• Follow Us on

Home အာဖဂန်နစ္စတန်တွင် ပိတ်မိနေသူများထွက်ခွာခွင့်ရအောင်ဆောင်ရွက်ပေးရန် အမေရိကန်အစိုးရနှင့် တာလီဘန် များထံ အမေရိကန်စစ်မှုထမ်းဟောင်းများ တောင်းဆို

အာဖဂန်နစ္စတန်တွင် ပိတ်မိနေသူများထွက်ခွာခွင့်ရအောင်ဆောင်ရွက်ပေးရန် အမေရိကန်အစိုးရနှင့် တာလီဘန် များထံ အမေရိကန်စစ်မှုထမ်းဟောင်းများ တောင်းဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈ (People Media)

 

အာဖဂန်နစ္စတန်မြောက်ပိုင်း မာဇာရီရှရစ်လေဆိပ်တွင် နိုင်ငံတွင်းမှထွက်ခွာခွင့်မရရှိသော ရက်သတ္တတစ်ပတ် ကျော်ပိတ်မိနေသည့် ဒုက္ခသည်များထွက်ခွာခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးရန် အမေရိကန်အစိုးရနှင့် တာလီ ဘန်အဖွဲ့တို့အား အမေရိကန်စစ်မှုထမ်းဟောင်းများနှင့် အမေရိကန်ပြည်သူအချို့ကတောင်းဆိုလိုက်သည်။

 

အမေရိကန်နိုင်ငံသားလေးငါးဆယ်ခန့်သည် အမေရိကန် green card ကိုင်ဆောင်ထားသူများ၊ ၎င်းတို့၏မိသား စုဝင်များနှင့်အတူ မာဇာရီရှရစ်လေဆိပ်တွင် ကြိုတင်စီစဉ်ထားသော စင်းလုံးငှားလေယာဉ်များနှင့်ထွက်ခွာသွား ကြရန် စောင့်ဆိုင်းနေသော်လည်း လက်ရှိအချိန်အထိ ထွက်ခွာခွင့်မရသေးကြောင်း အဆိုပါအဖွဲ့ကပြောသည်။

 

“ကျွန်မတို့ကတော့ အကျဉ်းထောင်ပုံစံတစ်မျိုးမျိုးထဲကို ရောက်နေရသလိုပါပဲ။” ဟု မာဇာရီရှရစ်လေဆိပ်တွင် စောင့်ဆိုင်းနေသူများထဲမှ အာဖဂန်အမျိုးသမီးတစ်ဦးကပြောသည်။ အမေရိကန်နိုင်ငံသား သက်ကြီးရွယ်အိုများ နှင့် အမေရိကန်နိုင်ငံသား အာဖဂန်-အမေရိကန် မိဘများ လေဆိပ်ထဲတွင်ပိတ်မိနေကြာင်း ၎င်းကပြောသည်။

 

အမျိုးသမီးအုပ်စုများမှာ နိုင်ငံကူးလက်မှတ်များ၊ ပြည်ဝင်ခွင့်ဗီဇာများရှိသော်လည်း တာဘီဘန်များက လေဆိပ် သို့ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ပင်တားဆီးထားကြောင်း အာဖဂန်အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အလုပ်လုပ်နေသာ အမေရိကန်အခြေစိုက် NGO အဖွဲ့ ဖြစ်သည့် Ascend အဖွဲ့မှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။

 

သူမအနေဖြင့် လေဆိပ်သို့ဝင်ခွင့်ရရန်စောင့်ဆိုင်းနေသည်မှာ ရှစ်ရက်ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့်သီတင်းပတ် က တာလီဘန်များက နိုင်ငံမှထွက်ခွာသွားမည့်အမျိုးသားများအား လိုက်လံရှာဖွေနေကြောင်း သတင်းများ ကြား ရပြီးနောက် အမျိုးသမီးများကြားတွင် စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေကြောင်း ၎င်းကပြောသည်။

 

“တာလီဘန်တွေ ကျွန်မတို့ကို အုပ်စုခွဲပစ်ပြီး နိုင်ငံကနေထွက်ခွာခွင့်မပြုတော့မှာ ကြောက်ရွံ့နေမိပါတယ်။ တ ကယ်လို့ ကျွန်မတို့ အာဖဂန်နစ္စတန်ကမထွက်ခွာသွားနိုင်ဘူးဆိုရင် အမှားအယွင်းတစ်ခုခုဖြစ်လာပါလိမ့်မယ်။ ကျွန်မ အဲဒါကိုကြောက်နေတာပါ။” ဟု ၎င်းကပြောသည်။

 

အမေရိကန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်တွင်ပိတ်မိနေသူများ ထွက်ခွာခွင့်ရရှိရေးအတွက် တာလီဘန်များ နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က သြဂုတ်လ ၇ ရက်နေ့ကပြောသည်။ ပြည် ပသို့ထွက်ခွာခွင့်မရဘဲ မာဇာရီရှရစ်လေဆိပ်တွင် ပိတ်မိနေသောသူများထဲမှ အမေရိကန်နိုင်ငံသားများကို ဓား စာခံများအဖြစ် အသုံးချသွားနိုင်သည်ကြောင်း တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန်အမတ် မိုက်ကယ်မက် ကောက ပြောကြားခဲ့သော်လည်း ယင်းပြောကြားချက်ကို ဘလင်ကန်ကပယ်ချလိုက်သည်။

 

“တရားဝင်စာရွက်စာတမ်းအထောက်အထား အပြည့်အစုံကိုင်ဆောင်ထားတဲ့ အမေရိကန်နိုင်ငံသားအားလုံးနဲ့ အာဖဂန်နိုင်ငံသားအားလုံး နိုင်ငံကနေ ထွက်ခွာခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကျွန်တော်တို့ အာ မခံပါတယ်။” ဟု ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဘလင်ကန်က ပြောသည်။

 

မာဇာရီရှရစ်လေဆိပ်အတွင်း ပိတ်မိနေသူများထဲတွင် တရားဝင်စာရွက်စာတမ်းအထောက်အထား အပြည့်အစုံ ပါရှိသူရော မည်သည့်စာရွက်စာတမ်းမှမပါရှိသူပါ ရောထွေးနေသည်ဟု တာလီဘန်များက အမေရိကန်အရာရှိ များကိုပြောကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည်များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောသည်။

 

Ref: Veterans groups, evacuees plead for action: ‘We are in some kind of jail’

 

#PeopleMedia

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Veterans groups, evacuees plead for action: ‘We are in some kind of jail’

 

#PeopleMedia


Share this post