• Follow Us on

Home အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ သတ်မှတ်ရက်ထိ ရှိနေနိုင်ဟု သမ္မတ ဂျိုးဘိုင်ဒင် ပြော

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ သတ်မှတ်ရက်ထိ ရှိနေနိုင်ဟု သမ္မတ ဂျိုးဘိုင်ဒင် ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

အမေရိကန်တပ်ဖွဲ့များက အမေရိကန်နိုင်ငံသားများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုလ ၃၁ ရက်အလွန်ထိ ရှိနေနိုင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် ဝန်ခံလိုက်သည်။

 

သြဂုတ်လ ၁၈ ရက်က အေဘီစီရုပ်သံဌာနနှင့် အင်တာဗျူးတစ်ခုအတွင်း သမ္မတ ဂျိုးဘိုင်ဒင်က အာဖ ဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ကာကွယ်ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံသားများ၊ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကို ကူညီခဲ့သူများ ရွှေ့ပြောင်း ရေးမစ်ရှင်ကို သက်တမ်းတိုးနိုင်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်နိုင်ငံသားများ ကျန်ရှိနေပါက သွားရောက်ခေါ်ယူပြီးချိန်ထိ အမေရိ ကန်တပ်ဖွဲ့များ ရှိနေမည်ဟု ၎င်းကဆိုသည်။

 

တာလီဘန်အဖွဲ့က မြန်မြန်ဆန်ဆန် အာဏာရယူနိုင်လိမ့်မည်ဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့က မမျှော်လင့်ခဲ့ကြောင်း သူက ဝန်ခံခဲ့သည်။

 

ယခုနှစ်အကုန်မှသာ အာဏာလွှဲပြောင်းမှု ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ထောက်လှမ်းရေးသတင်းများက ဖော်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

 

Ref; Biden may extend US troop deadline for Afghanistan

 

#PeopleMedia #EPN #international #အမေရိကန်

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 

Ref; Biden may extend US troop deadline for Afghanistan

 



Share this post