• Follow Us on

Home အိဒ္ပြဲေတာ္မတိုင္ခင္ ၃ ရက္အပစ္ရပ္ေၾကာင္း တာလီဘန္မ်ားေၾကညာ၊ တိုက္ခိုက္ခံရပါက ျပန္လည္တံု႔ျပန္မည္ဟုကတိျပဳ

အိဒ္ပြဲေတာ္မတိုင္ခင္ ၃ ရက္အပစ္ရပ္ေၾကာင္း တာလီဘန္မ်ားေၾကညာ၊ တိုက္ခိုက္ခံရပါက ျပန္လည္တံု႔ျပန္မည္ဟုကတိျပဳ

Share this post

ကာဘူးလ္၊ ဇူလိုင္ ၃၀

ေသာၾကာေန႔မွစတင္၍ ၃ ရက္ၾကာစစ္ဆင္ေရးမ်ားလုပ္သြားမည္မဟုတ္ဟု တာလီဘန္စစ္ေသြးႂကြမ်ားကေျပာသည္။

မၾကာေသးခင္က အၾကမ္းဖက္တိုက္ခိုက္မႈမ်ားျမင့္တက္ၿပီးေနာက္ တိုက္ခိုက္ေရးသမားမ်ား မြတ္ဆလင္ဥပုသ္လတြင္ပါ၀င္ႏိုင္ေစရန္ဟု ထုတ္ျပန္ခ်က္အရသိရသည္။

ဇူလိုင္ ၃၁ ရက္ႏွင့္ ၾသဂုတ္ ၂ ရက္ၾကား မည္သည့္တိုက္ခိုက္မႈမွမလုပ္ရန္ အာဖဂန္စစ္ေသြးႂကြမ်ားကို ၫႊန္ၾကားထားေၾကာင္း တာလီဘန္ေျပာခြင့္ရ ဇာဘီဟူလာ မူဂ်ာဟစ္က တြစ္တာတြင္ေျပာသည္။

၁၉ ႏွစ္ေက်ာ္ပဋိပကၡအတြင္း ယခုျဖစ္ရပ္သည္ စစ္ေသြးႂကြမ်ားႏွင့္အာဖဂန္အမ်ိဳးသားလံုျခံဳေရးတပ္ဖြဲ႔မ်ားအၾကား တတိယအႀကိမ္ေျမာက္အပစ္ရပ္မႈျဖစ္သည္။

တာလီဘန္တပ္စြဲထားသည့္ေနရာမ်ားကို အေမရိကန္ကေလေၾကာင္းမွတိုက္ခိုက္ၿပီး တာလီဘန္မ်ား၏အေသခံတိုက္ခိုက္မႈမ်ားအပါအ၀င္ မၾကာေသးမီက အင္အားအျပင္းအထန္သံုးတိုက္ခိုက္မႈမ်ားျမင့္တက္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ အပစ္ရပ္ျခင္းျဖစ္သည္။

လံုျခံဳေရးအာမခံခ်က္ေပးၿပီး အေမရိကန္တပ္ဖြဲ႔၀င္အားလံုးျပန္ဆုတ္ရန္ပါ၀င္သည့္သေဘာတူညီခ်က္ကို ယခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ အေမရိကန္ႏွင့္တာလီဘန္တို႔လက္မွတ္ေရးထိုးခဲ့သည္။

သေဘာတူညီခ်က္တြင္ တာလီဘန္အက်ဥ္းသား ၅၀၀၀ အထိျပန္လႊတ္ေပးရန္ႏွင့္ တာလီဘန္မ်ားထိန္းသိမ္းထားသည့္အာဖဂန္စစ္သား ၁၀၀၀ ခန္႔ကိုျပန္လႊတ္ေပးရန္ပါ၀င္ေသာ္လည္း အခက္အခဲမ်ား႐ွိေနသျဖင့္ စစ္သံု႔ပန္းလဲလွယ္ေရးမၾကာမၾကာေ႐ႊ႕ဆိုင္းခဲ့ရသည္။

မၾကာခင္ တာလီဘန္အက်ဥ္းသားမ်ားကိုျပန္လႊတ္ေပးမည္ဟု အာဖဂန္သမၼတအာ႐ွက္ ဂါနီက ထပ္ကာထပ္ကာေျပာၿပီး အခ်ိန္အေတာ္ၾကာၾကာေ႐ႊ႕ဆိုင္းခဲ့ရသည့္အာဖဂန္ျပည္တြင္းၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား တစ္ပတ္အတြင္း အေစာဆံုးျပန္စႏိုင္မည္ဟု ကတိျပဳခဲ့ၿပီးေနာက္ ယခုအပစ္ရပ္မႈေပၚလာသည္။

Ref : Taliban announces three-day ceasefire for Islamic holiday Eid al-Adha – but vows to retaliate if attacked

#PeopleMedia

(Unicode)
အိဒ်ပွဲတော်မတိုင်ခင် ၃ ရက်အပစ်ရပ်ကြောင်း တာလီဘန်များကြေညာ၊ တိုက်ခိုက်ခံရပါက ပြန်လည်တုံ့ပြန်မည်ဟုကတိပြု
……………………………………

ကာဘူးလ်၊ ဇူလိုင် ၃၀

သောကြာနေ့မှစတင်၍ ၃ ရက်ကြာစစ်ဆင်ရေးများလုပ်သွားမည်မဟုတ်ဟု တာလီဘန်စစ်သွေးကြွများကပြောသည်။

မကြာသေးခင်က အကြမ်းဖက်တိုက်ခိုက်မှုများမြင့်တက်ပြီးနောက် တိုက်ခိုက်ရေးသမားများ မွတ်ဆလင်ဥပုသ်လတွင်ပါဝင်နိုင်စေရန်ဟု ထုတ်ပြန်ချက်အရသိရသည်။

ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၂ ရက်ကြား မည်သည့်တိုက်ခိုက်မှုမှမလုပ်ရန် အာဖဂန်စစ်သွေးကြွများကို ညွှန်ကြားထားကြောင်း တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က တွစ်တာတွင်ပြောသည်။

၁၉ နှစ်ကျော်ပဋိပက္ခအတွင်း ယခုဖြစ်ရပ်သည် စစ်သွေးကြွများနှင့်အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့များအကြား တတိယအကြိမ်မြောက်အပစ်ရပ်မှုဖြစ်သည်။

တာလီဘန်တပ်စွဲထားသည့်နေရာများကို အမေရိကန်ကလေကြောင်းမှတိုက်ခိုက်ပြီး တာလီဘန်များ၏အသေခံတိုက်ခိုက်မှုများအပါအဝင် မကြာသေးမီက အင်အားအပြင်းအထန်သုံးတိုက်ခိုက်မှုများမြင့်တက်ခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်ရပ်ခြင်းဖြစ်သည်။

လုံခြုံရေးအာမခံချက်ပေးပြီး အမေရိကန်တပ်ဖွဲ့ဝင်အားလုံးပြန်ဆုတ်ရန်ပါဝင်သည့်သဘောတူညီချက်ကို ယခုနှစ်၊ ဖေဖော်ဝါရီတွင် အမေရိကန်နှင့်တာလီဘန်တို့လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်တွင် တာလီဘန်အကျဉ်းသား ၅၀၀၀ အထိပြန်လွှတ်ပေးရန်နှင့် တာလီဘန်များထိန်းသိမ်းထားသည့်အာဖဂန်စစ်သား ၁၀၀၀ ခန့်ကိုပြန်လွှတ်ပေးရန်ပါဝင်သော်လည်း အခက်အခဲများရှိနေသဖြင့် စစ်သုံ့ပန်းလဲလှယ်ရေးမကြာမကြာရွှေ့ဆိုင်းခဲ့ရသည်။

မကြာခင် တာလီဘန်အကျဉ်းသားများကိုပြန်လွှတ်ပေးမည်ဟု အာဖဂန်သမ္မတအာရှက် ဂါနီက ထပ်ကာထပ်ကာပြောပြီး အချိန်အတော်ကြာကြာရွှေ့ဆိုင်းခဲ့ရသည့်အာဖဂန်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုများ တစ်ပတ်အတွင်း အစောဆုံးပြန်စနိုင်မည်ဟု ကတိပြုခဲ့ပြီးနောက် ယခုအပစ်ရပ်မှုပေါ်လာသည်။

Ref : Taliban announces three-day ceasefire for Islamic holiday Eid al-Adha – but vows to retaliate if attacked

#PeopleMedia


Share this post