• Follow Us on

Home အာဖဂန်မြို့တော်ကိုသိမ်းပိုက်ပြီးနောက် နိုင်ငံတော်အာဏာကိုအပြည့်အဝလိုချင်ကြောင်း တာလီဘန်များပြော

အာဖဂန်မြို့တော်ကိုသိမ်းပိုက်ပြီးနောက် နိုင်ငံတော်အာဏာကိုအပြည့်အဝလိုချင်ကြောင်း တာလီဘန်များပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆ (People Media)

 

အာဖဂန်နစ္စတန်မှ တာလီဘန်များ သြဂုတ်လ ၁၅ ရက်နေ့က ကဘူးမြို့တော်သို့ဝင်ရောက်လာပြီး အာဖဂန် သမ္မတနန်းတော်ကိုသိမ်းပိုက်ပြီးနောက် အနောက်နိုင်ငံကထောက်ပံ့ထားသည့် သမ္မတအေရှတ်ဂါနီမှာ တိုင်း ပြည်မှထွက်ပြေးသွားပြီဖြစ်သည်။ တာလီဘန်များက တစ်နိုင်ငံလုံးအာဏာကို ထိန်းသိမ်းလိုကြောင်းထုတ် ဖော် ပြောကြားခဲ့သည်။

 

အမေရိကန်အစိုးရက ကဘးမြို့ရှိအမေရိကန်သံတမန်များကို ရဟတ်ယာဉ်ဖြင့်ကယ်ထုတ်ခဲ့သည်။ နှစ်ပေါင်းများ စွာကြာအောင် အာဖဂန်စစ်တပ်ကို လေ့ကျင့်သင်ကြားပေးပြီး လက်နက်တပ်ဆင်ပေးခဲ့သည့်အပြင် ဒေါ်လာဘီ လျံချီအကုန်အကျခံတည်ဆောက်ပေးခဲ့သည့် ကူညီမှုများမှာ ယခုအချိန်တွင် သဲထဲရေသွန်ဖြစ်ခဲ့ရပြီဖြစ်သည်။

 

တာလီဘန်များက သမ္မတဂါနီမည်သည့်နေရာတွင်ရှိနေသည်ကို ဆန်းစစ်လေ့လာနေစဉ် တာဂျစ်ကစ္စတန်သို့ ထွက်ပြေးသွားသော သမ္မတဂါနီ၏ကံကြမ္မာမှာ မရေရာဟု ပြည်ထဲရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးကပြောသည်။

 

ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးရေးအတွက် တာလီဘန်များအနေဖြင့် စောင့်မျှော်နေကြောင်း တာလီဘန်များ ကပြောသလို နိုင်ငံတော်အာဏာကို ကြားဖြတ်အစိုးရတစ်ရပ်ထံလွှဲပြောင်းပေးမည်ဖြစ်ကြောင်း အာဖဂန်အစိုးရ ၏ ခေတ္တပြည်ထဲရေးဝန်ကြီးကပြောသည်။

အာဖဂန်နိုင်ငံသားအများအပြားကမူ အတိတ်ကာလက တာလီဘန်များကျင့်သုံးခေတ်သည့် အစ္စလာမစ် ရှရီယာ ဥပဒေကို ပြန်လည်ကျင့်သုံးမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်။ ၁၉၉၆-၂၀၀၁ ခုနှစ်ကာလများတွင် အမျိုး သမီးများအလုပ်လုပ်ကိုင်ခွင့်မရရှိဘဲ  ကျောက်တုံးဖြင့်ပေါက်သတ်ခြင်း၊ ကျာပွတ်ဖြင့်ရိုက်နှက်ခြင်းနှင့် ကြိုးပေး သတ်ဖြတ်ခြင်းတို့ကို တာလီဘန်များကဆောင်ရွက်ခဲ့ကြသည်။

 

တာလီဘန်များသည် နိုင်ငံခြားသာများရော အာဖဂန်ပြည်သူများကိုပါ ကာကွယ်သွားမည်ဖြစ်ပြီး အမျိုးသမီးများ ၏အခွင့်အရေးကိုလေးစားသည့် အစွန်းမရောက်သောနည်းလမ်းတစ်ခုကိုရှာဖွေနေသည်ဟုဆိုသည်။ “ပြည်သူ တွေ အထူးသဖြင့် ကဘူးမြို့တော်မှာရှိတဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဘေးကင်းလုံခြုံစေဖို့ အတွက် ကျွန်တော်တို့ တိတိကျကျ ဆောင်ရွက်သွားမှာပါ။” ဟု တာလီဘန်ပြောခွင့်ရသူတစ်ဦးကပြောသည်။

အမေရိကန်ဝန်ထမ်းများကို အန္တရာယ်ပြုလာမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ဆောင်ရွက်လာမည်ဆိုပါ က အမေရိကန်တပ်မတော်၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် ချက်ချင်းအရေးယူတုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ကာတာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ တာလီဘန်ခေါင်းဆောင်များကိုပြောကြားခဲ့သည်။

Ref: Taliban want full power after return to Afghanistan capital

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

 


 

Ref: Taliban want full power after return to Afghanistan capital

 

#PeopleMedia


Share this post