on

Home အာဖဂန်နစ္စတန်ကဲ့သို့ လွတ်မြောက်အောင်ကြိုးပမ်းရန် ဂျီဟတ်ဝါဒီများအား အယ်လ်ကိုင်ဒါအဖွဲ့ လှုံ့ဆော်

အာဖဂန်နစ္စတန်ကဲ့သို့ လွတ်မြောက်အောင်ကြိုးပမ်းရန် ဂျီဟတ်ဝါဒီများအား အယ်လ်ကိုင်ဒါအဖွဲ့ လှုံ့ဆော်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂ (People Media)

 

အယ်လ်ကိုင်ဒါများသည် အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်များ၏အောင်ပွဲကို ချီးကျူးထောပနာပြုလိုက်ပြီး နောက် ပါလက်စတိုင်း၊ အစ္စလာမစ်မက်ဂရက်ဒေသ (အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရတေးနီးယား၊ မော်ရိုကို နှင့် တူနီးရှားတို့ပါဝင်သော အာဖရိကမြောက်ပိုင်း၏ အနောက်ဘက်ဒေသ)၊ ဆိုမာလီယာ၊ ယီမင်နှင့် ကက်ရှ်မီး ယားဒေသတို့သည်လည်း အာဖဂန်နစ္စတန်ကဲ့သို့ အစ္စလာမ်မစ်ရန်သူများလက်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန် တိုက်တွန်းလှုံ့ဆော်လိုက်သည်။

 

အဆိုပါတိုက်တွန်းလှုံ့ဆော်မှုကို အမေရိကန်တပ်များကဘူးမြို့တော်မှထွက်ခွာသွားပြီးနာရီပိုင်းအတွင်း အယ်လ် ကိုင်ဒါမီဒီယာ ‘As Sahab’ မှ အာရပ်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ယင်းကြေ ညာချက်ထုတ်လွှင့်ခဲ့သည့် အင်္ဂါနေ့မှာ တာလီဘန်နိုင်ငံရေးခေါင်းဆောင် ရှားမိုဟာမက်တစတာနက်ဇိုင်းက ကာ တာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဒေါက်တာဒီးပက်မစ်တယ်လ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့်နေ့ဖြစ်သည်။

 

တာလီဘန်အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံဘက်ကတောင်းဆိုသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ အရေးပါသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တာလီဘန်များနှင့် အိန္ဒိယနိုင်တို့ကြားတွင် ကောင်းမွန်သောစီးပွားရေးဆက်ဆံမှုများရှိကြောင်း ရှားမိုဟာမက်တစတာနက်ဇိုင်းကပြောသည်။

 

“ဒီသမိုင်းဝင်အောင်ပွဲကြီးနဲ့ပတ်သက်လို့ အစ္စလာမ်မစ်စော်ဘွားများနိုင်ငံကခေါင်းဆောင်များ အထူးသဖြင့် ဟိုင် ဘာတူလာအက်ဟန်းဇာဒါကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောလိုပါတယ်။ အာဖဂန်နိုင်ငံရဲ့အောင်ပွဲကခင်းပေး ထားတဲ့ လမ်းကြောင်းအတိုင်းဆက်လျှောက်ရင်း နောက်ထပ်ရုန်းကန်လှုပ်ရှားမှုအဆင့်တစ်ဆင့်အတွက် အဆင် သင့်ပြင်ထားရမည့်အချိန် ရောက်ရှိလာပါပြီ။ အာဖဂန်မှာ တာလီဘန်တွေရရှိထားတဲ့သမိုင်းဝင်အောင်ပွဲဟာ အ နောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်ကနေ မူဆလင်တွေ လွတ်မြောက် အောင်ရုန်းထွက်ဖို့ လမ်းပြပေးလိုက်တာပါပဲ။” ဟု အယ်လ်ကိုင်ဒါများ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အာဖဂန်နစ္စတန်မှတာလီဘန်များ၏အောင်ပွဲမှာ ကမ္ဘာတစ်ဝန်းမှဖိနှိပ်ခံလူတန်းစားများအတွက်အောင်ပွဲများထပ် မံရရှိလာရန် ဦးဆောင်သွားမည့်အောင်ပွဲဖြစ်ကြောင်း၊ အာဖဂန်ပြည်သူများ၏ ဘာသာရေး၊ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အစ္စလာမ်မစ်စော်ဘွားများနိုင်ငံရှိ ဘုရားကောင်းချီးပေးထား သည့် ခေါင်းဆောင်မှုအောက်တွင် စည်းလုံးညီညွတ်ကြရန် အယ်လ်ကိုင်ဒါများကတောင်းဆိုလိုက်သည်။

 

“အာဖဂန်နိုင်ငံအနေနဲ့ အလ္လာရှင်မြတ်ကောင်းချီးပေးထားတဲ့ အစ္စလာမ်မစ်စော်ဘွားများနိုင်ငံရဲ့ ရှရီယာအခြေခံ မူဝါဒများနဲ့ ဆုံးဖြတ်ချက်များကို လိုက်နာကြဖို့ ကျွန်တော်တို့ တောင်းဆိုတိုက်တွန်းပါတယ်။ ကဘူးမြို့ရှိ သမ္မတ နန်းတော်ထဲကနေရွတ်ဖတ်နေတဲ့ ကိုရမ်ကျမ်းမြတ်ဒေသနာကျမ်းစာများ နာကြားခြင်းဖြင့် မိမိတို့နှလုံးသားမှဝေ ဒနာများ သက်သာပျောက်ကင်းစေနိုင်ကြောင်း” အယ်လ်ကိုင်ဒါများ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

Ref: Al Qaeda sees Taliban’s Afghan victory as model for jihadists elsewhere, talks of ‘liberation of Kashmir’

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Al Qaeda sees Taliban’s Afghan victory as model for jihadists elsewhere, talks of ‘liberation of Kashmir’

 

#PeopleMedia


Share this post