• Follow Us on

Home အိမ္ေထာင္က်ၿပီး ကေလးမရ၍ အမ်ိဳးသမီးတစ္ဦးသည္ မီးဖြားၿပီး ရက္သားခန့္ရွိသည့္ ကေလးငယ္ကို ခိုးယူ၊ကေလးသူခိုးကို ရဲတပ္ဖြဲ႕ဖမ္းဆီးနိုင္

အိမ္ေထာင္က်ၿပီး ကေလးမရ၍ အမ်ိဳးသမီးတစ္ဦးသည္ မီးဖြားၿပီး ရက္သားခန့္ရွိသည့္ ကေလးငယ္ကို ခိုးယူ၊ကေလးသူခိုးကို ရဲတပ္ဖြဲ႕ဖမ္းဆီးနိုင္

Share this post

ရန္ကုန္၊ ဇူလိုင္-၁၆

အိမ္ေထာင္က်ၿပီး ကေလးမရ၍ အမ်ိဳးသမီးတစ္ဦးသည္ မီးဖြားၿပီး ရက္သားခန့္ရွိသည့္ ကေလးငယ္ကို ခိုးယူမႈ အင္းစိန္ၿမိဳ႕နယ္၌ ျဖစ္ေပၚခဲ့ပါတယ္။

ျဖစ္စဥ္မွာ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္၊ ထန္းပင္ကုန္းအုပ္စု၊ စံပယ္လမ္း၊ အမွတ္ (၁၁၆)ေနတရားလို ေဒၚ—သည္မီးဖြားရက္နီး၍ဇူလိုင္(၉)ရက္ေန႕၌အင္းစိန္ေဆး႐ုံႀကီးသို႔ တက္ေရာက္ကုသခဲ့ပါတယ္။ထိုေနာက္ ဇူလိုင္(၁၀)ရက္ေန႕၌ မီးဖြားၿပီးေနာက္ အမည္မသိ အမ်ိဳးသမီးတစ္ဦးသည္ ကေလးငယ္ကို ဝိုင္းဝန္းကူညီလုပ္ေပးခဲ့ပါတယ္။

ထိုေနာက္ ဇူလိုင္(၁၁)ရက္ေန႕၌ ကာကြယ္ေဆး ထိုးရမည္ဟု ေျပာဆို၍ ကေလးငယ္ကို အဆိုပါအမ်ိဳးသမီးက ေခၚေဆာင္သြားခဲ့ပါတယ္။ထိုေနာက္ကေလးငယ္သည္ ျပန္လည္ေရာက္ရွိလာျခင္းမရွိ၍မိခင္ျဖစ္သူႏွင့္မိသားစုဝင္မ်ားက ဇူလိုင္(၁၄)ရက္ေန႕၌အင္းစိန္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။

ထိုေနာက္ သက္ဆိုင္ရာရဲတပ္ဖြဲ႕မ်ားခ်ိတ္ဆက္ေဆာင္႐ြက္ၿပီး လိုက္လံစုံစမ္းေဖာ္ထုတ္ရာ ေမွာ္ဘီၿမိဳ႕နယ္၊ ဝါးနက္ေခ်ာင္းအုပ္စု၊ ဝါးျဖဴေတာေက်း႐ြာ၊ ေလထီးလမ္း ေန ေဒၚစန္းစန္းမိုး ကို ၎၏ေနအိမ္၌ ခိုးယူသြားသည့္ ကေလးႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူ ေဒၚစန္းစန္းမိုး အား သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က စစ္ေဆးရာ စစ္ေဆးရာ ၎သည္ ခင္ပြန္း ဦး—–ႏွင့္ အတူ လက္ထပ္ ေပါင္းသင္းခဲ့ၿပီးကေလးရရွိျခင္းမရွိေသာေၾကာင့္ လင္မယားခ်င္းေန႕စဥ္စကားမ်ားေနခဲ့ရပါတယ္။ထိုေၾကာင့္ ဇူလိုင္(၉)ရက္ေန႕၌ ေနအိမ္မွ ထြက္ခြာခဲ့ၿပီး အင္းစိန္အမ်ိဳးသမီးသားဖြားမီးယပ္ေဆာင္သို႔ သြားေရာက္ခဲ့ကာ ဇူလိုင္(၁၁)ရက္၌ ကေလးခိုးယူခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ က်ဴးလြန္ခဲ့သည့္ အမ်ိဳးသမီးကို ဥပေဒႏွင့္အညီ သက္ဆိုင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ဇူလိုင္(၁၆)ရက္ေန႕၌ သတင္းထုတ္ျပန္လိုက္ပါတယ္။

#PeopleMedia #YangonPolice

[Unicode]
အိမ်ထောင်ကျပြီး ကလေးမရ၍ အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူ၊ကလေးသူခိုးကို ရဲတပ်ဖွဲ့ဖမ်းဆီးနိုင်
………………………………………………………………………………..

ရန်ကုန်၊ ဇူလိုင်-၁၆

အိမ်ထောင်ကျပြီး ကလေးမရ၍ အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူမှု အင်းစိန်မြို့နယ်၌ ဖြစ်ပေါ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ထန်းပင်ကုန်းအုပ်စု၊ စံပယ်လမ်း၊ အမှတ် (၁၁၆)နေတရားလို ဒေါ်—သည်မီးဖွားရက်နီး၍ဇူလိုင်(၉)ရက်နေ့၌အင်းစိန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပါတယ်။ထိုနောက် ဇူလိုင်(၁၀)ရက်နေ့၌ မီးဖွားပြီးနောက် အမည်မသိ အမျိုးသမီးတစ်ဦးသည် ကလေးငယ်ကို ဝိုင်းဝန်းကူညီလုပ်ပေးခဲ့ပါတယ်။

ထိုနောက် ဇူလိုင်(၁၁)ရက်နေ့၌ ကာကွယ်ဆေး ထိုးရမည်ဟု ပြောဆို၍ ကလေးငယ်ကို အဆိုပါအမျိုးသမီးက ခေါ်ဆောင်သွားခဲ့ပါတယ်။ထိုနောက်ကလေးငယ်သည် ပြန်လည်ရောက်ရှိလာခြင်းမရှိ၍မိခင်ဖြစ်သူနှင့်မိသားစုဝင်များက ဇူလိုင်(၁၄)ရက်နေ့၌အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့များချိတ်ဆက်ဆောင်ရွက်ပြီး လိုက်လံစုံစမ်းဖော်ထုတ်ရာ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းအုပ်စု၊ ဝါးဖြူတောကျေးရွာ၊ လေထီးလမ်း နေ ဒေါ်စန်းစန်းမိုး ကို ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ဒေါ်စန်းစန်းမိုး အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးရာ စစ်ဆေးရာ ၎င်းသည် ခင်ပွန်း ဦး—–နှင့် အတူ လက်ထပ် ပေါင်းသင်းခဲ့ပြီးကလေးရရှိခြင်းမရှိသောကြောင့် လင်မယားချင်းနေ့စဉ်စကားများနေခဲ့ရပါတယ်။ထိုကြောင့် ဇူလိုင်(၉)ရက်နေ့၌ နေအိမ်မှ ထွက်ခွာခဲ့ပြီး အင်းစိန်အမျိုးသမီးသားဖွားမီးယပ်ဆောင်သို့ သွားရောက်ခဲ့ကာ ဇူလိုင်(၁၁)ရက်၌ ကလေးခိုးယူခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ ကျူးလွန်ခဲ့သည့် အမျိုးသမီးကို ဥပဒေနှင့်အညီ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇူလိုင်(၁၆)ရက်နေ့၌ သတင်းထုတ်ပြန်လိုက်ပါတယ်။

#PeopleMedia #YangonPolice


Share this post