• Follow Us on

Home အာဖဂန်နယ်စပ်အနီး ရုရှားနှင့် ဥဇဘတ်ကစ္စတန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်

အာဖဂန်နယ်စပ်အနီး ရုရှားနှင့် ဥဇဘတ်ကစ္စတန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄ (People Media)

 

ရုရှားနှင့် ဥဇဘတ်ကစ္စတန်နိုင်ငံမှ တပ်ဖွဲ့များက သြဂုတ်လ ၂ ရက်တွင် အာဖဂန်နယ်စပ်အနီး ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ စတင်ခဲ့ကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ဆိုးရွားလာသော လုံခြုံရေးအခြေအနေက ဗဟိုအာရှဒေသအထိ ရိုက်ခတ်လာမည်ကို နှစ်နိုင်ငံစလုံးက စိုးရိမ်နေစဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ဥဇဘတ်ကစ္စတန်နိုင်ငံ တာမတ်ဇ် စစ်ရေးလေ့ကျင့်ရေးနယ်မြေ၌ စတင်ခဲ့သည့် ငါးရက်ကြာ စစ်ရေးလေ့ ကျင့်မှုတွင် ရုရှားနှင့် ဥဇဘတ်တပ်ဖွဲ့ဝင် ၁၅၀၀ ပါဝင်ကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ဖြစ်နိုင်ဖွယ်ရာ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် ရုရှားနိုင်ငံက သုံးနိုင်ငံ စစ်ရေး လေ့ကျင့်မှုများပြုလုပ်ရန် တာဂျစ်ကစ္စတန်နိုင်ငံသို့ စစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြောကြားခဲ့သည်။

 

သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံမှ တပ်ဖွဲ့များ ပါဝင်မည်ဖြစ်ကာ ဥဇဘတ်ကစ္စတန်တပ်ဖွဲ့များ တာဂျစ်ကစ္စတန်နိုင်ငံသို့ စစ်ရေးလေ့ကျင့်မှုအတွက် ရောက်ရှိနေပြီဖြစ်သည်။

 

အမေရိကန်နိုင်ငံက တပ်ဖွဲ့များ ရုတ်သိမ်းနေစဉ် အာဖဂန်နစ္စတန်နိုင်ငံ၌ လုံခြုံရေးအခြေအနေ ဆိုးရွား လာခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ မတည်ငြိမ်မှုများကြောင့် ဒုက္ခသည်များ ဗဟိုအာရှဒေသသို့ ရောက်ရှိလာမည်ကို ရုရှားနိုင်ငံက စိုးရိမ်နေသည်။

 

သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွင် ကနဦး စီစဉ်ထားသည့် တပ်ဖွဲ့ဝင် ၁၀၀၀ အစား တပ်ဖွဲ့ဝင် ၁၈၀၀ ပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် သံချပ်ကာယာဉ် ၃၀၀ ကျော်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂၅ စင်း၊ တိုက် လေယာဉ်၊ ဗုံးကြဲလေယာဉ်များအပြင် အမြောက်ကြီးများ ပါဝင်မည်ဟု တာဂျစ်ကစ္စတန်နိုင်ငံက ပြောသည်။

 

Ref; Russian and Uzbek militaries begin joint Afghan border drills

 

#PeopleMedia #EPN #international #ရုရှား #ဥဇဘတ်ကစ္စတန်

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref; Russian and Uzbek militaries begin joint Afghan border drills

 

#PeopleMedia #EPN #international #ရုရှား #ဥဇဘတျကစ်စတနျ


Share this post