• Follow Us on

Home အာဖဂန္နစၥတန္ၿမိဳ႕ေတာ္မွာ ဆစ္ဘုရားေက်ာင္းကို စစ္ေသြးႂကြေတြ၀င္စီးနင္း

အာဖဂန္နစၥတန္ၿမိဳ႕ေတာ္မွာ ဆစ္ဘုရားေက်ာင္းကို စစ္ေသြးႂကြေတြ၀င္စီးနင္း

Share this post

မတ္ ၂၅၊ ကဘူးလ္

အာဖဂန္နစၥတန္ႏိုင္ငံၿမိဳ႕ေတာ္ကဘူးလ္ၿမိဳ႕လယ္ေခါင္က လူနည္းစုဆစ္ဘာသာ၀င္ေတြရဲ႕ဘုရားေက်ာင္းကို ၀င္စီးနင္းထားတဲ့စစ္ေသြးႂကြေတြနဲ႔ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြတိုက္ပြဲျပင္းထန္ေနပါတယ္။

အေသခံဗံုးခြဲသူေတြနဲ႔ေသနတ္သမားေတြက ေ႐ွာ္ဘဇာမွာ႐ွိတဲ့ဘုရားေက်ာင္းကို အာဖဂန္စံေတာ္ခ်ိန္ဒီေန႔မနက္ပိုင္းမွာ ၀င္တိုက္ခိုက္ခဲ့တာပါ။

အထိအခိုက္ဘယ္ေလာက္႐ွိတယ္ဆိုတာမသိရေသးေပမဲ့ ၀တ္လာျပဳသူတခ်ိဳ႕ကိုေတာ့ ကယ္တင္ႏိုင္ပါၿပီ။

ၿပီးခဲ့တဲ့ ၂ ႏွစ္ေလာက္က အာဖဂန္နစၥတန္မွာ ဆစ္ဘာသာ၀င္ေတြစုေ၀းေနတာကို အိုင္အက္စ္လို႔သူတို႔ကိုယ္သူတို႔သံုးႏႈန္းတဲ့အစၥလာမ္မစ္ႏိုင္ငံေတာ္အၾကမ္းဖက္အဖြဲ႔က၀င္တိုက္ခိုက္ခဲ့လို႔ လူ ၁၇ ေယာက္ေသဆံုးခဲ့ပါတယ္။
အာဖဂန္ရဲ႕အဓိကစစ္ေသြးႂကြအဖြဲ႔ျဖစ္တဲ့တာလီဘန္ေတြကေတာ့ ဒီေန႔ျဖစ္ရပ္မွာမပါ၀င္ဘူးလို႔ ျငင္းဆိုထားပါတယ္။
လူေတြ ဘုရားေက်ာင္းထဲမွာပုန္းေအာင္းေနၿပီး ဖုန္းေတြပိတ္ထားၾကတယ္လို႔ အာဖဂန္လႊတ္ေတာ္က ဆစ္ဘာသာ၀င္အမတ္ အနာကာလီ ေကာဟိုနာယာကေျပာပါတယ္။

Ref: Afghanistan conflict: Militants storm Sikh temple in Kabul

#PeopleMedia #Afghanistan #Sikh #Temple

(unicode)
အာဖဂန်နစ္စတန်မြို့တော်မှာ ဆစ်ဘုရားကျောင်းကို စစ်သွေးကြွတွေဝင်စီးနင်း
……………………………………………………..

မတ် ၂၅၊ ကဘူးလ်

အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးလ်မြို့လယ်ခေါင်က လူနည်းစုဆစ်ဘာသာဝင်တွေရဲ့ဘုရားကျောင်းကို ဝင်စီးနင်းထားတဲ့စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ပွဲပြင်းထန်နေပါတယ်။

အသေခံဗုံးခွဲသူတွေနဲ့သေနတ်သမားတွေက ရှော်ဘဇာမှာရှိတဲ့ဘုရားကျောင်းကို အာဖဂန်စံတော်ချိန်ဒီနေ့မနက်ပိုင်းမှာ ဝင်တိုက်ခိုက်ခဲ့တာပါ။

အထိအခိုက်ဘယ်လောက်ရှိတယ်ဆိုတာမသိရသေးပေမဲ့ ဝတ်လာပြုသူတချို့ကိုတော့ ကယ်တင်နိုင်ပါပြီ။

ပြီးခဲ့တဲ့ ၂ နှစ်လောက်က အာဖဂန်နစ္စတန်မှာ ဆစ်ဘာသာဝင်တွေစုဝေးနေတာကို အိုင်အက်စ်လို့သူတို့ကိုယ်သူတို့သုံးနှုန်းတဲ့အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ကဝင်တိုက်ခိုက်ခဲ့လို့ လူ ၁၇ ယောက်သေဆုံးခဲ့ပါတယ်။
အာဖဂန်ရဲ့အဓိကစစ်သွေးကြွအဖွဲ့ဖြစ်တဲ့တာလီဘန်တွေကတော့ ဒီနေ့ဖြစ်ရပ်မှာမပါဝင်ဘူးလို့ ငြင်းဆိုထားပါတယ်။
လူတွေ ဘုရားကျောင်းထဲမှာပုန်းအောင်းနေပြီး ဖုန်းတွေပိတ်ထားကြတယ်လို့ အာဖဂန်လွှတ်တော်က ဆစ်ဘာသာဝင်အမတ် အနာကာလီ ကောဟိုနာယာကပြောပါတယ်။

Ref: Afghanistan conflict: Militants storm Sikh temple in Kabul

#PeopleMedia #Afghanistan #Sikh #Temple


Share this post