• Follow Us on
Latest News

Home အာဖဂန်နစ္စတန်မှ အမေရိကန်ဆုတ်ခွာမှု အနှစ်နှစ်ဆယ်စစ်ပွဲကို အဆုံးသတ်

အာဖဂန်နစ္စတန်မှ အမေရိကန်ဆုတ်ခွာမှု အနှစ်နှစ်ဆယ်စစ်ပွဲကို အဆုံးသတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁ (People Media)

 

အရပ်သားဦးရေ ၁၂၀,၀၀၀ ကျော် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးပြီးနောက် နောက်ဆုံးကျန်ရှိသည့်အ မေရိကန်တပ်ဖွဲ့ဝင်များအား ပြန်လည်ဆုတ်ခွာစေခြင်းဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် အနှစ်နှစ်ဆယ်ကြာဖြစ်ပွား နေသည့်စစ်ပွဲအား အမေရိကန်အစိုးရက သြဂုတ်လ ၃၀ ရက်နေ့တွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။

 

“အခုအချိန်မှာ အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကြာစစ်ပွဲ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအဆုံးသတ်မှုမှာ အသုံးပြုခဲ့တဲ့လေကြောင်းသယ်ယူပို့ဆောင်မှုကလည်း အမေရိကန်သမိုင်းမှာအ ကြီးမားဆုံးလေကြောင်းသယ်ယူပို့ဆောင်မှုဖြစ်ပါတယ်။” ဟု သမ္မတဂျိုးဘိုင်ဒန်ကပြောသည်။ သြဂုတ်လ ၃၁ ရက်နေ့ထက်မကျော်လွန်ဘဲ နောက်ဆုံးထားဆုတ်ခွာရန်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အင်္ဂါနေ့တွင် တိုင်းပြည်ကို မိန့်ခွန်းပြောမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

အမေရိကန်တပ်ဖွဲ့ဝင်တစ်ယောက်မကျန် အာဖဂန်နစ္စတန်ပြင်ပသို့ပို့ဆောင်ပေးပြီးပြီဖြစ်ကြောင်း၊ စစ်ဘက်ဆိုင် ရာနောက်ဆုံးလေယာဉ်သည် အမေရိကန်သံအမတ်ကြီးနှင့်အတူ ကဘူးမြို့မှထွက်ခွာသွားပြီဖြစ်ကြောင်း၊ အမေ ရိကန်နှင့် မဟာမိတ်များသည် ၁၈ ရက်အတွင်း အရပ်သား ၁၂၃,၀၀၀ ကို ဘေးကင်းလုံခြုံရာသို့သယ်ယူပို့ ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အမေရိကန်တပ်မတော်အနေဖြင့် အာဖဂန်နစ္စတန်မှထွက်ခွာရန်ကြိုးစား နေသည့် အမေရိကန်နိုင်ငံသားအားလုံးနှင့် အာဖဂန်လူမျိုးအားလုံးကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ ခြင်းမရှိကြောင်း အာဖဂန်ရှိတပ်များ၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကန်နိသ်မက်ကန်ဇီးကပြောသည်။

 

“ဒီဆုတ်ခွာမှုနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲစရာ အများအပြားရှိပါတယ်။ ကျွန်တော်တို့ ကယ်တင်ချင် တဲ့လူတစ်ယောက်ချင်းစီတိုင်းကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။ တာလီဘန်တွေ တိုင်းပြည်ကိုပြန်လည်အုပ်စိုးပြီး အိုင်အက်စ်တွေဆီက ခြိမ်းခြောက်မှုတွေကို မြင်နေကြားနေရတာ အလွန်ကိုစိတ်ရှုပ်ထွေးညစ်ညူးစရာကောင်းပါ တယ်။ အာဖဂန်နစ္စတနမှာ အခု အိုင်အက်စ်အကြမ်းဖက်သမားတွေ အနည်းဆုံး ၂၀၀၀ လောက်ရှိမှာပါ။ ဒီ့ထက် လည်းပိုနိုင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်တပ်များပြန်လည်ဆုတ်ခွာသွားသည့်အတွက် တာလီဘန်များ ပျော်ရွှင်နေကြပြီး အစ္စလာမ်မစ်အုပ်စု ၏ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟာလာမူဂျာဟစ်က တွစ်တာပေါ်တွင် “အလာရှင်မြတ်ကျေးဇူးကြောင့် ကျွန်တော်တို့နိုင် ငံ လွတ်လပ်ရေး အပြည့်အဝရပါပြီ။” ရေးသားဖော်ပြခဲ့သည်။

 

အမေရိကန်တပ်များပြန်လည်ဆုတ်ခွာမည့်နောက်ဆုံးသတ်မှတ်ရက်နှင့်ပတ်သက်၍ သမ္မတဘိုင်ဒန်မှာ ဥရောပ နိုင်ငံများ၏ဝေဖန်မှုကို ခံနေရသည်။ စစ်ပွဲကိုအဆုံးသတ်ရန် စစ်ဘက်ဆိုင်ရာအကြံပေးများကပေးသည့် လက်ရှိ ဆုံးဖြတ်ချက်မှာ အများသဘောတူထားသည့်ထောက်ခံချက်ဖြစ်ကြောင်း ဘိုင်ဒန်ကပြောသည်။

 

အာဖဂန်နစ္စတန်နိုင်ငံမှထွက်ခွာရန် အမေရိကန်နိုင်ငံသား ၁၀၀ နှင့် ၂၀၀ ကြား ကျန်ရှိနေသေးကြောင်း၊ ယင်း အုပ်စုထဲတွင် နှစ်ပေါင်းများစွာကြာအောင်  နိုင်ငံသားနှစ်ခုခံယူထားသူများလည်းရှိနေသည့်အတွက် အရေအ တွက်အတိအကျပြောရန် ခက်ခဲကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောသည်။

 

Ref: US withdraws from Afghanistan bringing an end to 20-year war

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

Ref: US withdraws from Afghanistan bringing an end to 20-year war

 

#PeopleMedia


Share this post