• Follow Us on
Latest News

Home အားလုံးကောင်းရန် ဘင်္ဂါလီများ မြန်မြန်နှင့် ဘေးကင်းကင်းနေရပ်ပြန်နိုင် သင့်ကြောင်း အိန္ဒိယတိုက်တွန်း


Share this post

နယူးဒေလီ၊ ဇူလိုင် ၉








#PeopleMedia

(unicode)
အားလုံးကောင်းရန် ဘင်္ဂါလီများ မြန်မြန်နှင့် ဘေးကင်းကင်းနေရပ်ပြန်နိုင် သင့်ကြောင်း အိန္ဒိယတိုက်တွန်း
……………………………………………………

နယူးဒေလီ၊ ဇူလိုင် ၉

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ မြန်မြန်၊ ဘေးကင်းကင်းနှင့် ရေရှည်နေရပ်ပြန်နိုင်ပါက ဘက်ပေါင်း စုံမှကောင်းမည်ဖြစ်ပြီး ထိုအချက်သည် ဘင်္ဂါလီများနေရပ်ပြန်ရေးအတွက် လိုအပ်ချက်ဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံဘက်ကပြောသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. Subrahmanyam Jaishankar က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr AK Abdul Momen ထံ ပေးစာတစ်စောင်တွင် ထည့်သွင်းရေးထားခြင်းဖြစ်သည်။

ဘင်္ဂါလီများကို ခိုလှုံခွင့်ပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ချီးကျူးကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ၏ စာတွင်ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှထွက်ပြေးလာသည့်ဘင်္ဂါလီများဘဝကောင်းမွန်ရေးဝန်ကို တခြားနိုင်ငံများထံ ဝေမျှချင်နေသည်။

၃ နှစ်ကြာလာသော်ပြီး မြန်မာနိုင်ငံက ပြန်လက်ခံရန်သဘောတူထားသော်လည်း ဘင်္ဂါလီတစ်ယောက်မှ တရား ဝင်လမ်းကြောင်းမှပြန်ခြင်းမရှိဟု Dr AK Abdul Momen ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့က်စ်ဘဇားခရိုင်တွင် ဘင်္ဂါလီ ၁.၁ သန်းကျော်နေထိုင်နေကြသည်။

Ref : Quick and safe Rohingya repatriation good for all: India

#PeopleMedia


Share this post