• Follow Us on

Home အာရပ္ကမၻာ၏ပထမဆုံးႏ်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ယူေအအီးတြင္တည္ေဆာက္

အာရပ္ကမၻာ၏ပထမဆုံးႏ်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ယူေအအီးတြင္တည္ေဆာက္

Share this post

ဒူဘိုင္း၊ ၾသဂုတ္ ၄

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ယူေအအီး တြင္ အာရပ္ကမၻာ၏ပထမဆုံးႏ်ဴကလီးယာဓာတ္အား ေပးစက္႐ုံကို စတင္ဖြင့္လွစ္လိုက္သည္။

ကာတာႏိုင္ငံ၏ အေရွ႕ဘက္ကပ္လွ်က္ ပင္လယ္ေကြ႕ကမ္းရိုးတန္းတြင္႐ွိသည့္ ဘာရက္ကာၿမိဳ႕တြင္ ေတာင္ကိုရီးယားႏိုင္ငံ၏နည္းပညာျဖင့္ ႏ်ဴကလီးယားဓာတ္ေပါင္းဖို ၄ ခုတည္ေဆာက္ထားၿပီး တစ္ခုတြင္ ႏ်ဴကလီးယားမွစြမ္းအင္ထုတ္ယူျခင္းစတင္ၿပီျဖစ္သည္။

၂၀၁၇ ခုႏွစ္တြင္ ဖြင့္လွစ္ရန္စီစဥ္ခဲ့ေသာ္လည္း ေဘးကင္းလံုျခံဳေရးလိုအပ္ခ်က္မ်ား႐ွိေနသျဖင့္ ေနာက္က်ခဲ့ သည္။

ေရနံႂကြယ္ဝေသာ ယူေအအီးသည္ ေရရွည္တည္တံ့ေသာစြမ္းအင္အရင္းအျမစ္မ်ားကို ေမြးယူေနၿပီး ဘာရက္ကာ စက္ရံုမွ စြမ္းအင္လိုအပ္ခ်က္ ၄ ပုံ ၁ ပုံကို ျဖည့္ဆည္းေပးႏိုင္မည္ဟု ယူေအအီးအာဏာပိုင္မ်ား ကေျပာသည္။

ထို႔ျပင္ ယူေအအီးသည္ စြမ္းအင္အရင္းအျမစ္အမ်ားအျပားရွိေနေသာပင္လယ္ေကြ႔ေဒသတြင္ ေနေရာင္ျခည္စြမ္း အင္က႑၌ ရင္းႏွီးျမုပ္ႏွံေနသည္။

တင္းမာမွဳႏွင့္အၾကမ္းဖက္မႈမ်ားေၾကာင့္ ဆင္းရဲဒုကၡၾကံဳေတြ႔ေနေသာပင္လယ္ေကြ႔ေဒသတြင္ ပိုသန္႔ရွင္းၿပီးပိုေစ်း သက္သာ၍ ပိုမိုသင့္ေလ်ာ္ေသာေနေရာင္ျခည္စြမ္းအင္ျဖစ္ႏိုင္ေသာ္လည္း ဘာရက္ကာႏ်ဴကလီ ယာ စက္ရံု၏ယုတၱိတန္မွဳကို စြမ္းအင္ကၽြမ္းက်င္သူအခ်ိဳ႕က ေမးခြန္းထုတ္ၾကသည္။
ေဒသတြင္းၿပိဳင္ဘက္ကာတာႏိုင္ငံကလည္း ဘာရက္ကာစြမ္းအင္စက္ရံုမွာ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္ သဘာ၀ ပတ္ဝန္းက်င္ကို ၿခိမ္းေျခာက္လွ်က္ရွိေၾကာင္း ၿပီးခဲ့သည့္ႏွစ္တြင္ေျပာသည္။ ပင္လယ္ေကြ႔ေဒသတြင္ အျငင္းပြား ဖြယ္ႏ်ဴကလီးယားအစီအစဥ္ေၾကာင့္ အေမရိကန္၏ပိတ္ဆို႔အေရးယူမႈကိုခံေနရၿပီး ယူေအအီးကို မလိုမုန္းထား သည့္ အီရန္ႏိုင္ငံလည္း တည္႐ွိသည္။

Ref : Barakah: UAE starts up Arab world’s first nuclear plant

#PeopleMedia

(Unicode)
အာရပ်ကမ္ဘာ၏ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကို ယူအေအီးတွင်တည်ဆောက်
……………………………………………………

ဒူဘိုင်း၊ ဩဂုတ် ၄

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီး တွင် အာရပ်ကမ္ဘာ၏ပထမဆုံးနျူကလီးယာဓာတ်အား ပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်သည်။

ကာတာနိုင်ငံ၏ အရှေ့ဘက်ကပ်လျှက် ပင်လယ်ကွေ့ကမ်းရိုးတန်းတွင်ရှိသည့် ဘာရက်ကာမြို့တွင် တောင်ကိုရီးယားနိုင်ငံ၏နည်းပညာဖြင့် နျူကလီးယားဓာတ်ပေါင်းဖို ၄ ခုတည်ဆောက်ထားပြီး တစ်ခုတွင် နျူကလီးယားမှစွမ်းအင်ထုတ်ယူခြင်းစတင်ပြီဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ခဲ့သော်လည်း ဘေးကင်းလုံခြုံရေးလိုအပ်ချက်များရှိနေသဖြင့် နောက်ကျခဲ့ သည်။

ရေနံကြွယ်ဝသော ယူအေအီးသည် ရေရှည်တည်တံ့သောစွမ်းအင်အရင်းအမြစ်များကို မွေးယူနေပြီး ဘာရက်ကာ စက်ရုံမှ စွမ်းအင်လိုအပ်ချက် ၄ ပုံ ၁ ပုံကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယူအေအီးအာဏာပိုင်များ ကပြောသည်။

ထို့ပြင် ယူအေအီးသည် စွမ်းအင်အရင်းအမြစ်အများအပြားရှိနေသောပင်လယ်ကွေ့ဒေသတွင် နေရောင်ခြည်စွမ်း အင်ကဏ္ဍ၌ ရင်းနှီးမြုပ်နှံနေသည်။

တင်းမာမှုနှင့်အကြမ်းဖက်မှုများကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေသောပင်လယ်ကွေ့ဒေသတွင် ပိုသန့်ရှင်းပြီးပိုဈေး သက်သာ၍ ပိုမိုသင့်လျော်သောနေရောင်ခြည်စွမ်းအင်ဖြစ်နိုင်သော်လည်း ဘာရက်ကာနျူကလီ ယာ စက်ရုံ၏ယုတ္တိတန်မှုကို စွမ်းအင်ကျွမ်းကျင်သူအချို့က မေးခွန်းထုတ်ကြသည်။
ဒေသတွင်းပြိုင်ဘက်ကာတာနိုင်ငံကလည်း ဘာရက်ကာစွမ်းအင်စက်ရုံမှာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်လျှက်ရှိကြောင်း ပြီးခဲ့သည့်နှစ်တွင်ပြောသည်။ ပင်လယ်ကွေ့ဒေသတွင် အငြင်းပွား ဖွယ်နျူကလီးယားအစီအစဉ်ကြောင့် အမေရိကန်၏ပိတ်ဆို့အရေးယူမှုကိုခံနေရပြီး ယူအေအီးကို မလိုမုန်းထား သည့် အီရန်နိုင်ငံလည်း တည်ရှိသည်။

Ref : Barakah: UAE starts up Arab world’s first nuclear plant

#PeopleMedia


Share this post