• Follow Us on

Home အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဟုအဖြေထွက်လာပြီးနောက် သြစတြေးလျမှ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးစမ်းသပ်မှု လက်လျော့

အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဟုအဖြေထွက်လာပြီးနောက် သြစတြေးလျမှ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးစမ်းသပ်မှု လက်လျော့

Share this post

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၁

စမ်းသပ်မှုတွင်ပါဝင်နေသူတယောက် အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မှားယွင်းနေသည့် အဖြေထွက်ခဲ့ပြီးနောက် အလားအလာကောင်းသည့်သြစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တမျိုးကို စမ်းသပ်မှုရပ်ဆိုင်းခဲ့သည်။



အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုသည့်ရလဒ်သည် မှားကြောင်းနှင့် ထိုစမ်းသပ်ခံလူ၏ ကျန်းမာ ရေးအန္တရာယ်မရှိကြောင်း ကုမ္ပဏီနှင့်တက္ကသိုလ်တို့ကပြောထားသည်။



#PeopleMedia

(unicode)
အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဟုအဖြေထွက်လာပြီးနောက် သြစတြေးလျမှ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးစမ်းသပ်မှု လက်လျော့
…………………………………………………….

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၁

စမ်းသပ်မှုတွင်ပါဝင်နေသူတယောက် အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မှားယွင်းနေသည့် အဖြေထွက်ခဲ့ပြီးနောက် အလားအလာကောင်းသည့်သြစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တမျိုးကို စမ်းသပ်မှုရပ်ဆိုင်းခဲ့သည်။

သြစတြေးလျကုမ္ပဏီ CSL နှင့် ကွင်းစ်လန်တက္ကသိုလ်တို့ပူးပေါင်းထုတ်လုပ်သည့်ကာကွယ်ဆေးကို ၅၁ သန်းဝယ်ယူရန် သြစတြေးလျအစိုးရက သဘောတူထားသည်။

လက်ရှိတွင် အခြားကာကွယ်ဆေးများဖြင့် လိုအပ်ချက်ကိုဖြည့်တင်းသွားမည်ဟု သြစတြေးလျအစိုးရ ကပြောသည်။

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုသည့်ရလဒ်သည် မှားကြောင်းနှင့် ထိုစမ်းသပ်ခံလူ၏ ကျန်းမာ ရေးအန္တရာယ်မရှိကြောင်း ကုမ္ပဏီနှင့်တက္ကသိုလ်တို့ကပြောထားသည်။

နိုဗာဗက်ကာကွယ်ဆေးကိုဝယ်ယူရန် သဘောတူညီမှုရတော့မည်ဖြစ်ကြောင်းနှင့် အောက်စဖို့/အက်စထရာ ဇီနီကာကွယ်ဆေးအမှာများ ထပ်တိုးလိုက်ကြောင်း သြစတြေးလျအစိုးရကပြောသည်။

Ref : Covid: Australian vaccine abandoned over false HIV response

#PeopleMedia


Share this post