• Follow Us on

Home အာရှ-ပစိဖိတ်ဒေသတွင်း စစ်အေးခေတ်တင်းမာမှုများဖြစ်မလာစေရန် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သတိပေး

အာရှ-ပစိဖိတ်ဒေသတွင်း စစ်အေးခေတ်တင်းမာမှုများဖြစ်မလာစေရန် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သတိပေး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်ကပ်ရောဂါဘေးပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုများကိုင် တွယ်ဆောင်ရွက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တိုက်တွန်းပြောကြားလိုက်ပြီး အာရှ-ပစိဖိတ် ဒေသတွင်း စစ်အေးခေတ်တင်းမာမှုများဆီသို့ နောက်ပြန်လှည့်မသွားရန် နိုဝင်ဘာလ ၁၁ ရက်နေ့က သတိပေး ပြောကြားလိုက်သည်။

 

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်နိုင်ငံကြား ရရှိခဲ့သည့်မျှော်လင့်မထားသောသဘောတူညီမှု ကြောင့် တင်းမာမှုများတစ်စိတ်တစ်ပိုင်းပြေလျှော့ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်က “ဒေသတွင်းရှိ နိုင်ငံအားလုံး စိန်ခေါ်မှုများနှင့်ပတ်သက်၍ အတူတကွပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောသည်။

 

“ဝါဒရေးရာအရငြင်းပယ်ဖို့နဲ့ ပထဝီနိုင်ငံရေးနောက်ခံအကြောင်းနဲ့ဆက်နွယ်ပြီး အသိုက်အဝန်းလေးတွေဖွဲ့ဖို့ ကြိုး ပမ်းတာဟာ ပျက်ပြယ်ဖို့ သေချာသွားပါပြီ။ အာရှ-ပစိဖိတ်ဒေသဟာ စစ်အေးခေတ် ထိပ်တိုက်တွေ့ဆုံမှုနဲ့ သ ဘောထားကွဲပြားမှု အခြေအနေဆိုးမျိုးကို ပြန်မရောက်နိုင်သလို ပြန်လည်းမရောက်သင့်တော့ပါဘူး။” ဟု အာရှ- ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး၏ ဘေးပန်းအစည်းအဝေးအဖြစ် အွန်လိုင်းစီးပွားရေး ဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်သည်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိရေးအတွက် ကာကွယ်ဆေးပြတ်လပ်မှုကို ဖြည့် တင်းပေးရာ၌ အတူတကွပူးပေါင်းကြိုးပမ်းရန် တရုတ်ခေါင်းဆောင်ရှီက တိုက်တွန်းလိုက်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် COVID-19 ကာကွယ်ဆေးများ ရရှိရေးနှင့် ဝယ်ယူနိုင်ရေးအတွက် ဒေသတွင်းအင်အားကြီးနိုင်ငံများ က တိကျသေချာအောင်ဆောင်ရွက်သင့်ကြောင်း ရှီကပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ စကော့တလန်၊ ဂလပ်စ်ဂေါတွင်ကျင်းပသော အ စည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုနှင့် နားလည်မှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာလ ၁၀ ရက် နေ့ကပြောသည်။ ဘိုင်ဒန်အစိုးရကလည်း ရာသီဥတုပြောင်းလဲမှုအကြောင်းအရာသည် အနာဂတ်ကာလ ပူး ပေါင်းဆောင်ရွက်နိုင်မည့် အဓိကနယ်ပယ်တစ်ခုအဖြစ်ရှုမြင်ထားသည်။

 

တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်နှင့် သဘောတူညီမှုရရှိခဲ့သည်များကို အသေးစိတ်ထုတ်ဖော်ပြောဆို ခြင်းမရှိသော်လည်း “ကျွန်တော်တို့အားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာဘွန်လျှော့ချရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လမ်းကြောင်းပေါ်မှာ စတင်ဆောင်ရွက်နိုင်မှာပါ။” ဟု ပြောသည်။

 

“အနာဂတ်ကာလ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်းရရှိလာမယ့် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်မှာ ကျွန်တော်တို့ အတူတကွ လမ်းပြနိုင်မှာပါ။ တရုတ်နိုင်ငံအနေနဲ့ နှစ်ဖက်စလုံးအနိုင်ရရှိတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အာရှ- ပစိဖိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွ့် အားပေးမြှင့်တင်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီးသားပါ။” ဟု ရှီကျင့်ဖျင်ကပြောသည်။

 

Ref: China’s Xi Warns of ‘Cold War-Era’ Tensions in Asia-Pacific

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: China’s Xi Warns of ‘Cold War-Era’ Tensions in Asia-Pacific

 

#PeopleMedia


Share this post