• Follow Us on

Home အာဖဂန်မှတပ်များဆုတ်ခွာခဲ့သဖြင့် ဗြိတိန်စစ်ပြန်အချို့ ကိုယ့်ကိုယ်ကိုယ်သတ်သေ

အာဖဂန်မှတပ်များဆုတ်ခွာခဲ့သဖြင့် ဗြိတိန်စစ်ပြန်အချို့ ကိုယ့်ကိုယ်ကိုယ်သတ်သေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇ (People Media)

 

အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သောနိုင်ငံတကာတပ်ဖွဲ့များဆုတ်ခွာလာပြီးနောက် တာလီဘန်များ အောင်ပွဲခံခဲ့သည့်အရေးနှင့်ပတ်သက်၍ အလွန်တရာစိတ်ထိခိုက်သောကြောင့် အာဖဂန်စစ်ပွဲပြန် ဗြိတိန်စစ်မှု ထမ်းဟောင်းအချို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက သြဂုတ်လ ၆ ရက်နေ့ကပြောကြားလိုက်သည်။

 

လူ့အသက်ပေါင်းများစွာဆုံးရှုံးပြီး အနည်းဆုံးဒေါ်လာတစ်ထရီလီယံဆုံးရှုံးခဲ့ရသည့် အနှစ်နှစ်ဆယ်ကြာအာဖဂန် ပြည်တွင်းစစ်ပွဲတွင် တာလီဘန်များအနိုင်ရရှိသွားခြင်းမှပေါ်ထွက်လာသည့် အရှက်ကွဲခြင်းကြောင့် အာဖဂန်စစ် ပြန်များအနေဖြင့် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

 

၂၀၀၁ ခုနှစ်ကတည်းကစတင်ဖြစ်ပွားခဲ့သော အာဖဂန်စစ်ပွဲတွင် ဗြိတိန်တပ်ဖွဲ့ဝင် ၄၅၇ ဦးကျဆုံးခဲ့ရပြီး ယင်းကျ ဆုံးမှုမှာ စစ်ပွဲတစ်လျှောက်ကျဆုံးခဲ့သော နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့ဝင် ၃,၅၀၀ အနက် ၁၃ ရာခိုင်နှုန်းကျဆုံး ခဲ့ခြင်းဖြစ်သည်။

 

“အာဖဂန်နစ္စတန်မှာ စစ်သားတွေအများအပြားတာဝန်ထမ်းဆောင်ခဲ့ကြတယ်။ ကျွန်တော် အာဖဂန်နစ္စတန်ကို နောက်ဆုံးအကြိမ်သွားတဲ့အချိန်အထိ စစ်သားတွေတာဝန်ထမ်းဆောင်နေကြရတယ်။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ အဲဒီစစ်သားတွေဟာ အာဖဂန်နစ္စတန်မှာဖြစ်ပျက်ခဲ့သမျှအတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။” ဟု လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာအငယ်တန်းကာကွယ်ရေးဝန်ကြီးဂျိမ်းစ်ဟက်ပေး ကပြောသည်။

 

“ဒီသတင်းက တကယ့်ကိုစိုးရိမ်ပူပန်စရာကောင်းပြီး စိတ်ဒုက္ခပေးတဲ့သတင်းပါ။ ဒီသတင်းကြားရတာ အတော့် ကို ဒေါသဖြစ်ပြီး အလွန်အမင်းစိုးရိမ်ပူပန်မိပါတယ်။” ဟု အာဖဂန်နစ္စတန်၊ မြောက်အိုင်ယာလန်နှင့် အီရတ်နိုင်ငံ တို့ တွင် ဗြိတိန်ကြည်းတပ်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဟက်ပေးကပြောသည်။

 

အာဖဂန်နစ္စတန်တွင် တာလီဘန်များက တစ်နိုင်ငံလုံးထိန်းချုပ်ထားကြောင်း သတင်းများကြားနေရသော်လည်း ပန်ဆီယာတောင်ကြားတွင် အခြေအနေပြောင်းလဲမှုသိပ်မကြားရသေးကြောင်း ဟက်ပေးကပြောသည်။ ဟက် ပေးသည် နိုင်ငံရေးလောကသို့မဝင်မီ ဗြိတိန်တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

 

Ref: Some British veterans taking their lives due to anger over Afghan withdrawal

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Some British veterans taking their lives due to anger over Afghan withdrawal

 

#PeopleMedia


Share this post