• Follow Us on

Home အာဖဂန် ခေတ္တကာကွယ်ရေးဝန်ကြီး၏ နေအိမ်အနီး ဗုံးခွဲတိုက်ခိုက်ခံရ၍ လေးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

အာဖဂန် ခေတ္တကာကွယ်ရေးဝန်ကြီး၏ နေအိမ်အနီး ဗုံးခွဲတိုက်ခိုက်ခံရ၍ လေးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ ခေတ္တကာကွယ်ရေးဝန်ကြီး၏ အိမ်အနီး ယမန်နေ့ညပိုင်းက လက်နက်ကိုင်အုပ်စုတစ်ခုနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် အင်အားပြင်းထန် သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 

ကဘူးလ်မြို့လယ်ရှိ ခေတ္တကာကွယ်ရေးဝန်ကြီး ဘစ်မီလာခန်း၏ နေအိမ်အနီး မော်တော်ကားဖြင့် ဗုံး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

 

ဗုံးပေါက်ကွဲချိန်တွင် ကာကွယ်ရေးဝန်ကြီးက နေအိမ်၌မရှိဘဲ အရပ်သားလေးဦး သေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံတစ်ရုံက ပြောသည်။

 

ပစ်ခတ်မှုအတွင်း တိုက်ခိုက်ရေးသမား လေးဦးစလုံး သေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန် ပြည်ထဲရေးဝန် ကြီးဌာနက ပြောသည်။ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရသေးပေ။

 

ယခုလမကုန်မီ အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့များရုတ်သိမ်းရန် အမေရိကန်နိုင်ငံက ရည်ရွယ်နေသည်။

 

တာလီဘန်အဖွဲ့ကလည်း အာဖဂန်အစိုးရတပ်ဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ် ဆောင်လျက်ရှိသည်။

 

ပြီးခဲ့သည့်လနှောင်းပိုင်းမှစ၍ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံ၏ ခရိုင်ထက်ဝက်ကျော်ကို ထိန်း ချုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံမှ အတိုင်ပင်ခံအဖွဲ့တစ်ခုက ပြောသည်။

 

တာလီဘန်အဖွဲ့သည် ယခုအခါ အရေးပါသော မြို့တော်ကြီးများဝန်းကျင်ရှိ နယ်မြေများကိုသိမ်းပိုက်ရန် ခြိမ်းခြောက်လျက်ရှိသည်။

 

Ref; Blast, gun battle kill 4 civilians in Kabul

 

#PeopleMedia #EPN #international #အာဖဂန်နစ္စတန်

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref; Blast, gun battle kill 4 civilians in Kabul

 



Share this post