• Follow Us on

Home အာရှတိုက်သို့ သူလျှိုများစေလွှတ်နိုင်ရန် ဗြိတိန်စစ်ဘက်ထောက်လှမ်းရေး လူသစ်များစုဆောင်းနေ

အာရှတိုက်သို့ သူလျှိုများစေလွှတ်နိုင်ရန် ဗြိတိန်စစ်ဘက်ထောက်လှမ်းရေး လူသစ်များစုဆောင်းနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇ (People Media)

 

သြစတေးလျ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ သြစတေးလျနိုင်ငံ အတွက်ထောက်ပံ့ရန် သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် တရုတ်နိုင်ငံနှင့် တင်းမာမှုများမြင့်တက်နေသည့် အတွက် ဗြိတိန်ထောက်လှမ်းရေးတပ်ဖွဲ့အနေဖြင့် အာရှတိုက်တွင် အမြန်ဆုံးနေရာချထားရန် သူလျှိုတာဝန်ထမ်း ဆောင်မည့်သူများအား စိတ်ဝင်တစားရှာဖွေလျှက်ရှိကြောင်း သြဂုတ်လ ၁၇ ရက်နေ့တွင် ဗြိတိန်ထောက်လှမ်း ရေးအဖွဲ့အကြီးအကဲက ထုတ်ဖော်ပြောကြားလိုက်သည်။

 

ဗြိတိန်နိုင်ငံက ကိုင်တွယ်ဆောင်ရွက်နေသည့် အရှေ့တိုင်းနိုင်ငံများရှိ သူလျှိုအရာရှိများအင်အားတိုးချဲ့ရန် အ တွက် စိတ်ကူးတီထွင်ဉာဏ်ရှိသောလမ်းကြောင်းတစ်ခု ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်း ရေး အဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျမ်ဟော့ကန်ဟူးကပြောသည်။

 

လက်ရှိသူလျှိုတစ်ဦးကို ရှုပ်ထွေးလှသည့် အရှေ့တိုင်းဘာသာစကားသင်ပေးရသည်မှာ ပိုမိုလိုကူသည့်အတွက် ဗြိတိန်ကြည်းတပ်မှသူလျှိုတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ရန် ဂျပန်စကားပြောသောတပ်ဖွဲ့ဝင်တစ်ဦးကို ထောက်လှမ်း ရေးအရာရှိအဖြစ် ပြောင်းလဲခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျမ်ဟော့ကန်ဟူး ကပြောသည်။

 

“စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိတွေကို ကျွန်တော်တို့တပ်ဖြန့်ချထားတော့မှာပါ။ ဥရောပတစ်ဝန်း နေ ရာအတော်များများမှာတော့ ကျွန်တော်တို့ထောက်လှမ်းရေးတွေ ချထားပြီးပါပြီ။ လက်ရှိအချိန်မှာ အရှေ့တိုင်းမှာ တပ်ဖြန့်ချထားနိုင်ဖို့ ကျွန်တော်တို့ လူသစ်တွေစုဆောင်းနေပါတယ်။ လောလောဆယ် ဗြိတိန်တပ်မတော်ထဲက ဂျပန်စကားပြောအရာရှိတစ်ဦးကို ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ပေးဖို့ဆောင်ရွက်သွားမှာပါ။ ဘာ ပဲဖြစ်ဖြစ် နောက်ထပ်ထောက်လှမ်းရေးတစ်ယောက်မွေးပြီး ဂျပန်စကားကျွမ်းကျင်အောင်သင်ပေးနေရတာထက် လက်ရှိဂျပန်စကားပြောတဲ့အရာရှိကို ထောက်လှမ်းရေးအရာရှိအဖြစ်တာဝန်ပေးလိုက်ရတာက ပိုပြီး မြန်ဆန် တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ဗြိတိန်၊ အမေရိကန်နှင့် သြစတေးလျနိုင်ငံတို့၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများထောက်ပံံ့ရေး စာ ချုပ်ချုပ်ဆိုလိုက်ပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်လာပါက ဗြိတိန်နိုင်ငံကို စစ်ပွဲအတွင်းသို့ ဆွဲခေါ်နိုင်သည်ကို သံတမန်ရေးရာကျွမ်းကျင်သူများကစိုးရိမ်မှုမြင့်တက်လာသဖြင့် ယခုကဲ့သို့ ထောက်လှမ်းရေးသူလျှိုများစုဆောင်းနေသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

 

Ref: British military recruits new spies to send to Asia amid international fall out over new UK, US and Australia nuclear sub deal to combat China threat

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 

Ref: British military recruits new spies to send to Asia amid international fall out over new UK, US and Australia nuclear sub deal to combat China threat

 

#PeopleMedia


Share this post