• Follow Us on

Home အာဖဂန်လူမျိုးအချို့ကို ယာယီခိုလှုံခွင့်ပေးရန် အမေရိကန်မေတ္တာရပ်ခံချက် ဘင်္ဂလားဒေ့ရှ် ငြင်းပယ်

အာဖဂန်လူမျိုးအချို့ကို ယာယီခိုလှုံခွင့်ပေးရန် အမေရိကန်မေတ္တာရပ်ခံချက် ဘင်္ဂလားဒေ့ရှ် ငြင်းပယ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

အာဖဂန်နစ္စတန်၌ နိုင်ငံရေးအခြေအနေများပြောင်းလဲလာပြီးနောက်ပိုင်း အာဖဂန်လူမျိုးအချို့ကို ယာယီခိုလှုံခွင့် ပေးရန် အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမေတ္တာရပ်ခံခဲ့ရာ ဘင်္ဂလားဒေ့ရှ်အစိုးရကပယ်ချလိုက်သည်။

 

ဘင်္ဂလားဒေ့ရှၤအစိုးရသည် အမေရိကန်အစိုးရထံမှမေတ္တာရပ်ခံချက်ကိုရရှိခဲ့သော်လည်း မြန်မာနိုင်ငံမှရိုဟင် ဂျာ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားရပြီးဖြစ်သည့်အတွက် အမေရိကန်အစိုးရ၏ မေတ္တာရပ်ခံချက်ကို ငြင်းပယ်ခဲ့ရ ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်ကပြောသည်။

 

အမေရိကန်မှ မေတ္တာရပ်ခံချက်မှာ ဝါရှင်တန်မှ ဒါကာသို့ သံတမန်လမ်းကြောင်းအတိုင်း ရောက်ရှိလာခြင်းဖြစ် ကြောင်း ဒေါက်တာမိုမန်ကပြောသည်။ ဘင်္ဂလားဒေ့ရှၤအစိုးရသည် အာဖဂန်ပြည်သူများကိုယ်တိုင်ဖွဲ့စည်းတည် ထောင်သည့် မည်သည့်အစိုးရကိုမဆို လက်ခံကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက အစောပိုင်းကာလတွင် ပြောဆိုခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံနှင့် အာဖဂန် ၏ မိတ်ဆွေနိုင်ငံအဖြစ် သဘောထားမှတ်ယူကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အခြေခံပညာရေး၊ လူထု ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာသန့်ရှင်းရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု ပြောင်းလဲမှုအလိုက် လက်ခံကျင့်သုံးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် အိုင်စီတီနည်းပညာလူထုဝန်ဆောင်မှု ကိစ္စရပ်များကဲ့သို့သော ကျယ်ပြန့်သည့်နယ်ပယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အတွေ့အကြုံကို အာဖဂန်နစ္စတန်သို့ မျှဝေသွားရန် အသင့်ရှိနေကြောင်း တနင်္လာနေ့ကထုတ်ပြန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံခြားသားများအပါအဝင် ပြည်သူအားလုံး၏ ဘေးကင်းလုံခြုံရေးကို တိကျသေချာအောင်ဆောင်ရွက်နေစဉ် အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားနိုင်ရေးအတွက် အာဖဂန်နစ္စတန်ရှိ နယ်ပယ်အသီးသီး မှပုဂ္ဂိုလ်များအားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထား သည်။

 

Ref: Bangladesh refuses US request to shelter some Afghans

 

#PeopleMedia #အာဖဂန် #ဘင်္ဂလားဒေ့ရှ်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Ref: Bangladesh refuses US request to shelter some Afghans

 



Share this post