• Follow Us on

Home အာရပ်စော်ဘွားများနိုင်ငံ ပြင်သစ်ထုတ် ရာဖေးတိုက်လေယာဉ် အစင်း ၈၀ ဝယ်ယူမည်

အာရပ်စော်ဘွားများနိုင်ငံ ပြင်သစ်ထုတ် ရာဖေးတိုက်လေယာဉ် အစင်း ၈၀ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄ (People Media)

 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပင်လယ်ကွေ့ဒေသသို့ စတင်ခရီးထွက်ခွာ ချိန်တွင် အာရပ်စော်ဘွားများနိုင်ငံ UAE သည် ပြင်သစ်ထုတ် ရာဖေးတိုက်လေယာဉ်အစင်း ၈၀ ဝယ်ယူရန်အ တွက် ဥရောပဒေါ်လာ ၁၄ ဘီလျံတန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

ပြင်သစ်သမ္မတမက်ခရွန်၏ ကာတာနိုင်ငံနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်စတင်သွား ရောက်ချိန်တွင် မက်ခရွန်နှင့် အာရပ်စော်ဘွားများနိုင်ငံမှ မင်းသား ရှိတ်ခ်မိုဟမ်မက်ဘင်ဇရက်ဒ်တို့ စကားပြော ဆိုနေစဉ် ရာဖေးတိုက်လေယာဉ်များကို ယခုလို ပမာဏအများအပြားမှာယူခဲ့ခြင်းဖြစ်သည်။

 

ပြင်သစ်ထုတ်စစ်လက်နက်ပစ္စည်းများ၏ ဖောက်သည်များထဲမှာတစ်နိုင်ငံဖြစ်သော အာရပ်စော်ဘွားများနိုင်ငံ သည် ဥရောပဒေါ်လာ ၁၇ ဘီလျံတန်ကြေးရှိ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁၂ စင်းဝယ်ယူရန်အ တွက်လည်း အမှာစာပို့ထားခဲ့ပြီးဖြစ်သည်။

 

“ဒီလေယာဉ်ဝယ်ယူမှုဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖွဲ့ခြင်းရဲ့ ရလဒ်တစ်ခုဖြစ်သလို နှစ်နိုင်ငံလုပ် ပိုင်ခွင့်နဲ့ လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်အောင် သူတို့ရဲ့စွမ်းအားတွေကို စုစည်းပေါင်းစပ် လိုက်တာလည်း ဖြစ်ပါတယ်” ဟု ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

 

အာရပ်စော်ဘွားများနိုင်ငံက ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ထားသော ပြင်သစ်နိုင်ငံရှိ လေးဗန်းအနုပညာဂယ်လာရီ လုပ်ငန်းခွဲလိုင်စင်သက်တမ်းကို ၂၀၄၇ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ထားသလို  အဘူဒါဘီမြို့ရှိ မူဘာဒါလာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကလည်း ဥရောပဒေါ်လာရှစ်ဘီလျံကို ပြင်သစ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။

 

၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြင်သစ်နိုင်ငံထံမှ ဥရောပဒေါ်လာ ၄.၇ ဘီလျံဖိုး စစ်လက်နက် ပစ္စည်းများ ဝယ်ယူခဲ့သည့် အာရပ်စော်ဘွားများနိုင်ငံသည် ပြင်သစ်နိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံး စစ်လက်နက်ပစ္စည်း ဖောက်သည်ဖြစ်သည်။

 

ဆော်ဒီအာရေးဗီးယားဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အီရန်နိုင်ငံကထောက်ပံ့ထားသည့် သူပုန်များနှင့်တိုက် ပွဲဖြစ်ပွားနေသည့် ယီမင်နိုင်ငံအတွင်း ပြင်သစ်လက်နက်များကို အသုံးပြုခဲ့သည့်အတွက် ပြင်သစ်နိုင်ငံအနေဖြင့် ဝေဖန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ရာဖေးတိုက်လေယာဉ်အစင်း ၈၀ ဝယ်ယူမည့်စာချုပ်ကို ဒေသတွင်းတည်ငြိမ်မှုကို တိုက်ရိုက်အထောက်အကူ ဖြစ်စေမည့် “သမိုင်းဝင်စာချုပ်” အဖြစ် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဖလောရင့်ပါလေးက ပြောဆိုခဲ့သည်။ လက် ရှိအချိန်တွင် ထုတ်လုပ်ဆဲဖြစ်သော F4 မိုဒယ်လ်ရာဖေးတိုက်လေယာဉ်များကို ၂၀၂၇ ခုနှစ်တွင် ပို့ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

 

Ref: UAE Buys Record 80 French Fighter Jets as Macron Starts Gulf Tour

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: UAE Buys Record 80 French Fighter Jets as Macron Starts Gulf Tour

 

#PeopleMedia


Share this post