• Follow Us on

Home အာေရဗ်ပင္လယ္အတြင္း သေဘၤာတစ္စင္းေပၚမွ သံသယျဖစ္ဖြယ္ရာ အီရန္လုပ္ လက္နက္ခဲယမ္းမ်ား အေမရိကန္ေရတပ္ ဖမ္းဆီးရမိ

အာေရဗ်ပင္လယ္အတြင္း သေဘၤာတစ္စင္းေပၚမွ သံသယျဖစ္ဖြယ္ရာ အီရန္လုပ္ လက္နက္ခဲယမ္းမ်ား အေမရိကန္ေရတပ္ ဖမ္းဆီးရမိ

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၁၄

ယီမင္ႏိုင္ငံရွိ ဟူသီသူပုန္မ်ားသို႔ေပးပို႔ရန္ ရည္ရြယ္ထားေသာ အီရန္ႏိုင္ငံမွ ထုတ္လုပ္ထားသည္ဟု ယုံ ၾကည္ရေသာ ေခတ္မီလက္နက္မ်ားႏွင့္ လက္နက္အစိတ္အပိုင္းမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း အေမရိကန္ေရတပ္ က ေျပာၾကားသည္။

ဒီလာဗီ တင့္ကားဖ်က္ဒုံးက်ည္ အစင္း ၁၅၀ ေက်ာ္ႏွင့္ အီရန္ႏိုင္ငံလုပ္ ေျမျပင္-ေဝဟင္ခြင္းဒုံးက်ည္သုံး စင္း အပါအဝင္ ေဖေဖာ္ဝါရီလ ၉ ရက္ကျပဳလုပ္သည့္ ပင္လယ္ေရေၾကာင္းဆိုင္ရာ စစ္ဆင္ေရးတစ္ခုအတြင္း အာ ေရဗ်ပင္လယ္အတြင္းရွိ ႏိုင္ငံမဲ့ သေဘၤာတစ္စင္းထံမွ ဖမ္းဆီးရမိခဲ့သည္။

သေဘၤာေပၚမွ ဖမ္းဆီးရမိခဲ့သည့္ အျခား လက္နက္အစိတ္အပိုင္းမ်ားမွာ အီရန္ႏိုင္ငံထုတ္ ေျမျပင္-ေဝဟင္ခြင္းဒုံးက်ည္သုံးစင္းႏွင့္ ေမာင္းသူမဲ့ေလယာဉ္ အ စိတ္အပိုင္းမ်ားျဖစ္ေၾကာင္း ယမန္ေန႔ကထုတ္ျပန္သည့္ ေၾကညာခ်က္တစ္ရပ္က ေဖာ္ျပခဲ့သည္။

သို႔ေသာ္လည္း မည္သည့္ ဒုံးက်ည္အမ်ိဳးအစားမ်ား ဖမ္းဆီးရမိခဲ့သည္ကို ထုတ္ျပန္ခ်က္က မေဖာ္ျပခဲ့ေပ။

ၿပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အေမရိကန္ေရတပ္၏ ယူအက္စ္အက္စ္ ေနာ္မန္ဒီ ပဲ့ထိန္းခ႐ူဆာ စစ္သေဘၤာက ဖမ္းဆီးရမိခဲ့သည့္ စစ္လက္နက္ပစၥည္းအမ်ားစုမွာ ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအတြင္း ယူအက္စ္ အက္စ္ ရွားမန္းပဲ့ထိန္းဖ်က္သေဘၤာမွ အမႈထမ္းမ်ား သိမ္းဆည္းရမိခဲ့သည့္ လက္နက္မ်ား၊ အစိတ္အပိုင္းမ်ားႏွင့္ တူညီမႈရွိေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအတြင္း သိမ္းဆည္းရမိခဲ့ေသာ လက္နက္ ခဲယမ္းမ်ားမွာ ယီမင္ႏိုင္ငံရွိ ဟူသီသူပုန္မ်ားထံ ဦးတည္ေနေၾကာင္း အေမရိကန္တပ္မေတာ္က ေျပာၾကားခဲ့သည္။

အီရန္ႏိုင္ငံက ေက်ာေထာက္ ေနာက္ခံ ျပဳထားေသာ ဟူသီသူပုန္အဖြဲ႕က ယီမင္ႏိုင္ငံရွိ ေဆာ္ဒီအာေရဗ်တပ္ ဖြဲ႕မ်ားကို တိုက္ခိုက္ေနသည္မွာ ငါးႏွစ္ၾကာျမင့္ၿပီျဖစ္သည္။ ဟူသီသူပုန္အဖြဲ႕သည္ အတိတ္ကာလက ေဆာ္ဒီတပ္ ဖြဲ႕မ်ားကို တိုက္ခိုက္ရန္ ေမာင္းသူမဲ့ေလယာဉ္မ်ား၊ ေမာ္ေတာ္ယာဉ္မ်ား အသုံးျပဳခဲ့သည္။ အီရန္ႏိုင္ငံမွထုတ္လုပ္ သည့္ စစ္လက္နက္မ်ားကို အသုံးျပဳ၍ တိုက္ခိုက္ေၾကာင္း အေမရိကန္တပ္မေတာ္မွ ကြၽမ္းက်င္သူမ်ားက ေျပာ ၾကားသည္။

သိမ္းဆည္းရမိေသာ ခဲယမ္းလက္နက္မ်ားပို႔ေဆာင္မႈက ဟူသီသူပုန္မ်ားထံ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ ဝႈိက္၍ လက္နက္မ်ား ေထာက္ပံ့မႈ၊ ေရာင္းခ်မႈႏွင့္ လႊဲေျပာင္းေပးမႈကို ပိတ္ပင္တားျမစ္ေသာ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ၏ ဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္မည္ဟု ထုတ္ျပန္ခ်က္က ေျပာသည္။

Ref; U.S. Navy Seizes Suspected Iranian Weapons Cache In Arabian Sea

#MPI #InternationalNews

(unicode)
အာရေဗျပင်လယ်အတွင်း သင်္ဘောတစ်စင်းပေါ်မှ သံသယဖြစ်ဖွယ်ရာ အီရန်လုပ် လက်နက်ခဲယမ်းများ အမေရိကန်ရေတပ် ဖမ်းဆီးရမိ
……………………………………………………………………………..

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များသို့ပေးပို့ရန် ရည်ရွယ်ထားသော အီရန်နိုင်ငံမှ ထုတ်လုပ်ထားသည်ဟု ယုံ ကြည်ရသော ခေတ်မီလက်နက်များနှင့် လက်နက်အစိတ်အပိုင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန်ရေတပ် က ပြောကြားသည်။

ဒီလာဗီ တင့်ကားဖျက်ဒုံးကျည် အစင်း ၁၅၀ ကျော်နှင့် အီရန်နိုင်ငံလုပ် မြေပြင်-ဝေဟင်ခွင်းဒုံးကျည်သုံး စင်း အပါအဝင် ဖေဖော်ဝါရီလ ၉ ရက်ကပြုလုပ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာ စစ်ဆင်ရေးတစ်ခုအတွင်း အာ ရေဗျပင်လယ်အတွင်းရှိ နိုင်ငံမဲ့ သင်္ဘောတစ်စင်းထံမှ ဖမ်းဆီးရမိခဲ့သည်။

သင်္ဘောပေါ်မှ ဖမ်းဆီးရမိခဲ့သည့် အခြား လက်နက်အစိတ်အပိုင်းများမှာ အီရန်နိုင်ငံထုတ် မြေပြင်-ဝေဟင်ခွင်းဒုံးကျည်သုံးစင်းနှင့် မောင်းသူမဲ့လေယာဉ် အ စိတ်အပိုင်းများဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်က ဖော်ပြခဲ့သည်။

သို့သော်လည်း မည်သည့် ဒုံးကျည်အမျိုးအစားများ ဖမ်းဆီးရမိခဲ့သည်ကို ထုတ်ပြန်ချက်က မဖော်ပြခဲ့ပေ။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အမေရိကန်ရေတပ်၏ ယူအက်စ်အက်စ် နော်မန်ဒီ ပဲ့ထိန်းခရူဆာ စစ်သင်္ဘောက ဖမ်းဆီးရမိခဲ့သည့် စစ်လက်နက်ပစ္စည်းအများစုမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ယူအက်စ် အက်စ် ရှားမန်းပဲ့ထိန်းဖျက်သင်္ဘောမှ အမှုထမ်းများ သိမ်းဆည်းရမိခဲ့သည့် လက်နက်များ၊ အစိတ်အပိုင်းများနှင့် တူညီမှုရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း သိမ်းဆည်းရမိခဲ့သော လက်နက် ခဲယမ်းများမှာ ယီမင်နိုင်ငံရှိ ဟူသီသူပုန်များထံ ဦးတည်နေကြောင်း အမေရိကန်တပ်မတော်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံက ကျောထောက် နောက်ခံ ပြုထားသော ဟူသီသူပုန်အဖွဲ့က ယီမင်နိုင်ငံရှိ ဆော်ဒီအာရေဗျတပ် ဖွဲ့များကို တိုက်ခိုက်နေသည်မှာ ငါးနှစ်ကြာမြင့်ပြီဖြစ်သည်။ ဟူသီသူပုန်အဖွဲ့သည် အတိတ်ကာလက ဆော်ဒီတပ် ဖွဲ့များကို တိုက်ခိုက်ရန် မောင်းသူမဲ့လေယာဉ်များ၊ မော်တော်ယာဉ်များ အသုံးပြုခဲ့သည်။ အီရန်နိုင်ငံမှထုတ်လုပ် သည့် စစ်လက်နက်များကို အသုံးပြု၍ တိုက်ခိုက်ကြောင်း အမေရိကန်တပ်မတော်မှ ကျွမ်းကျင်သူများက ပြော ကြားသည်။

သိမ်းဆည်းရမိသော ခဲယမ်းလက်နက်များပို့ဆောင်မှုက ဟူသီသူပုန်များထံ တိုက်ရိုက် သို့မဟုတ် သွယ် ဝှိုက်၍ လက်နက်များ ထောက်ပံ့မှု၊ ရောင်းချမှုနှင့် လွှဲပြောင်းပေးမှုကို ပိတ်ပင်တားမြစ်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်မည်ဟု ထုတ်ပြန်ချက်က ပြောသည်။

Ref; U.S. Navy Seizes Suspected Iranian Weapons Cache In Arabian Sea

#MPI #InternationalNews


Share this post