• Follow Us on
Latest News

Home အာဖဂန်ရှိ အမေရိကန်သံတမန်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး အမေရိကန်စစ်သည် ၃၀၀၀ ပြန်လည်စေလွှတ်မည်

အာဖဂန်ရှိ အမေရိကန်သံတမန်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး အမေရိကန်စစ်သည် ၃၀၀၀ ပြန်လည်စေလွှတ်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိအမေရိကန်သံရုံးဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရန်အ တွက် အမေရိကန်အစိုးရက မရိန်းတပ်ရင်းနှစ်ရင်းနှင့် ကြည်းတပ်တပ်ရင်းတစ်ရင်းပါဝင်သော အမေရိကန်စစ် သည် ၃,၀၀၀ ကို အာဖဂန်နစ္စတန်သို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ပုဂ္ဂိုလ်ဂျွန်ကာဘိုင်က ပြောကြားလိုက်သည်။

 

အဆိုပါတပ်ဖွဲ့ဝင်များသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း ကဘူးမြို့တော်ရှိ ဟာမစ်ကာဇိုင်းလေဆိပ်သို့ ဆိုက် ရောက်မည်ဖြစ်ကြောင်း ကာဘိုင်ကပြောသော်လည်း ယင်းတပ်ရင်းသုံးရင်း မည်သည့်နေရာကထွက်ခွာလာ မည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အာဖဂန်ဗီဇာများကိုထိန်းချုပ်ကိုင်တွယ် နိုင်ရန် ကာတာနိုင်ငံသို့ အမေရိကန်လေတပ်နှင့် ကြည်းတပ်မှ စစ်သည်အင်အား ၁၀၀၀ ခန့်ကိုလည်း ထပ်မံစေ လွှတ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

“နောက်ထပ်အသုတ်က အထူးပြောင်းရွှေ့မှုဗီဇာကိစ္စတွေကို အဆင်ပြေချောမွေ့အောင် ကိုင်တွယ်နိုင်ဖို့အ တွက် လေတပ်နဲ့ ကြည်းတပ်က အင်အားတစ်ထောင်ဝန်းကျင်လောက် စေလွှတ်သွားမှာဖြစ်ပါတယ်။ လာမည့် ရက်ပိုင်း အတွင်း ကာတာကိုရောက်ပါလိမ့်မယ်။ တတိယမြောက်ဆောင်ရွက်မှာကတော့ ဖို့ဒ်ဘရက်ဂျ်မှာရှိတဲ့ ခြေလျင် တပ်မဟာတစ်ခုကို ကူဝိတ်ကိုပို့ပြီး တပ်ဖြန့်ချထားမှာဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီတပ်ဟာ နောက်ထပ် လေ ဆိပ်လုံခြုံရေးတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု ကာဘိုင်ကပြောသည်။

 

ဂျပန်နိုင်ငံတွင် အခြေစိုက်ထားသော လေယာဉ်တင်သင်္ဘောရော်နယ်ရီဂင်ပါဝင်သည့် ရေတပ်တိုက်ခိုက်ရေး ရေယာဉ်အုပ်စုသည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာမှုကိုအထောက်အကူပြုနိုင်ရန် ဇွန်လက တည်းက အရှေ့အလယ်ပိုင်းသို့ရောက်ရှိနေပြီးဖြစ်သည်။ လိုအပ်ချက်အရ အမေရိကန်စစ်သည်များထပ်မံစေ လွှတ်သော်လည်း သြဂုတ်လအကုန် အမေရိကန်တပ်များ အပြီးဆုတ်ခွာရေး အစီအစဉ်မှာ ပြောင်းလဲမှုမရှိ ကြောင်း ကာဘိုင်ကပြောသည်။

 

ဘေးကင်းစွာရွှေ့ပြောင်းနိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်ခြင်းမှာ မှန်ကန်သော ဆောင်ရွက်မှုဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်အင်ဟုတ်ဖ်ကပြောသည်။ ဂျင်အင်ဟုတ်ဖ် မှာ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များပြန်လည်ခေါ်ယူသည့် သမ္မတဂျိုးဘိုင်ဒန်၏အစီအစဉ်ကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သူဖြစ်သည်။

 

Ref: Pentagon Sending 3,000 Troops To Evacuate U.S. Embassy in Afghanistan

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 

Ref: Pentagon Sending 3,000 Troops To Evacuate U.S. Embassy in Afghanistan

 

#PeopleMedia


Share this post