• Follow Us on

Home အာဖဂန်လေယာဉ်အစင်း ၄၀ ကျော် ဥဇဘက်သို့ ပျံသန်းထွက်ပြေး

အာဖဂန်လေယာဉ်အစင်း ၄၀ ကျော် ဥဇဘက်သို့ ပျံသန်းထွက်ပြေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀ (People Media)

 

တာလီဘန်များ သြဂုတ်လ ၁၅ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံအား ထိန်းချုပ်လိုက်ပြီးနောက် တာလီဘန်များ လက်သို့ လေယာဉ်များမကျရောက်စေရန် အာဖဂန်လေတပ်မှ လေယာဉ်အစင်း ၄၀ ကျော် ဥဇဘက်ကစ္စတန် သို့ ပျံသန်းထွက်ပြေးခဲ့သည်။

 

ဥဇဘက်ကစ္စတန်၊ တာမက်ဖ်လေဆိပ်သို့ အာဖဂန်လေယာဉ်များဆိုက်ရောက်လာကြောင်း သြဂုတ်လ ၁၆ ရက် နေ့တွင် ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။ ယင်းလေယာဉ်များနှင့်အတူ အာဖဂန်လူမျိုး ၆၀၀ ခန့် ဥဇဘက်ကစ္စတန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် လိုက်ပါလာခဲ့ကြသည်။

 

ဂြိုဟ်တုဓာတ်ပုံများ၏ဖော်ပြချက်အရ ရဟတ်ယာဉ် ၂၆ စီးနှင့် တောင်ပံတပ်လေယာဉ်ငယ် ၂၁ စင်းတို့ကို တာ မက်ဖ်လေဆိပ်တွင်တွေ့ရကြောင်း၊ ရဟတ်ယာဉ်များမှာ Mi-17 ၁၆ စင်း၊ Mi-25 ၅ စင်းနှင့် UH-60 ဘလက် ဟော့ခ် ၅ စင်းတို့ဖြစ်ပြီး လေယာဉ်ငယ် ၂၁ စင်းမှာ C-208 လေယာဉ်ငယ် ၁၁ စီးနှင့် A-29 စူပါတူကာနို အပေါ့ စားတိုက်ခိုက်ရေးလေယာဉ်တို့ဖြစ်ကြောင်းသိရသည်။

 

အာဖဂန်လေယာဉ်များ ဥဇဘက်ကစ္စတန်သို့မရောက်မီတစ်ရက်ခန့်က C-208 လေယာဉ်များနှင့် Mi-17 ရဟတ် ယာဉ်များအပါအဝင် အာဖဂန်လေယာဉ် ၁၀ စင်းကျော် ဥဇဘက်ကစ္စတန်သို့ ဦးတည်ပျံသန်းနေသည်ကိုတွေ့ရှိ ရကြောင်း လေယာဉ်ခြေရာခံဝက်ဘ်ဆိုက်တစ်ခုကဖော်ပြခဲ့သည်။

 

သြဂုတ်လ ၁၅ ရက်နေ့က A-29 စူပါတူကာနို အပေါ့ စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်းကို ဥဇဘက် လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကပစ်ချခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြခဲ့သည်။

 

Ref: Dozens of Afghan Air Force aircraft flown out of Afghanistan

#PeopleMedia

 

(unicode)


…………………………………………………….

 


 


 


 


 


 


 

Ref: Dozens of Afghan Air Force aircraft flown out of Afghanistan

#PeopleMedia


Share this post