• Follow Us on

Home အာရစ်ဘီယန်ပင်လယ်ကွေ့တွင် အမေရိကန်ရေတပ်က MANTAS T-38 မောင်းသူမဲ့ရေယာဉ်ကို ဆန်းစစ်အကဲ ဖြတ်မှုပြုလုပ်ခဲ့

အာရစ်ဘီယန်ပင်လယ်ကွေ့တွင် အမေရိကန်ရေတပ်က MANTAS T-38 မောင်းသူမဲ့ရေယာဉ်ကို ဆန်းစစ်အကဲ ဖြတ်မှုပြုလုပ်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (People Media)

 

အမေရိကန်ပြည်ထောင်စုရေတပ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် အာရစ်ဘီယန်ပင်လယ်ကွေ့၌ MANTAS T-38 မောင်းသူမဲ့ရေယာဉ်ကို ဆန်းစစ်အကဲဖြတ်မှုပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့က အမေ ရိကန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများအရ သိရသည်။

 

MANTAS T-38 မောင်းသူမဲ့ရေယာဉ် ဆန်းစစ်အကဲဖြတ်ခြင်းကို အမေရိကန် အမှတ် ၅ ရေတပ်အုပ်စုက ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အမှတ် ၅ ရေတပ်အုပ်စုသည် ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီ၊ အာရစ်ဘီယန်ပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာအစိတ်အပိုင်းအချို့တွင် ၁၉၉၅ ခုနှစ်ကတည်းက တာဝန်ချထားသည့် ရေတပ်အုပ်စုဖြစ်သည်။

 

T-38 သည် အမေရိကန်ကုမ္ပဏီပင်လယ်ရေကြောင်းနည်းဗျူဟာစနစ် American Company Maritime Tactical Systems (MARTAC) က ထုတ်လုပ်ထားသည့် မောင်းသူမဲ့ရေယာဉ် Unmanned Surface Vessel (USV ) ဖြစ်သည်။

 

MANTAS T24 (24 ft or 7m)၊ T38 (38 ft or 11m) နှင့် T50 (50 ft or 15m) မူကွဲများပါဝင်သော MANTAS Medium Category Vessels မောင်းသူမဲ့ရေယာဉ်များကို တပ်တော်ဝင်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် MARTAC က ကြေညာခဲ့သည်။

 

မောင်းသူမဲ့ရေယာဉ်အဆင့်အတန်းကို မောင်းသူမဲ့မော်တော်ယာဉ် USV များ၊ မောင်းသူမဲ့လေယာဉ် UAV များ၊ မောင်းသူမဲ့ရေငုပ်သင်္ဘော UUV များ၊ အဝေးထိန်းမော်တော်ယာဉ် ROV များနှင့် ပေါင်းစပ်ဖွဲ့စည်းသွားရန် ပမာ ဏကြီးမားသော စစ်ဆင်ရေးနှင့် စွမ်းရည်များအတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ဇူလိုင်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ Trident Warrior စစ်ရေးလေ့ကျင့်မှု ကျင်းပနေစဉ် စန်ဒီယာဂိုမြို့တွင် ပထမဦးဆုံး MANTAS T38 မောင်းသူမဲ့ရေယာဉ်ကို MARTAC က စမ်းသပ်ခဲ့သည်။

အလေးချိန် ကီလိုဂရမ် ၂၉၅၀ ရှိသည့် T38 မောင်းသူမဲ့ရေယာဉ်သည် သာမန်အချိန်တွင် တစ်နာရီ ရေမိုင် ၂၅ မိုင် (၄၆ ကီလိုမီတာ) နှုန်းဖြင့်လည်းကောင်း အမြင့်ဆုံးအရှိန် တစ်နာရီ ရေမိုင် ၈၀ (၁၄၈ ကီလိုမီတာ) နှုန်းဖြင့် လည်းကောင်း သွားလာနိုင်ပြီး ဝန်အလေးချိန် ၂၀၅၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သည်။

 

Ref: US Navy conducts evaluations of new MANTAS T-38 USV Unmanned Surface Vessel in Arabian Gulf

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 



 

Ref: US Navy conducts evaluations of new MANTAS T-38 USV Unmanned Surface Vessel in Arabian Gulf

 

#PeopleMedia


Share this post