• Follow Us on

Home အာရှ၏အယ်ချာပိုဟုခေါ်ဝေါ်ကြသည့် မူးယစ်ဆေးရောင်းဝယ်ရေးခေါင်းဆောင်ကို နယ်သာလန်ရဲတပ်ဖွဲ့ဖမ်းဆီး

အာရှ၏အယ်ချာပိုဟုခေါ်ဝေါ်ကြသည့် မူးယစ်ဆေးရောင်းဝယ်ရေးခေါင်းဆောင်ကို နယ်သာလန်ရဲတပ်ဖွဲ့ဖမ်းဆီး

Share this post

အမ်စတာဒမ်၊ ဇန်နဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမ္ဘာ့အကြီဆုံးမူးယစ်ဆေးဂိုဏ်းတခု၏မရှိမဖြစ်သူဟုသံသယရှိသည့် ဆီချီလော့ကို သူ၏မူးယစ်ဆေးအင်ပါယာ ကို စုံစမ်းစစ်ဆေးနေသည့် သြစတြေးလျအစိုးရ၏တောင်းဆိုချက်ဖြင့် နယ်သာလန်နိုင်ငံမြို့တော်အမ်စတာ ဒမ်တွင် ဖမ်းမိခဲ့သည်။

တရုတ်နိုင်ငံဖွား ကမ္ဘောဒီးယားနိုင်ငံသားကို အမ်စတာဒမ်ရှိ ရှီဖိုလ်နိုင်ငံတကာလေဆိပ်တွင် ခုခံမှုမရှိဘဲ ဖမ်းမိခဲ့ သည်ဟု သြစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့က စနေနေ့တွင်ကြေညာသည်။

ဆီသည် ‘the company’ ကုမ္ပဏီဟုလည်းသိကြသည့် ဆမ်ဂေါမူးယစ်ဆေးဂိုဏ်းစု၏ခေါင်းဆောင်ဟု ယူဆ ထားသည်။

ထိုဂိုဏ်းသည် အာရှတွင်လည်ပတ်နေသည့် အကြီးဆုံးတရားမဝင်မူးယစ်ဆေးလုပ်ငန်းဖြစ်နိုင်ပြီး နှစ်စဉ် ဒေါ်လာ သန်း ၈၀၀၀ နှင့် ၁၇၇၀၀ ကြားဝင်ငွေရနေသည်ဟု အာဏာပိုင်များကပြောသည်။

ထို့အပြင် တနှစ်လျှင် ဒေါ်လာသန်း ၇၀၀၀၀ တန်ဖိုးရှိ အာရှ-ပစိဖိတ်မက်သာဖက်တမင်းကုန်သွယ်မှုတွင် ဦးဆောင်ပါဝင်နေသည်ဟုလည်း သံသယရှိနေသည်။

ဆီ၏မူးယစ်ဆေးများသည် သြစတြေးလျနိုင်ငံသို့ဝင်လာသည့်ပမာဏ၏ ၇၀ ရာခိုင်နှုန်းဖြစ်နိုင်သည်ဟု ခန့်မှန်း ထားသည်။

ဂိုဏ်းသည် မက်သာဖက်တမင်း၊ ဟီရိုအင်းနှင့် ကီတာမင်းများကို ဂျပန်နိုင်ငံမှနယူးဇီလန်နိုင်ငံသို့ ပို့နေသည်ဟု လည်း စွပ်စွဲမှုများရှိသည်။
ဆီသည် မြန်မာနိုင်ငံတွင် ဈေးကွက်တင်ပို့နိုင်သည့်မက်သာဖက်တမင်းဆေးပြားများထုတ်လုပ်ပြီး လက်ဖက် ရည်ထုပ်များအဖြစ်ထုပ်ပိုးကာ နိုင်ငံခြားတင်ပို့သည်။

အမြတ်ငွေများကို အရှေ့တောင်အာရှတလျှောက်ရှိ ကာဆီနိုများတွင် ငွေဖြူအဖြစ်ပြောင်းလဲသည်ဟု စုံစမ်းဖော်ထုတ်သူများကပြောသည်။

အသက် ၅၇ နှစ်ရှိသူသည် ဟောင်ကောင်၊ မကာအိုနှင့် အရှေ့တောင်အာရှတို့မှ ဒေါ်လာသန်းသောင်းချီ တန်သည့်လုပ်ငန်းများလည်ပတ်နေပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်နှင့်သြစတြေးလျနိုင်ငံတို့က ဝရမ်းထုတ်ထား သော်လည်း အရိပ်ထဲတွင်သာနေလေ့ရှိသည်။

လက်တင်အမေရိကမှထင်ရှားသည့်မူးယစ်ရာဇာများဖြစ်သော ဂျိုအာကွင်း အယ်ချာပို ဂုဇ်မန်းနှင့် ပတ်ဘလို အက်စကိုဘာတို့နှင်နှိုင်းယှဉ်ပြောရလေ့ရှိသောဆီသည် ငွေအများအပြားသုံးစွဲမှုနှင့် အခြားထူးဆန်းသည့် အပြုအမူများကြောင့်လည်း ထင်ရှားသူဖြစ်သည်။

Ref : Dutch police nab ‘Asia’s El Chapo’, suspected leader of one of world’s largest drug-trafficking operations

#PeopleMedia

(unicode)
………………………………………………….












Ref : Dutch police nab ‘Asia’s El Chapo’, suspected leader of one of world’s largest drug-trafficking operations

#PeopleMedia


Share this post