• Follow Us on

Home အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အိုင်အက်စ် စစ်သွေးကြွ ၁၀၀ ခန့် လက်နက်ချ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အိုင်အက်စ် စစ်သွေးကြွ ၁၀၀ ခန့် လက်နက်ချ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်စပ်သော စစ်သွေးကြွ ၁၀၀ ခန့်သည် နိုဝင်ဘာ ၂၃ ရက်က လက်နက်ချခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ သည်။

 

“Daesh သို့မဟုတ် အိုင်အက်စ် စစ်သွေးကြွ ၁၀၀ ခန့်ဟာ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာ ပြည်နယ်မြို့တော် ဂျလာလာဘတ်ရှိ နာဂါဟာ ထောက်လှမ်းရေးဆိုင်ရာအထွေထွေညွှန်ကြားမှုဌာန (GDI) တာဝန်ရှိသူတွေထံမှာ လက်နက်ချခဲ့တာဖြစ်ပါတယ်” ဟု နာဂါဟာ GDI ရုံး ညွှန်ကြားရေးမှူး Mohammad Bashir က သတင်း ထောက်များအား ပြောကြားခဲ့သည်။

 

လက်နက်ချခဲ့သော စစ်သွေးကြွများသည် Muhmand Dara၊ Chaparhar၊ Kot နှင့် Khogiani ခရိုင်များ၌ လှုပ်ရှားနေကြသူများဖြစ်ကြောင်း Bashir က ဆိုသည်။

 

စစ်သွေးကြွဟောင်းများ၏ လက်နက်ချခြင်းနှင့်အတူ တောတောင်ထူထပ်သော အဆိုပါပြည်နယ်၌ ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း တာဝန်ရှိသူ ပြောခဲ့သည်။

 

လက်နက်ချလာသော စစ်သွေးကြွများက ၎င်းတို့၏ အိုင်အက်စ်အဖွဲ့ဝင်များကိုလည်း လက်နက်ချကြရန် ပြောကြားခဲ့ကြသည်။

 

မကြာသေးမီလများက နာဂါဟာပြည်နယ်တွင် တိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့သော အိုင်အက်စ်အုပ်စု ကမူ ၎င်းသတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးထားခြင်းမရှိကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post