• Follow Us on

Home အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို ၂၅၀၀ အထိ လျှော့ချ

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို ၂၅၀၀ အထိ လျှော့ချ

Share this post

နိာင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့အရေအတွက်ကို ၂၀၀၁ ခုနှစ်နောက်ပိုင်း အနည်းဆုံးအဖြစ် ၂၅၀၀ အထိ လျှော့ချခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုအတွင်း ခေတ္တ ကာကွယ်ရေးဝန်ကြီး ခရစ်မီလာက ကြေညာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀၀ ရှိရာ ယခုအခါ ၂၅၀၀ အထိ လျှော့ချခဲ့ ခြင်းဖြစ်ပြီး အမေရိကန်မြေပေါ်၌ ၂၀၀၁ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားမှုကြောင့် အာဖဂန်နစ္စတန်နိုင် ငံ၌ အမေရိကန်နိုင်ငံက စစ်ဆင်ရေးများ စတင်ခဲ့ချိန်နောက်ပိုင်း တပ်ဖွဲ့ဝင်အနည်းဆုံး ဖြစ်လာခဲ့သည်။

ဂျိုးဘိုင်ဒင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ သမ္မတ ဒေါ်နယ်ထရမ့် ညွှန်ကြားသည့်အတိုင်း အမေ ရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ပြီးစီးအောင်လုပ်ဆောင်မည်ဟု ခရစ်မီလာက အစောပိုင်းတွင် ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်နှင့် အာဖဂန်နစ္စတန်တို့ လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်း ချမ်းရေး သဘောတူညီချက်တစ်ရပ်နှင့်အညီ အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့များ ရုတ်သိမ်း လျက်ရှိသည်။

သို့သော်လည်း အာဖဂန်အစိုးရတပ်ဖွဲ့နှင့် တာလီဘန်အဖွဲ့ကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း နှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ စတင်ခဲ့သော် လည်း သဘောတူညီချက်တစ်ရပ် ရရှိရေးနှင့် အခြားကိစ္စရပ်များကြောင့် ဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့ရသည်။

အမေရိကန်တပ်ဖွဲ့များ လျှော့ချလိုက်ခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံ၌ လုံခြုံရေးအခြေအနေ ဆိုးရွား လာနိုင်သည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Ref; US troop levels in Afghanistan reduced to 2500

(unicode)
………………………………………………









Ref; US troop levels in Afghanistan reduced to 2500


Share this post