• Follow Us on

Home အိပ်က်ကာလီဘာ Excalibur အမြောက်ကျည် စံချိန်တင်အကွာအဝေးရောက်ရှိ

အိပ်က်ကာလီဘာ Excalibur အမြောက်ကျည် စံချိန်တင်အကွာအဝေးရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (People Media)

 

ပြင်သစ်အစိုးပိုင် Nexter Systems ကုမ္ပဏီထုတ် ဆီဇာယာဉ်တင်အမြောက် Caesar self-propelled howitzer နှင့် အမေရိကန်ရေသီယွန်ကုမ္ပဏီထုတ် အိပ်က်ကာလီဘာ Excalibur အမြောက်ကျည်တို့ တွဲဖက် ပစ်ခတ်ခဲ့ရာ စံချိန်တင်အကွာအဝေးထိ ပစ်ခတ်နိုင်ခဲ့ကြောင်း ပြင်သစ်ကုမ္ပဏီကပြောကြားလိုက်သည်။

 

“စမ်းသပ်ပစ်ခတ်မှုအတွင်း အိပ်က်ကာလီဘာ Excalibur အမြောက်ကျည်တွေကို ဆီဇာယာဉ်တင်အမြောက်နဲ့ ပစ်ခတ်ခဲ့ရာမှာ ၄၆ ကီလိုမီတာကျော်ကျော် (၂၈.၅ မိုင်) အကွာအဝေးက ပစ်မှတ်နှစ်ခုကို တိုက်ရိုက်ထိမှန်ခဲ့ပါ တယ်။ ဒီအကွာအဝေးဟာ ဒီလက်နက်ရဲ့ စံချိန်တင်အကွာအဝေးပဲဖြစ်ပါတယ်။” ဟု ရေသီယွန်ကုမ္ပဏီက ပြောသည်။

 

အမေရိကန်ကြည်းတပ်တွင် ယာဉ်တင်အမြောက်သစ်များတပ်ဆင်ရန်အတွက် Nexter Systems ကုမ္ပဏီ အနေ  ဖြင့် ကန်ထရိုက်ရရှိရန်မျှော်လင့်ထားသဖြင့် ယခုစမ်းသပ်ပစ်ခတ်မှုမှာ အရေးကြီးကြောင်း ကုမ္ပဏီကပြောသည်။

 

၎င်းအပြင် လက်ရှိပြင်သစ်တပ်မတော်တွင်အသုံးပြုနေသည့်အပြင် နေတိုးအဖွဲ့ဝင်သုံးနိုင်ငံဖြစ်သော ဘယ်လ်ဂျီ ယန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့က မှာယူထားသည့် အမေရိကန်ထုတ် ခဲယမ်း (ကျည်) နှင့် ပြင် သစ်ထုတ် အမြောက် (လက်နက်) တို့၏ စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်သည်။

 

ပစ်မှတ်၏ နှစ်မီတာအချင်းဝက်အတွင်း ထိရောက်မှုအကွာအဝေးရှိသည့် GPS လမ်းညွှန်စနစ်သုံးအမြောက် ကျည်ကို ကမ္ဘာ့နိုင်ငံလေးငါးနိုင်ငံမှ တပ်မတော်များတွင်အသုံးပြုနေသော M777 ဟောက်ဝစ်ဇာအမြောက်များ၊ M109 သံချပ်ကာတင် ဟောက်ဝစ်ဇာအမြောက်များ၊ M198 ဟောက်ဝစ်ဇာအမြောက်များ၊ Archer ယာဉ်တင်  အမြောက်များ၊ PzH2000 သံချပ်ကာတင်အမြောက်များ၊ SIAC ဟောက်ဝစ်ဇာအမြောက်များနှင့် တွဲဖက်ပစ်ခတ် နိုင်သည်။

 

“ဆီဇာယာဉ်တင်အမြောက်နဲ့ ပေါင်းစပ်လိုက်တာဟာ အိပ်က်ကာလီဘာ Excalibur အမြောက်ကျည်ရဲ့ တာဝေး ပစ်ခတ်နိုင်တဲ့စွမ်းရည်အဆင့်နဲ့ တိကျမှုအဆင့်ကို ပိုမိုမြှင့်တင်ပေးလိုက်တာပဲဖြစ်တယ်။ ရန်သူနှင့် အပြိုင်တိုက် ခိုက်နေရတဲ့အခြေအနေမျိုးတွေမှာ ဒီအဆင့်မြင့်လက်နက်နဲ့ အမျိုးမျိုးအသုံးပြုနိုင်တဲ့လက်နက်စနစ်ဟာ အမေရိ ကန်ကြည်းတပ်နဲ့ မိတ်ဖက်နိုင်ငံတွေကို ပိုပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်စေဖို့ ထောက်ပံ့ပေးလိုက်တာလည်းဖြစ် ပါတယ်။” ဟု ရေသီယွန်ကုမ္ပဏီ၊ ကြည်းတပ်စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဆန်ဒီနီကီကပြောသည်။

 

Ref: Excalibur Artillery Round Fired Record Distance

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 

Ref: Excalibur Artillery Round Fired Record Distance

 

#PeopleMedia


Share this post