• Follow Us on

Home အာဖဂန်သမ္မတက အာဖဂန်စစ်ဦးစီးချုပ်အား အစားထိုးခန့်အပ်

အာဖဂန်သမ္မတက အာဖဂန်စစ်ဦးစီးချုပ်အား အစားထိုးခန့်အပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂ (People  Media)

 

အာဖဂန်နစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဝါလီအာမက်ဇိုင်းအစား ဗိုလ်ချုပ်ကြီးဟီဘာတူလာအလီဇိုင်အား ခန့် အပ်လိုက်ကြောင်း အာဖဂန်သမ္မတသမ္မတအေဆတ်ဂါနီက အမိန့်ပေးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိတစ်ဦးကပြောသည်။

 

ဗိုလ်ချုပ်ကြီးအလီဇိုင်သည် အာဖဂန်ကြည်းတပ်၏ လေတပ်နှင့် တွဲဖက်ထားသည့် လက်ရွေးစင်တပ်ဖွဲ့ဖြစ်သော အထူး စစ်ဆင်ရေးတပ်ဖွဲ့၏ အကြီးအကဲဖြစ်ခဲ့ပြီး ၎င်းတို့၏အထူးတပ်ဖွဲ့မှာ တာလီဘန်များ တဟုန်ထိုးချီတက် တိုက်ခိုက်လာမှုကြောင့် ပုံမှန်တပ်ဖွဲ့ဝင်များပြိုလဲနေချိန်တွင် တိုက်ပွဲအများဆုံးတိုက်ခိုက်ခဲ့ရသည့်တပ်ဖွဲ့ဖြစ် သည်။

 

နိုင်ငံ၏အရှေ့မြောက်ဘက်ဒေသတွင် တာလီဘန်များထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တာလီဘန် များက နောက်ထပ်မြို့ကြီးသုံးမြို့ကိုသိမ်းပိုက်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ဒေသတွင်းရှိ ကြည်းတပ်မှအရာရှိများ ကပြောသည်။ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ နောက်ဆုံးအသုတ် ဆုတ်ခွာနေသည့် လက်ရှိအချိန်တွင် အ ကြမ်းဖက်သောင်းကျန်းသူများမှာ နိုင်ငံ၏သုံးပုံနှစ်ပုံခန့်ကို ထိန်းချုပ်ထားသည်။

 

ကန်ဒက်မြို့ရှိ အဓိကစစ်စခန်းတစ်ခု ကျသွားသလို အရှေ့မြောက်ဒေသ ဘဒက်ရှန်းပြည်နယ်၊ ဘာ့လန်းပြည် နယ်နှင့် အနောက်ဘက်ဖာရပ်ပြည်နယ်တို့မှ မြို့တော်များကျဆုံးသွားမှုမှာ တာလီဘန်တို့၏ထိုးစစ် ရပ်တန့်သွား အောင်ဆောင်ရွက်ရန် အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုအစိုးရအပေါ် ဖိအားတိုးမြင့်လာခဲ့သည်။

 

တာလီဘန်များ၏ ထိုးဖောက်မှုအောက်တွင် ကဘူးမြို့တော် တိုက်ရိုက်ခြိမ်းခြောက်မှုမခံရသော်လည်း တာလီ ဘန်များ၏ တရကြမ်းထိုးဖောက်တိုက်စစ်ဆင်မှုကြောင့် အာဖဂန်အစိုးရအနေဖြင့် တိုင်းပြည်တစ်ဝန်း မည်မျှ ကြာအောင်ထိန်းသိမ်းထားနိုင်မည်ကို မေးခွန်းထုတ်လျက်ရှိသည်။ ပုံမှန်တပ်ဖွဲ့များ စစ်မြေပြင်မှ စွန့်ခွာထွက်ပြေး နေကြချိန်တွင် အစိုးရ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များမှာ စစ်မျက်နှာနေရာအနှံ့အပြားတွင် တိုက်ပွဲဝင်လျက်ရှိ သည်။ အကြမ်းဖက်မှုများကိုကြောက်ရွံ့သဖြင့် အရပ်သားထောင်ပေါင်းများစွာမှာ မြို့တော်တွင်း ဘေးကင်းခိုလှုံ ရာရှာဖွေလျက်ရှိကြောင်းသိရသည်။

 

သြဂုတ်လအတွင်း ၎င်း၏တပ်များအပြီးဆုတ်ခွာရန်စီစဉ်ထားပြီးဖြစ်သည့် အမေရိကန်စစ်တပ်အနေဖြင့် လေ ကြောင်းပစ်ကူအနည်းငယ်ပေးခဲ့သော်လည်း မြေပြင်တိုက်ပွဲများတွင် အမေရိကန်စစ်တပ်ကိုယ်တိုင်ပါဝင်တိုက် ခိုက်ခြင်းမရှိတော့ပေ။ အမေရိကန်တို့ပါဝင်ပတ်သက်မှုမရှိတေ့ာသည့်အကြောင်းနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားရန် သတင်းထောက်များကအကြိမ်ကြိမ်မေးမြန်းသော်လည်း အာဖဂန်အစိုးရနှင့် အာဖဂန်စစ်တပ်က ပြန်လည်တုံ့ပြန်ပြောကြားခြင်းမရှိချေ။

 

Ref: Afghan president replaces Army chief

 

#PeopleMedia #အာဖဂန်စစ်ဦးစီးချုပ်

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 

Ref: Afghan president replaces Army chief

 



Share this post