• Follow Us on

Home အိမ်အကူမိန်းကလေးငယ်မှ ဟင်းခွက်ထဲ ကြွက်ဆေးထည့်ရာ စားမိသည့် အိမ်ရှင်လင်မယား ၂ ဦးနှင့် အလုပ် သမား ၂ ဦး အစာအဆိပ်သင့်

အိမ်အကူမိန်းကလေးငယ်မှ ဟင်းခွက်ထဲ ကြွက်ဆေးထည့်ရာ စားမိသည့် အိမ်ရှင်လင်မယား ၂ ဦးနှင့် အလုပ် သမား ၂ ဦး အစာအဆိပ်သင့်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မှော်ရှန်ရပ်ကွက်ရှိ “ကယားမောင်တာယာရောင်းဝယ်ရေး” တွင် အိမ်အကူမိန်းကလေးငယ်တစ်ဦးမှာ ဟင်းခွက်ထဲသို့ ကြွက်ဆေးထည့်ရာ စားမိသည့် အိမ်ရှင်လင်မယားနှစ်ဦး နှင့် အလုပ်သမားနှစ်ဦး အစာအဆိပ်သင့်ခဲ့ကြောင်း သိရပါတယ်။

 

ကြွက်ဆေးများထည့်ထားသည့် ထမင်းနှင့် ဟင်းတို့ကို စားသည့် အိမ်ရှင်လင်မယား ၂ ဦးနှင့် အလုပ်သမား(၂) ဦးတို့မှာ အစာအဆိပ်သင့်ပြီးနောက် ထိုနေအိမ်တွင်မွေးထားသည့် အိမ်မွေးခွေး (၃) ကောင်တို့မှာလည်း စား မိသောကြောင့် အစာအဆိပ်သင့်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

 

ထိုလုပ်ကြံသည့် အိမ်အကူမိန်းကလေးငယ်မှာ အသက် (၁၅)နှစ်ရှိပြီး ၎င်းမှာ “ကယားမောင်တာယာရောင်း ဝယ်ရေး” ရှိ နေအိမ်မှ ဖုန်းနှင့် ပိုက်ဆံများမကြာခဏပျောက်သောကြောင့် အိမ်ရှင်များမှ CCTV တို့ကို မီးဖို ချောင်မှလွဲ၍ ကျန်နေရာများတွင် CCTV တပ်ဆင်ထားကြောင်း သိရပါတယ်။

 

“ကျွန်တော်တို့က အိမ်မှာ CCTV တပ်ပြီးတော့ ခရီးထွက်ရတယ်။ အိမ်မှာရှိတဲ့ အဖေနဲ့ အမေရယ် အလုပ် သမားတွေကတော့ အကုန်အစာအဆိပ်သင့်ကြတယ်။ ကလေးတစ်ယောက်ကတော့ နှာခေါင်းပိုက်သွင်းပြီး အစာအိမ်ရှင်းနေရတယ်။ အမေကတော့ ၂ ရက်ဆက်တိုက်ဆေးပိုက်တန်းလန်းနဲ့ အဖေကတော့ ခုထိဆေးရုံမှာ ကလေးတစ်ယောက်ကတော့ သက်သာနေပြီ” လို့ မိသားစုဝင်တစ်ဦးမှ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားပါ တယ်။

 

ထိုအမျိုးသမီးငယ်အလုပ်လုပ်သည်မှာ ၁၀ ရက်သာရှိပြီး ၎င်းမှာဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစား အသောက်ထဲသို့ ကြွက်ဆေးများထည့်ကြောင်း၊ ၎င်းကိုသက်ဆိုင်ရာမှ စစ်ဆေးရာတွင် ထမင်းနှင့် ဟင်းထဲသို့ ကြွက်ဆေးများထည့်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။

 

Photo – ဇော်မင်းဦး

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post