• Follow Us on

Home အာဖဂန်လေတပ်မှ လေယာဉ်မှူးများ တိုင်းပြည်ကိုအလုပ်အကျွေးပြုရန် တာလီဘန်အစိုးရ တိုက်တွန်း

အာဖဂန်လေတပ်မှ လေယာဉ်မှူးများ တိုင်းပြည်ကိုအလုပ်အကျွေးပြုရန် တာလီဘန်အစိုးရ တိုက်တွန်း

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁ (People media)

 

အာဖဂန်လေတပ်မှ လေယာဉ်မှူးများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး ဖမ်းဆီးမည်မဟုတ်သဖြင့် ၎င်းတို့အ နေဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆက်လက်နေထိုင်ပြီး တိုင်းပြည်အတွက် အလုပ်အကျွေးပြုသွားရန် တိုက် တွန်းကြောင်း တာလီဘန်ထိပ်တန်းခေါင်းဆောင်တစ်ဦးက နိုဝင်ဘာလ ၁၀ ရက်နေ့ကပြောကြားလိုက်သည်။

 

တာလီဘန်များက အာဖဂန်နစ္စတန်ကိုသိမ်းပိုက်လိုက်သဖြင့် အာဖဂန်လေယာဉ်မှူးများ ခိုလှုံရာရှာဖွေနေစဉ် သုံး လအကြာတွင် အမေရိကန် ကမကထလုပ်ပေးသည့် ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးရေးအစီအစဉ်အရ အမေရိကန်က လေ့ကျင့်ပေးထားသော အာဖဂန်လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများ စုစုပေါင်း ၁၄၀ ကျော်တို့သည် နိုဝင်ဘာလ ၉ ရက်နေ့က တာဂျစ်ကစ္စတန်နိုင်ငံမှထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းများပေါ် ထွက်လာပြီးနောက် တာလီဘန်ထိပ်တန်းခေါင်းဆောင်၏ ပြောကြားချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အနှစ် ၂၀ အတွင်း တာလီဘန်သောင်းကျန်းသူများကိုတိုက်ခိုက်ရာတွင် အမေရိကန်လေယာဉ်မှူးများနှင့် အတူ အာဖဂန်လေတပ်မှလေယာဉ်မှူးများသည် အဓိကအခန်းကဏ္ဍမှပါဝင်တိုက်ခိုက်ခဲ့သူများဖြစ်သည်။ လေကြောင်း တိုက်ခိုက်မှုများကြောင့် တာလီဘန်များ အများအပြားသေဆုံးခဲ့ပြီး အာဖဂန်နိုင်ငံတစ်ဝန်းတာဘီဘန်များ သိမ်း ပိုက်ထားသည့် စခန်းပေါင်းများစွာကိုလည်း အကြိမ်ကြိမ်လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

 

အမေရိကန်ထောက်ပံ့ထားသည့် အာဖဂန်အစိုးရ ကျရှုံးသွားကာ သြဂုတ်လလယ်ပိုင်းဗလာက်တွင် တာလီဘန် အစိုးရသစ်တက်လာပြီးနောက် အာဖဂန်လေယာဉ်မှူးအများအပြား တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်အပါ အဝင် ဗဟိုအာရှနိုင်ငံများသို့ ထွက်ပြေးသွားခဲ့ကြသည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင်း အာဖဂန်တိုက်လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်း မည်မျှကျန်ရစ်ခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် မည်သည့်အန္တရာယ်အဆင့်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ တာလီဘန်များ၏ အာမခံချက်များ မှာ မည်သည့်အဆင့်အထိ ယုံကြည်ရကြောင်းမှာ ရှင်းလင်းစွာမသိရပေ။ လွန်ခဲ့သည့်သုံးလအတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းမဟုတ်သော်လည်း တာလီဘန်များကလက်စားချေသတ်ဖြတ်မှုအချို့ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

 

ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ရေးအစီအစဉ်အရ အာဖဂန်လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများကို အာရပ်စော်ဘွားများသမ္မတနိုင်ငံသို့ လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၀ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တာလီဘန်အစိုးရပြော ခွင့်ရပုဂ္ဂိုလ် မူဂျစ်ဟစ်ကို သ တင်းထောက်များကမေးမြန်းခဲ့သည်။ တိုက်လေယာဉ်မှူးများကို တာဂျစ်ကစ္စတန်နိုင်ငံတွင် ရှိနေစဉ်အတွင်း ဖမ်း ဆီးထိန်းသိမ်းထားသည်ဟူသော သတင်းများလည်းထွက်ပေါ်ခဲ့သည်။ အာဖဂန်လေယာဉ်မှူးများအားလုံးကို နိုင် ငံတော်ကလိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့အားလုံးကိုလည်း ခွင့်လွှတ်ကြောင်း မူဂျာဟစ်ကပြောသည်။

 

“အာဖဂန်နစ္စတန်မှာ အာဖဂန်လေယာဉ်မှူးတွေအတွက် ဘာလုံခြုံရေးပြဿနာမှမရှိပါဘူး။ သူတို့ကို ဖမ်းဆီးဖို့ အစီအစဉ်လည်းမရှိဘူး။ သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ ကြေညာပြီးသားပါ။ လေတပ်က တိုက်လေယာဉ်မှူးတွေပဲဖြစ်ဖြစ် အရပ်ဘက်လေကြောင်းလိုင်းတွေက လေယာဉ်မှူးတွေပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအ တွက် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပါတယ်။ လေယာဉ်မှူးတွေ အများအပြားတိုင်းပြည်ကထွက်သွားတာ ဒါ မှမဟုတ် ထွက်သွားဖို့လုပ်နေတာ အတော့်ကိုစိတ်မကောင်းစရာပါ။” ဟု ၎င်းကပြောသည်။

 

လွန်ခဲ့သည့် သုံးလအတွင်းကျူးလွန်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်နေသည့် အိုင်အက်စ် စစ် သွေးကြွအဖွဲ့ဝင် ၆၀၀ နီးပါးကိုလည်း ဖမ်းဆီးထားကြောင်း တာလီဘန်ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင် အိုင်အက်စ်အဖွဲ့ကို ငွေကြေးထောက်ပံ့နေသူများအပါအဝင် အဓိက အိုင် အက်စ်ခေါင်းဆောင်များလည်းပါဝင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ခါလီဟမ်ရက်ဇ်ကပြောသည်။

 

တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ကြောင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများနှင့် အသေခံဗုံးခွဲရန်ပြင်ဆင်ထားသောပစ္စည်းများ တပ်ဆင်ထားသည့် ကားအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းကပြောသည်။

 

Ref: Taliban Urge Ex-Afghan Military Pilots to Stay, Serve Nation

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Taliban Urge Ex-Afghan Military Pilots to Stay, Serve Nation

 

#PeopleMedia


Share this post