• Follow Us on

Home အာဖဂန်နယ်စပ်အနီး တာဂျစ်ကစ္စတန်အတွက် စစ်စခန်းတစ်ခု တရုတ်နိုင်ငံက တည်ဆောက်ပေးမည်

အာဖဂန်နယ်စပ်အနီး တာဂျစ်ကစ္စတန်အတွက် စစ်စခန်းတစ်ခု တရုတ်နိုင်ငံက တည်ဆောက်ပေးမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ (People Media)

 

အစွန်းရောက်အဖွဲ့အစည်းများကို လျှို့ဝှက်ထားသည့် တာလီဘန်များ၏စွမ်းရည်နှင့်ပတ်သက်၍ တရုတ်နှင့် အာ ဖဂန်နစ္စတန်နှစ်နိုင်ငံကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေစဉ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သောတာဂျစ်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံက စစ်စခန်းတစ်ခုတည်ဆောက်ပေးမည်ဖြစ်ကြောင်း တာဂျစ် အရာရှိတစ်ဦးက အောက်တိုဘာလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။

 

အဆိုပါစစ်စခန်းသည် ဆင်းရဲသည့်နိုင်ငံဖြစ်သော တာဂျစ်ကစ္စတန်နှင့် တရုတ်နိုင်ငံတို့ကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်လိုက်ခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဆိုဗီယက်နိုင်ငံဟောင်း အရှေ့ တောင်ဘက်ရှိ အခြားစစ်အခြေစိုက်စခန်းတစ်ခုကိုပါ ထိန်းသိမ်းထားလျက်ရှိသည်။

 

တာဂျစ်ကစ္စတန်နိုင်ငံရှိ တောင်ထူထပ်သောဂိုနိုဘာဒက်ရှန်းပြည်နယ်၊ အိရှ်ကရှင်းခရိုင်တွင် စစ်စခန်းတည် ဆောက်ရန် တာဂျစ်ကစ္စတန်အောက်လွှတ်တော်က ခွင့်ပြုလိုက်ကြောင်း လွှတ်တော်ပြောခွင့်ရပုဂ္ဂိုလ်တစ် ဦးက AFP သတင်းဌာနသို့ပြောသည်။

 

“ဆောက်လုပ်ရေးလုပ်ငန်းအားလုံးအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ပြီးစီးပြီ ဆိုရင်တော့ အဲဒီစခန်းကို တာဂျစ်အထူးတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။” ဟု အမည်မဖော်လို သည့် ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကိုပြောသည်။ အဆိုပါစခန်းဆောက်လုပ်ရေးအတွက် တရုတ်နိုင်ငံ က ဒေါ် လာ ၈.၅ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

စစ်စခန်းတည်ဆောက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝန်ဝန်ဘင်းကို သ တင်းထောက်များကမေးသောအခါ “ခင်ဗျားတို့ပြောတာကို ကျွန်တော်မသိဘူးဗျ။” ဟု ပြန်လည်ဖြေကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်များသိမ်းပိုက်ပြီးနောက် တရုတ်အစိုးရသည် တာလီဘန်များနှင့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ရန် နည်းလမ်းများရှာဖွေခဲ့သော်လည်း တရုတ်နိုင်ငံရှင်ဂျန်း နယ်စပ်ဒေသ ကို စိမ့်ဝင်ထိုးဖောက်နေသည့် တရုတ်နိုင်ငံမှ ခွဲထွက်ရေးဝါဒီလူ နည်းစုအူဂါမူဆလင်များကို နှိမ်နှင်းရန် တာဘီ ဘန်များကိုတောင်းဆိုခဲ့သည်။

 

အခြားသောဗဟိုအာရှနိုင်ငံများက အာဖဂန်နစ္စတန်မှ တာလီဘန်အစိုးရအသစ်နှင့် ဆက်ဆံရေးထူထောင်ခဲ့ကြ သော်လည် တာဂျစ်ကစ္စတန်အစိုးရကမူ အာဖဂန်မှသဘောထားတင်းမာသူများကို ဝေဖန်ခဲ့ပြီး တာလီဘန်များ နှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုခြင်းကို ရှောင်ရှားခဲ့သည်။

 

Ref: China to Build Base for Tajikistan Near Afghan Border: Official

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: China to Build Base for Tajikistan Near Afghan Border: Official

 

#PeopleMedia


Share this post