• Follow Us on

Home အာဖဂန္နစၥတန္မွ သတင္းစာဆရာမ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီးေသဆံုး

အာဖဂန္နစၥတန္မွ သတင္းစာဆရာမ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီးေသဆံုး

Share this post

ကဘူးလ္၊ ဒီဇင္ဘာ ၁၁

အာဖဂန္နစၥတန္ႏိုင္ငံအေ႐ွ႕ပိုင္းတြင္ အမ်ိဳးသမီးသတင္းစာဆရာတေယာက္ ေသနတ္ျဖင့္အေသပစ္ခံခဲ့ရၿပီး ထိုျဖစ္ရပ္သည္ ႏိုင္ငံတ၀န္း လုပ္ၾကံမႈမ်ားေၾကာင့္ေသဆံုးမႈမ်ားတြင္ ေနာက္ဆံုးျဖစ္ရပ္ျဖစ္လာသည္။

မာလာလာ မိုင္၀မ္က ၾကာသပေတးေန႔တြင္ ဂ်ာလာလာဘတ္ၿမိဳ႕သို႔အလုပ္ျဖင့္ခရီးသြားခ်ိန္တြင္ ေသနတ္သ မားမ်ားက သူ႔ကားကိုပစ္ခတ္ခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ မိုဟာမက္ တာဟားလည္း သူႏွင့္အတူေသဆံုးခဲ့သည္။

ပစ္ခတ္ခဲ့ေၾကာင္း မည္သည့္အဖြဲ႕ကမွ တရား၀င္ေျပာဆိုထားျခင္းမ႐ွိေခ်။

ေနတိုးတပ္ဖြဲ႔ႏွင့္ ဥေရာပသမဂၢတို႔က မၾကာေသးမီအခ်ိန္အတြင္း ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားကို ႐ွဳတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း ယခုသတ္ျဖတ္မႈျဖစ္ပြားျခင္းျဖစ္သည္။

အက္နီကတ္စ္တီဗြီႏွင့္ေရဒီယိုတို႔မွသတင္းစာဆရာျဖစ္သည့္ မိုင္၀မ္ကို လုပ္ႀကံသူမ်ားသည္ ထိုေနရာမွထြက္ ေျပးသြားေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး၏ေျပာခြင့္ရသူ အယာတိုလာ ခိုဂီယာနီက ေဒသတြင္းမီဒီယာမ်ားကို ေျပာသည္ အရပ္ဘက္လူ႔အဖြဲ႔အစည္းဆိုင္ရာတက္ႂကြလႈပ္႐ွားသူလည္းျဖစ္သည့္ မိုင္၀မ္က အာဖဂန္တြင္ အမ်ိဳးသမီးသတင္းစာတေယာက္ျဖစ္ျခင္းေၾကာင့္ ရင္ဆိုင္ရသည့္စိန္ေခၚမႈမ်ားအေၾကာင္းလည္း မၾကာ ခင္ကေျပာခဲ့သည္။

တက္ႂကြလႈပ္႐ွားသူျဖစ္သည့္ သူ႔မိခင္သည္လည္း ၿပီးခဲ့သည့္ ၅ ႏွစ္ခန္႔က အမည္မသိေသနတ္သမားမ်ား၏ လုပ္ႀကံမႈေၾကာင့္ ေသဆံုးခဲ့သည္။

Ref : Afghanistan violence: Journalist Malala Maiwand shot dead along with her driver

#PeopleMedia

(unicode)
အာဖဂန်နစ္စတန်မှ သတင်းစာဆရာမ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
…………………………………..

ကဘူးလ်၊ ဒီဇင်ဘာ ၁၁

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် အမျိုးသမီးသတင်းစာဆရာတယောက် သေနတ်ဖြင့်အသေပစ်ခံခဲ့ရပြီး ထိုဖြစ်ရပ်သည် နိုင်ငံတဝန်း လုပ်ကြံမှုများကြောင့်သေဆုံးမှုများတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်လာသည်။

မာလာလာ မိုင်ဝမ်က ကြာသပတေးနေ့တွင် ဂျာလာလာဘတ်မြို့သို့အလုပ်ဖြင့်ခရီးသွားချိန်တွင် သေနတ်သ မားများက သူ့ကားကိုပစ်ခတ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မိုဟာမက် တာဟားလည်း သူနှင့်အတူသေဆုံးခဲ့သည်။

ပစ်ခတ်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမှ တရားဝင်ပြောဆိုထားခြင်းမရှိချေ။

နေတိုးတပ်ဖွဲ့နှင့် ဥရောပသမဂ္ဂတို့က မကြာသေးမီအချိန်အတွင်း ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယခုသတ်ဖြတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

အက်နီကတ်စ်တီဗွီနှင့်ရေဒီယိုတို့မှသတင်းစာဆရာဖြစ်သည့် မိုင်ဝမ်ကို လုပ်ကြံသူများသည် ထိုနေရာမှထွက် ပြေးသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ပြောခွင့်ရသူ အယာတိုလာ ခိုဂီယာနီက ဒေသတွင်းမီဒီယာများကို ပြောသည် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာတက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် မိုင်ဝမ်က အာဖဂန်တွင် အမျိုးသမီးသတင်းစာတယောက်ဖြစ်ခြင်းကြောင့် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများအကြောင်းလည်း မကြာ ခင်ကပြောခဲ့သည်။

တက်ကြွလှုပ်ရှားသူဖြစ်သည့် သူ့မိခင်သည်လည်း ပြီးခဲ့သည့် ၅ နှစ်ခန့်က အမည်မသိသေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည်။

Ref : Afghanistan violence: Journalist Malala Maiwand shot dead along with her driver

#PeopleMedia


Share this post