• Follow Us on

Home အာမေးနီးယားလူမျိုးစုများအုပ်ချုပ်နေသည့် အဓိကမြို့တမြို့ကိုသိမ်းယူနိုင်ပြီဟု အဇာဘိုင်ဂျန်သမ္မတကြေညာ


Share this post

ဘာကူ၊ နိုဝင်ဘာ ၉










#PeopleMedia

(unicode)
အာမေးနီးယားလူမျိုးစုများအုပ်ချုပ်နေသည့် အဓိကမြို့တမြို့ကိုသိမ်းယူနိုင်ပြီဟု အဇာဘိုင်ဂျန်သမ္မတကြေညာ
…………………………………………….

ဘာကူ၊ နိုဝင်ဘာ ၉

ခွဲထွက်ရန်ရှိနေသည့်နာဂေါ်နို-ကာရာဘာ့ဒေသမှအဓိကမြို့တမြို့ကို သိမ်းယူနိုင်ခဲ့သည်ဟု အဇာဘိုင်ဂျန်သမ္မတကပြောသည်။

အာမေးနီးယားတွင် ရှူရှီဟုသိကြသည့် ရှူရှာမြို့ကို အာဇာဘိုင်ဂျန်တပ်ဖွဲ့များက သိမ်းယူနိုင်ကြောင်း သမ္မတ အီဟမ် အလီယက်က တနင်္ဂနွေနေ့တီဗွီမိန့်ခွန်းတွင်ကြေညာသည်။

အာမေးနီးယားဘက်က ထိုသိမ်းယူမှုမရှိကြောင်းငြင်းဆိုခဲ့ပြီး ဆက်လက်တိုက်ခိုက်နေသည်ဟု ငြင်းဆိုသည်။

အငြင်းပွားနယ်မြေတွင်လက်ရှိပဋိပက္ခများ၌ မဟာဗျူဟာမြောက်မြို့တမြို့ကိုသိမ်းယူနိုင်ခြင်းသည် အဇာဘိုင်ဂျန်အတွက် အဓိကအောင်ပွဲတခုဖြစ်လာနိုင်သည်။

နာဂေါ်နို-ကာရာဘာ့သည် အဇာဘိုင်ဂျန်ပိုင်ဟု နိုင်ငံတကာကသတ်မှတ်ထားသော်လည်း အာမေးနီးယားအစိုးရကနောက်ထံပေးထားသည့်အာမေးနီးယားလူမျိုးစုများအုပ်ချုပ်နေသည်။

၁၉၉၄ ခုနှစ်က နှစ်နိုင်ငံကြားစစ်ပွဲကို အပစ်ရပ်စာချုပ်ဖြင့်ရပ်ဆိုင်းခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိပေ။

လက်ရှိတိုက်ပွဲများက စက်တင်ဘာလတွင်စတင်ခဲ့ပြီး အကြမ်းဖက်မှုများဖြစ်လာခြင်းအတွက် တဖက်နှင့်တဖက်အပြန်အလှန်အပြစ်တင်နေကြသည်။

ယခုတိုက်ပွဲများကြောင့် သေဆုံးသူရာဂဏန်းအထိရှိနေသည်။

Ref : Nagorno-Karabakh: Azerbaijan ‘takes key town’ in Armenia conflict

#PeopleMedia


Share this post