• Follow Us on

Home အာရှပိုးလမ်းမကြီးစီမံချက်နှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်သည့် အစီရင်ခံစာထွက်ပေါ်လာစဉ် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ၏ မှီခိုမှု မြင့်တက်လာ

အာရှပိုးလမ်းမကြီးစီမံချက်နှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်သည့် အစီရင်ခံစာထွက်ပေါ်လာစဉ် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ၏ မှီခိုမှု မြင့်တက်လာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃ (People Media)

 

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးရေးစီမံချက် ၂၁ ခုအတွက် မြန်မာအစိုးရထံသို့ ဒေါ်လာ ၆ သန်းကျော်လွှဲပြောင်းပေးအပ်  သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

 

ထိုကဲ့သို့ကူညီထောက်ပံ့မှုမှာ အနောက်တိုင်း အင်အားကြီးနိုင်ငံများက စစ်အာဏာသိမ်းမှုအပြီး ခပ်တန်းတန်း ဆက်ဆံသော်လည်း တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်လာကြောင်း အချက်ပြ လိုက်ခြင်းဖြစ်သည်။

 

လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး ၆၇၉ ကြိမ်ကျူးလွန်ခဲ့သည်ကိုတွေ့ရှိရကြောင်းစွပ်စွဲထားသည့် အစီရင် ခံစာအသစ်တစ်ခုထွက်ပေါ်လာချိန်တွင် မြန်မာနိုင်ငံသို့ကူညီရန် တရုတ်အစိုးရကဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ် သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အာရှပိုးလမ်းမကြီးစီမံချက်The Belt and Road Initiative (BRI) အ ရ ပြည်ပရောက်တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ဆက်စပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုများမှာ အားနည်းညံ့ဖျင်းသောအစိုးရများအုပ်ချုပ်သည့်နိုင်ငံများနှင့် တရုတ် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများလွှမ်းမိုးထားသည့်နိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် လူ့အခွင့်အရေး ရင်းမြစ်များစင်တာ (BHRRC) က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်စီးပွား ရေးလုပ်ငန်းများ မြန်မာပြည်တွင်ရှိနေခြင်းသည် “အန္တရာယ်မြင့်မားခြင်း” ဖြစ်ကြောင်း BHRRC ၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။

 

စွပ်စွဲခံထားရသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သုံးပုံတစ်ပုံမှာ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ကြားကာလ တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။ ပီရူးနှင့် အီကွေဒေါအပါအဝင် အာဖရိကနှင့် လက်တင်အမေရိက နိုင် ငံများသည်လည်း လူ့အခွင့်အရေးချိုးဖောက်သည့်နိုင်ငံများစာရင်းတွင် ပါဝင်ကြောင်းဖော်ပြထားသည်။ တရုတ် နိုင်ငံမှ သက်ဆိုင်ရာနိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြားကာလ တွင် ဒေါ်လာ ဘီလျံ ၉၀ ကျော်လွန်သွားကြောင်း တရားဝင်အချက်အလက်များဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံမှလွှဲပြောင်းပေးမည့်ထောက်ပံ့ငွေများမှာ မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်မှုဘောင်အတွင်းရှိ စီမံချက်လုပ်ငန်းများအတွက် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေ ညာချက်တွင်တွေ့ရသည်။ ယင်းစီမံချက်လုပ်ငန်းများတွင် တိရိစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့ပါဝင်သည်။

 

Ref: Myanmar’s dependence on China increases even as a new report slams BRI related abuses

 

#PeopleMedia #တရုတ်

 

(unicode)


……………………………………………………………

 


 



 


 


 


 


 

Ref: Myanmar’s dependence on China increases even as a new report slams BRI related abuses

 



Share this post