• Follow Us on

Home အာေမးနီးယားႏွင့္အဇာဘိုင္ဂ်န္တို႔ စစ္ျဖစ္ပြား

အာေမးနီးယားႏွင့္အဇာဘိုင္ဂ်န္တို႔ စစ္ျဖစ္ပြား

Share this post

ဘာကူ၊ စက္တင္ဘာ ၂၈

ကမာၻ႔သက္တမ္းအ႐ွည္ဆံုးပဋိပကၡမ်ားထဲတြင္ပါ၀င္သည့္ အာေမးနီးယားႏွင့္အဇာဘိုင္ဂ်န္ႏိုင္ငံတို႔ၾကားနယ္ေျမအျငင္းပြားမႈသည္ ၿပီးခ့ဲသည့္ႏွစ္မ်ားအတြင္း အျပင္းထန္ဆံုးထိပ္တိုက္ေတြ႔ဆံုမႈမ်ားျဖင့္ ျပန္လည္ေပၚေပါက္လာခဲ့သည္။

ဆိုဗီယက္ျပည္ေထာင္စုတြင္ပါ၀င္ခဲ့သည့္ႏွစ္ႏိုင္ငံက နာေဂၚႏို-ကာရာဘားေဒသအေရးတိုက္ခိုက္မႈေၾကာင့္ တနဂၤေႏြေန႔တြင္ အနည္းဆံုးလူ ၂၃ ေယာက္ေသဆံုးခဲ့သည္။

ထိုေဒသကို အဇာဘိုင္ဂ်န္ပိုင္ဆိုင္သည္ဟု ႏိုင္ငံတကာကသတ္မွတ္ထားေသာ္လည္း အာေမးနီးယားလူမ်ိဳးစုမ်ားက ထိန္းခ်ဳပ္ထားသည္။

၁၉၉၀ ျပည့္ႏွစ္အေစာပိုင္းမ်ားတြင္ နယ္ေျမကြဲခဲ့ၿပီးေနာက္ စစ္ျဖစ္ပြားခဲ့ရာ လူေသာင္းခ်ီေသဆံုးခဲ့သည္။

ေဒသကိုျပန္လည္ထိန္းခ်ဳပ္ခြင့္ရမည္ဟုယံုၾကည္ေၾကာင္း အာဇာဘိုင္ဂ်န္သမၼတ အီဟမ္ အလီယက္ဗ္ကေျပာသည္။

အဇာဘိုင္ဂ်န္ႏိုင္ငံေနရာတခ်ိဳ႕၊ အာေမးနီးယားႏိုင္ငံေနရာတခ်ိဳ႕ႏွင့္ နာေဂၚႏို-ကာရာဘားေဒသတို႔တြင္ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားသည္။

ေကာ့ေကးဆပ္ေတာင္တန္းေဒသမွပဋိပကၡသည္ ဆယ္စုႏွစ္ ၃ ခုေက်ာ္ၾကာသည္အထိေျဖ႐ွင္းႏိုင္ျခင္းမ႐ွိေသးဘဲ အခ်ိန္ပိုင္းမွ်မၾကာမၾကာတင္းမာေလ့႐ွိသည္။

ဇူလိုင္လအတြင္းနယ္စပ္တင္းမာမႈမ်ားေၾကာင့္ လူ ၁၆ ေယာက္ေသဆံုးခဲ့ၿပီး ေဒသကိုျပန္လည္သိမ္းယူရန္ အဇာဘိုင္ဂ်န္ၿမိဳ႕ေတာ္ဘာကူတြင္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းအႀကီးဆံုးဆႏၵျပမႈမ်ားျဖစ္ခဲ့သည္။

ကတ္စပီယံပင္လယ္မွေရနံႏွင့္သဘာ၀ဓာတ္ေငြ႕ကို ကမာၻ႔ေစ်းကြက္သို႔ပိုက္လိုင္းျဖင့္တင္ပို႔ရာတြင္ ေကာ့ေကးဆပ္ေတာင္ပိုင္းသည္ လမ္းေၾကာင္းတစ္ခုျဖစ္သျဖင့္ တိုက္ခိုက္မႈမ်ားျပင္းထန္လာျခင္းသည္ ေစ်းကြက္မ်ားကို မတည္မၿငိမ္ျဖစ္ေစႏိုင္သည္။

Ref : Armenia and Azerbaijan fight over disputed Nagorno-Karabakh

#PeopleMedia

(Unicode)
အာမေးနီးယားနှင့်အဇာဘိုင်ဂျန်တို့ စစ်ဖြစ်ပွား
……………………………

ဘာကူ၊ စက်တင်ဘာ ၂၈

ကမ္ဘာ့သက်တမ်းအရှည်ဆုံးပဋိပက္ခများထဲတွင်ပါဝင်သည့် အာမေးနီးယားနှင့်အဇာဘိုင်ဂျန်နိုင်ငံတို့ကြားနယ်မြေအငြင်းပွားမှုသည် ပြီးခဲ့သည့်နှစ်များအတွင်း အပြင်းထန်ဆုံးထိပ်တိုက်တွေ့ဆုံမှုများဖြင့် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုတွင်ပါဝင်ခဲ့သည့်နှစ်နိုင်ငံက နာဂေါ်နို-ကာရာဘားဒေသအရေးတိုက်ခိုက်မှုကြောင့် တနင်္ဂနွေနေ့တွင် အနည်းဆုံးလူ ၂၃ ယောက်သေဆုံးခဲ့သည်။

ထိုဒေသကို အဇာဘိုင်ဂျန်ပိုင်ဆိုင်သည်ဟု နိုင်ငံတကာကသတ်မှတ်ထားသော်လည်း အာမေးနီးယားလူမျိုးစုများက ထိန်းချုပ်ထားသည်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းများတွင် နယ်မြေကွဲခဲ့ပြီးနောက် စစ်ဖြစ်ပွားခဲ့ရာ လူသောင်းချီသေဆုံးခဲ့သည်။

ဒေသကိုပြန်လည်ထိန်းချုပ်ခွင့်ရမည်ဟုယုံကြည်ကြောင်း အာဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်ကပြောသည်။

အဇာဘိုင်ဂျန်နိုင်ငံနေရာတချို့၊ အာမေးနီးယားနိုင်ငံနေရာတချို့နှင့် နာဂေါ်နို-ကာရာဘားဒေသတို့တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။

ကော့ကေးဆပ်တောင်တန်းဒေသမှပဋိပက္ခသည် ဆယ်စုနှစ် ၃ ခုကျော်ကြာသည်အထိဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ အချိန်ပိုင်းမျှမကြာမကြာတင်းမာလေ့ရှိသည်။

ဇူလိုင်လအတွင်းနယ်စပ်တင်းမာမှုများကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့ပြီး ဒေသကိုပြန်လည်သိမ်းယူရန် အဇာဘိုင်ဂျန်မြို့တော်ဘာကူတွင် ပြီးခဲ့သည့်နှစ်များအတွင်းအကြီးဆုံးဆန္ဒပြမှုများဖြစ်ခဲ့သည်။

ကတ်စပီယံပင်လယ်မှရေနံနှင့်သဘာဝဓာတ်ငွေ့ကို ကမ္ဘာ့စျေးကွက်သို့ပိုက်လိုင်းဖြင့်တင်ပို့ရာတွင် ကော့ကေးဆပ်တောင်ပိုင်းသည် လမ်းကြောင်းတစ်ခုဖြစ်သဖြင့် တိုက်ခိုက်မှုများပြင်းထန်လာခြင်းသည် စျေးကွက်များကို မတည်မငြိမ်ဖြစ်စေနိုင်သည်။

Ref : Armenia and Azerbaijan fight over disputed Nagorno-Karabakh

#PeopleMedia


Share this post