• Follow Us on

Home အားလပ်ရက်ခရီးထွက်မိခြင်းကို တာဝန်ခံသည့်အနေဖြင့် အိမ်ဖြူတော်ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ရာထူးမှ နုတ်ထွက်


Share this post

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
အားလပ်ရက်ခရီးထွက်မိခြင်းကို တာဝန်ခံသည့်အနေဖြင့် အိမ်ဖြူတော်ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ရာထူးမှ နုတ်ထွက်
………………………………………………………….
 
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃
 
ရုံးပိတ်ရက်တွင်စုဝေးမှုတခုကိုလက်ခံကျင်းပခဲ့ကြောင်းပေါ်ပေါက်လာပြီးနောက် အိမ်ဖြူတော်၏ ကိုရိုနာဗိုင်း ရပ်စ်အထူးအဖွဲ့မှ ထိပ်တန်းပြည်သူ့ကျန်းမာရေးအရာရှိတယောက်က ရာထူးမှအနားယူမည်ဟုပြောသည်။
 
အသက် ၆၄ နှစ်ရှိသည့်ဒေါက်တာ ဒီဘိုရာ ဘားက်စ်က ဒီလာဝဲပြည်နယ်တွင် ကျေးဇူးတော်နေ့၌ မိသားစု စုဝေးပွဲပြုလုပ်ခြင်းကြောင့် ဝေဖန်ခံနေရသည်ကိုအကြောင်းပြုပြီး ရာထူးမှအနားယူရန်ဆုံးဖြတ်ခြင်း ဟုပြော သည်။
 
ဒေါက်တာ ဘားက်စ်က ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်လက်အောက်တွင် အလုပ်လုပ်ရန် အလုပ်ရှာနေ သည်ဟု ပြောဆိုမှုများရှိနေသည်။ မည်သည့်အချိန်တွင် အနားယူမည်ဟုမပြောသော်လည်း လာမည့်ဘိုင်ဒန်အ စိုးရသက်တမ်းတွင် ကူညီပြီးနောက် အနားယူမည်ဟုပြောသည်။
 
ကျေးဇူးတော်နေ့မတိုင်မီ လူစုဝေးခြင်းကန့်သတ်ရန် အမေရိကန်နိုင်ငံသားများကို သူက တိုက်တွန်းခဲ့သည်။
 
သို့သော် ကျေးဇူးတော်နေ့မတိုင်မီ ဝါရှင်တန်မှ ဒီလာဝဲရှိ နောက်ထပ်တအိမ်သို့ခရီးသွားပြီး မိသားစုမျိုးဆက် ၃ ဆက်တွေ့ဆုံခဲ့သည်ဟု တနင်္ဂနွေနေ့တွင် အချက်အလက်များထွက်ပေါ်ခဲ့သည်။
 
Ref : Dr Deborah Birx White House virus expert quits over holiday travel
 
#PeopleMedia

Share this post