• Follow Us on

Home အာဖဂန္နစၥတန္ႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို ၈၆၀၀ အထိ ေလွ်ာ့ ခ်လိုက္ၿပီ

အာဖဂန္နစၥတန္ႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားကို ၈၆၀၀ အထိ ေလွ်ာ့ ခ်လိုက္ၿပီ

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၁၃

တာလီဘန္အဖြဲ႕ႏွင့္ လက္မွတ္ေရးထိုးထားေသာ သေဘာတူညီခ်က္အရ အာဖဂန္နစၥတန္ႏိုင္ငံရွိ တပ္ဖြဲ႕ ဝင္အေရအတြက္ကို ၈၆၀၀ အထိ ေလ်ာ့ခ်ခဲ့ေၾကာင္း အေမရိကန္တပ္ဖြဲ႕က ေျပာၾကားသည္။

အေမရိကန္ႏိုင္ငံႏွင့္ တာလီဘန္အဖြဲ႕သည္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ ရရွိခဲ့သည္။

၂၀၀၁ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ၌ စက္တင္ဘာလ ၁၁ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ အေမရိကန္ႏိုင္ငံက အာဖဂန္နစၥတန္ႏိုင္ငံ၌ စစ္ဘက္စစ္ဆင္ေရးမ်ား ေဆာင္ရြက္ခဲ့ခ်ိန္ေနာက္ပိုင္း ပထမ ဆုံးေသာ သေဘာတူညီခ်က္ ျဖစ္လာခဲ့သည္။

သေဘာတူညီခ်က္အရ အေမရိကန္ႏိုင္ငံက ဇူလိုင္လ ၁၃ ရက္ထက္ ေနာက္မက်ဘဲ အာဖဂန္နစၥတန္ႏိုင္ငံရွိ တပ္ဖြဲ႕ဝင္အေရအတြက္ ၁၃၀၀၀ မွ ၈၆၀၀ အထိ ေလွ်ာ့ခ်ရမည္ျဖစ္သည္။

တပ္ဖြဲ႕ဝင္မ်ား ေလွ်ာ့ခ်မႈမွာ ၿပီးစီးၿပီဟု အာဖဂန္နစၥတန္ႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ား၏ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အရ က်န္ရွိေသာ အေမရိကန္တပ္ဖြဲ႕မ်ားကို ၁၄ လအ တြင္း ႐ုတ္သိမ္းရမည္ျဖစ္သည္။

စစ္ေဘးသင့္ အာဖဂန္နစၥတန္ႏိုင္ငံ၌ စစ္မွန္ေသာၿငိမ္းခ်မ္းေရး ရရွိႏိုင္လ်င္ပင္ တာလီဘန္အဖြဲ႕က အာဖဂန္ အစိုးရ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေပၚ တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနသည္။

အာဖဂန္နစၥတန္ႏိုင္ငံေျမာက္ပိုင္း ဘာဂလန္ျပည္နယ္တြင္ ဇြန္လေႏွာင္းပိုင္းက တစ္ပတ္နီးပါးၾကာ တိုက္ ပြဲႀကီးမ်ား ဆက္လက္ျဖစ္ပြားခဲ့ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အျခားသူ ၂၉၀ ေက်ာ္ ေသဆုံးခဲ့သည္။

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; US troops in Afghanistan reduced to 8,600

#PeopleMedia

(unicode)
အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ၈၆၀၀ အထိ လျှော့ ချလိုက်ပြီ
………………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၁၃

တာလီဘန်အဖွဲ့နှင့် လက်မှတ်ရေးထိုးထားသော သဘောတူညီချက်အရ အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့ ဝင်အရေအတွက်ကို ၈၆၀၀ အထိ လျော့ချခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ပြောကြားသည်။

အမေရိကန်နိုင်ငံနှင့် တာလီဘန်အဖွဲ့သည် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စက်တင်ဘာလ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ဘက်စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ချိန်နောက်ပိုင်း ပထမ ဆုံးသော သဘောတူညီချက် ဖြစ်လာခဲ့သည်။

သဘောတူညီချက်အရ အမေရိကန်နိုင်ငံက ဇူလိုင်လ ၁၃ ရက်ထက် နောက်မကျဘဲ အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့ဝင်အရေအတွက် ၁၃၀၀၀ မှ ၈၆၀၀ အထိ လျှော့ချရမည်ဖြစ်သည်။

တပ်ဖွဲ့ဝင်များ လျှော့ချမှုမှာ ပြီးစီးပြီဟု အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ကျန်ရှိသော အမေရိကန်တပ်ဖွဲ့များကို ၁၄ လအ တွင်း ရုတ်သိမ်းရမည်ဖြစ်သည်။

စစ်ဘေးသင့် အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်လျင်ပင် တာလီဘန်အဖွဲ့က အာဖဂန် အစိုးရ လုံခြုံရေးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်။

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဂလန်ပြည်နယ်တွင် ဇွန်လနှောင်းပိုင်းက တစ်ပတ်နီးပါးကြာ တိုက် ပွဲကြီးများ ဆက်လက်ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားသူ ၂၉၀ ကျော် သေဆုံးခဲ့သည်။

ကိုးကား – အင်န်အိတ်ခ်ျကေ

Ref; US troops in Afghanistan reduced to 8,600

#PeopleMedia


Share this post