• Follow Us on

Home အာဖဂန်နစ္စတန်မှ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးအစီအစဉ်ပြီးဆုံးပြီးနောက် RAF ၏ C-130 လေယာဉ်များ အနားပေးရေးအစီအစဉ် ပြန်လည်စစ်ဆေးမည်မဟုတ်

အာဖဂန်နစ္စတန်မှ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးအစီအစဉ်ပြီးဆုံးပြီးနောက် RAF ၏ C-130 လေယာဉ်များ အနားပေးရေးအစီအစဉ် ပြန်လည်စစ်ဆေးမည်မဟုတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁ (People Media)

 

အာဖဂန်နစ္စတန်မှ ဘေးကင်းလုံခြုံရာသို့ပြောင်းရွှေ့ရေးအစီအစဉ်သည် ခက်ခဲကြမ်းတမ်းသည့်လေကြောင်းခရီး စဉ်များဖြစ်သော်လည်း ဗြိတိန်တော်ဝင်လေတပ် RAF ၏ C-130 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေ ယာဉ်များကို ၂၀၃၀ ပြည့်နှစ်တွင် အနားပေးမည့်အစီအစဉ်မှာ အပြောင်းအလဲမရှိကြောင်း ဗြိတိန်လေတပ်မှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

 

“ဒီအစီအစဉ်ကတော့ A400 စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ ကျွန်တော်တို့ဆောင်ရွက်ခဲ့ သမျှ သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေထဲမှာ ပထမဦးဆုံးနဲ့ အကြီးမားဆုံး အစီအစဉ်ပါပဲ။ ဒါဟာ တကယ့်ကို အရည်အချင်းပြည့်ဝပြီး အတိုင်းအတာပမာဏကြီးမားတဲ့ လေယာဉ်ဆိုတာကို သရုပ်ပြခဲ့တာပါပဲ။ A400 လေ ယာဉ်ဟာ C-130 လေယာဉ်ထက် ပိုပြီးမြင့်မားတဲ့အမြင့်ပေကနေ ပိုပြီးမြန်ဆန်တဲ့အရှိန်နဲ့ အလေးချိန်အများအ ပြားတင်ဆောင်ပြီး ပျံသန်းခဲ့တာပါ။” ဟု RAF လေတပ်အကြီးအကဲဗိုလ်ချုပ်ကြီးမိုက်ဝင်စတန်ကပြောသည်။

 

ဗြိတိန်တော်ဝင်လေတပ် RAF သည် သြဂုတ်လ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကဘူးလေဆိပ်မှ ခရီးသည် ၁၅,၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

 

ဗြိတိန်တော်ဝင်လေတပ်သည် အာဖဂန်လူမျိုး ၈၅၀၀ ခန့်ကို ဘေးကင်းရာသို့ သယ်ယူရွှေ့ပြောင်းပေးခဲ့ရာ ၎င်း တို့အနက် ၄,၅၀၀ ခန့်မှာ ဗြိတိန်နိုင်ငံကူးလက်မှတ် သို့မဟုတ် ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားကြသူများဖြစ် ကြောင်း၊ ၁,၅၀၀ မှာ အခြားနိုင်ငံသားများဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမိုက်ဝင်စတန်ကပြောသည်။ လူဦးရေ ၅၀၀ နှင့် ၁,၀၀၀ ကြားမှာ ဗြိတိန်တော်ဝင်လေတပ်၏ နောက်ဆုံးအသုတ်လေယာဉ်ခရီးစဉ်ကို ကဘူးလေဆိပ်တွင် စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။

 

“နောက်ထပ်လူသစ်တွေကို တင်ဆောင်တာတွေ မလုပ်တော့ပါဘူး။ လာမယ့်နာရီအနည်းငယ်အတွင်းမှာ ကျန်ရှိ နေတဲ့ လူဦး ရေ ၅၀၀ နဲ့ ၁၀၀၀ ကြားကို လေယာဉ်နဲ့တင်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင် တော့ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးအစီအစဉ် အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော် တို့လူတွေ ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ရေးကို အဓိကအာရုံစိုက်ဆောင်ရွက်သွားမှာပါ။” ဟု ဝင်စတန်က ပြောသည်။

 

ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးဆောင်ရွက်နေစဉ်အတွင်း ဗြိတိန်တော်ဝင်လေတပ်အနေဖြင့် လေယာဉ်အစင်း ရေ ၁၅ စင်း အသုံးပြုခဲ့ကြောင်း၊ လေယာဉ်တစ်ဝက်မှာ ကဘူးမြို့မှ ခရီးသည်များကိုတင်ဆောင်၍ အခြားမြို့များ သို့ ပျံသန်းပို့ဆောင်ခဲ့ကြောင်း၊ ကျန်လေယာဉ်များမှာ အဆိုပါအခြားမြို့များမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းခြင်းဖြစ် ကြောင်း ဝင်စတန်က ပြောသည်။ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဟာမဟ်ကာဇိုင်းနိုင်ငံတကာလေဆိပ်ရှိ လေ ကြောင်းပိုင်နက်အတွင်း၊ အပြင်တွင် ဗြိတိန်တော်ဝင်လေတပ်မှ C-17 လေယာဉ်များ၊ A400 လေယာဉ်များနှင့် C-130 လေယာဉ်များ ပံျသန်းခဲ့ကြကြောင်းသိရသည်။

 

ဗြိတိန်တော်ဝင်လေတပ်တွင် ကျန်ရှိနေသော C-130J ၁၄ စင်းကို ၂၀၂၃ ခုနှစ်မတိုင်မီ အနားပေးတော့မည်ဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လအတွင်းက ကြေညာခဲ့သည်။ “C17 လေယာဉ်တွေနဲ့ အတူ A400M စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တွေဟာ ပိုမိုစွမ်းရည်ရှိပြီး ပိုပြီးတော့ ပြောင်းလွယ်ပြင် လွယ်ဖြစ်တဲ့ လေယာဉ်အုပ်တွေအဖြစ် ဗြိတိန်တော်ဝင်လေတပ်ကိုထောက်ပံ့သွားမှာပါ။” ဟု ထိုစဉ်ကကာကွယ် ရေးဝန်ကြီး ဘန်းဝေါလေ့စ်ကပြောသည်။

 

C-130 လေယာဉ်များသည် လေကြောင်းသယ်ယူပို့ဆောင်ရေးစွမ်းရည်အချို့ကို ထပ်မံပေးစွမ်းနိုင်သော်လည်း ဗြိတိန်တော်ဝင်လေတပ်အနေဖြင့် C-130 လေယာဉ်များအနားပေးမည့်အစီအစဉ်ကို ပြန်လည်ဆန်းစစ်ရန်မလို အပ်တော့ကြောင်း ဗိုလ်ချုပ်ကြီးမိုက်ဝင်စတန်ကပြောသည်။ ယနေ့အချိန်အထိ အဲဘတ်ကုမ္ပဏီက ဗြိတိန်တော် ဝင်လေတပ်သို့ A400M စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ် အစင်း ၂၀ ပို့ထားကြောင်းသိရသည်။

 

Ref: After Afghanistan evacuation mission, UK air force still not reexamining plans to retire C-130

 

#PeopleMedia

 

(unicode)


……………………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: After Afghanistan evacuation mission, UK air force still not reexamining plans to retire C-130

 

#PeopleMedia


Share this post