• Follow Us on

Home အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာရေးအစီအစဉ် ပြောင်းလဲမှုမရှိကြောင်း ဂျိုးဘိုင်ဒန်ပြော

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာရေးအစီအစဉ် ပြောင်းလဲမှုမရှိကြောင်း ဂျိုးဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

တာလီဘန်များက အာဖဂန်နစ္စတန်နယ်မြေအများအပြားကို သိမ်းပိုက်ထားသော်လည်း အာဖဂန်နစ္စတန်မှ အ မေရိကန်တပ်များဆုတ်ခွာရေးအစီအစဉ် ပြောင်းလဲမှုမရှိကြောင်းနှင့် အာဖဂန်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ နိုင်ငံအတွက် ၎င်းတို့ကိုယ်တိုင်စုစည်းတိုက်ခိုက်ရန်လိုအပ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောသည်။

အမေရိကန်၏ အရှည်လျားဆုံးစစ်ပွဲကိုအဆုံးသတ်ရန် အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်များအားလုံး စက်တင် ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာကြရန် ဧပြီလအတွင်းက သမ္မတဂျိုးဘိုင်ဒန်ကအမိန့်ပေးခဲ့သည်။ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များနှင့် ယာဉ်၊ လက်နက်/ ခဲယမ်းအပါအဝင်စစ်လက်နက်ပစ္စည်းများ ရွှေ့ ပြောင်းသယ်ဆောင်မှုမှာ ပြီးစီးသလောက်ဖြစ်နေပြီဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့ အပြီးရွှေ့ပြောင်းရန် ရက် သတ်မှတ်ထားသည်။

 

“အနှစ်နှစ်ဆယ်အတွင်းမှာ ကျွန်တော်တို့ ဒေါ်လာတစ်ထရီလီယံကျော် သုံးစွဲခဲ့ပြီးပါပြီ။ အာဖဂန်စစ်သား ၃၀၀,၀၀၀ ကျော်ကိုလည်း လေ့ကျင့်သင်ကြားပေးပြီး လက်နက်တပ်ဆင်ပေးခဲ့ပြီးပါပြီ။ အာဖဂန်ခေါင်းဆောင် တွေ စုစည်းညီညွတ်ရတော့မှာပါ။ ကျွန်တော်တို့ အများအပြားဆုံးရှုံးခဲ့ပြီးပါပြီ။ အမေရိကန်စစ်သည်ပေါင်းများစွာ ကျဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။ အာဖဂန်တွေအနေနဲ့ သူတို့တိုင်းပြည်အတွက် သူတို့ကိုယ်တိုင်တိုက်ပွဲဝင်ရတော့ မှာပါ” ဟု ဂျိုးဘိုင်ဒန်ကပြောသည်။

 

အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှဆုတ်ခွာနေပြီဖြစ်သဖြင့် အာဖဂန်နစ္စတန်စစ်တပ်မှာ အင်အားများပြား သော်လည်း တာလီဘန်များ စစ်မြေပြင်တွင် အောင်ပွဲများ ရရှိနေကြောင်းသိရသည်။ စနေ၊ တနင်္ဂနွေနှစ်ရက် အတွင်း အာဖဂန်မြို့ကြီးငါးမြို့ကို တာလီဘန်များကသိမ်းပိုက်ခဲ့သည်။

ဘိုင်ဒန်အစိုးရအနေဖြင့် လေကြောင်းပစ်ကူများဆက်လက်ထောက်ပံ့ရန် အစီအစဉ်ရှိသော်လည်း အမေရိကန် တပ်မတော်က ဆောင်ရွက်နိုင်သည်မှာ ယင်းထက်ပို၍ များများစားစားမရှိတော့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကပြောသည်။

“ဖြစ်နိုင်တဲ့နေရာနဲ့ ဖြစ်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့ဆီကလေကြောင်းပစ်ကူပေးသွားမှာ။ ဒါပေမဲ့ မြေပြင်မှာ တော့ ခေါင်းဆောင်မှုအပိုင်းမှာ အစားထိုးဝင်ရောက်မှာ မဟုတ်ပါဘူး။ ကဘူးက နိုင်ငံရေးခေါင်းဆောင်မှု အ တွက်အစားထိုးဖို့ အစီအစဉ်မရှိပါဘူး။ အာဖဂန်တွေမှာရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ စွမ်းရည်တွေအတွက် အစားထိုးဖို့ မရှိပါဘူး” ဟု ဂျွန်ကာဘိုင်ကပြောသည်။
Ref: Joe Biden rules out changes in US troop withdrawal plan from Afghanistan

 

#PeopleMedia #International

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: Joe Biden rules out changes in US troop withdrawal plan from Afghanistan

 

#PeopleMedia #International


Share this post