• Follow Us on

Home အိုင္စီစီအရာ႐ွိေတြကို အေရးယူမႈေတြလုပ္ဖို႔ ေဒၚနယ္ထရမ့္ အမိန္႔ထုတ္

အိုင္စီစီအရာ႐ွိေတြကို အေရးယူမႈေတြလုပ္ဖို႔ ေဒၚနယ္ထရမ့္ အမိန္႔ထုတ္

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၁၂

အေမရိကန္စစ္တပ္နဲ႔ ေထာက္လွမ္းေရးအရာ႐ွိေတြကို စစ္ရာဇ၀တ္မႈေတြက်ဴးလြန္ခဲ့ျခင္း႐ွိ၊ မ႐ွိ စံုစမ္းစစ္ေဆးဖို႔ ႀကိဳးစားေနတဲ့ ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး(အိုင္စီစီ)ရဲ႕အရာ႐ွိေတြကို ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ဗီဇာ ကန္႔သတ္တာေတြထပ္လုပ္ဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၾကာသပေတးေန႔မွာ အမိန္႔ထုတ္လိုက္ပါ တယ္။

ဒီလုပ္ရပ္ဟာ တင္းမာမႈေတြျဖစ္လာေအာင္လုပ္ေနၿပီး တရားဥပေဒစိုးမိုးမႈနဲ႔ တရား႐ံုးရဲ႕ ဥပေဒေရးရာလုပ္ ေဆာင္ခ်က္ေတြကို ၀င္ေရာက္စြက္ဖက္တဲ့လက္မခံႏိုင္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ အိုင္စီစီဘက္က တံု႔ျပန္ထား ပါတယ္။

အေမရိကန္နဲ႔ အေမရိကန္ရဲ႕မိတ္ဖက္တစ္ႏိုင္ငံရဲ႕ သေဘာဆႏၵမပါဘဲ စစ္ဘက္အရာ႐ွိေတြကို စံုစမ္းစစ္ေဆး၊ ဖမ္းဆီးထိန္းသိမ္းၿပီး အမိန္႔ခ်ဖို႔လုပ္တဲ့ အိုင္စီစီရဲ႕အားထုတ္မႈတိုင္းမွာ တိုက္႐ိုက္ပါ၀င္ပတ္သက္သူေတြကို ပိတ္ ဆို႔အေရးယူမႈေတြလုပ္သြားဖို႔ သမၼတအမိန္႔မွာပါ၀င္ပါတယ္။

အာဖဂန္နစၥတန္မွာ အေမရိကန္နဲ႔ အာဖဂန္နစၥတန္တပ္ဖြဲ႕ေတြ စစ္ရာဇ၀တ္မႈေတြက်ဴးလြန္ခဲ့သလားဆိုတာ စံုစမ္းစစ္ေဆးဖို႔နဲ႔ တာလီဘန္တပ္ဖြဲ႕ေတြလူသားမ်ိဳးႏြယ္ကို ဆန္႔က်င္တဲ့ျပစ္မႈေတြက်ဴးလြန္ခဲ့သလားဆိုတာ စံုစမ္းစစ္ေဆးဖို႔ မတ္လမွာ အိုင္စီစီက အမိန္႔ထုတ္ခဲ့ၿပီး လပိုင္းအၾကာမွာ အခုလိုျဖစ္လာတာပါ။

ပိတ္ဆို႔အေရးယူမႈေတြလုပ္ဖို႔မီးစိမ္းျပလိုက္တာေၾကာင့္ ႏိုင္ငံတကာအရာ႐ွိေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက စိုးရိမ္ေၾကာင္းထုတ္ေဖာ္ေျပာဆိုမႈေတြ႐ွိေနပါတယ္။ အိုင္စီစီကေတာ့ ဒီလုပ္ရပ္ေၾကာင့္ စိုးရိမ္မိေပမဲ့ ဆက္လုပ္ သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ အိုင္စီစီဖြဲ႕စည္းဖို႔အေျခခံျဖစ္တဲ့Rome စာခ်ဳပ္မွာ အေမရိကန္ႏိုင္ငံကလည္း အဖြဲ႕၀င္မဟုတ္ပါဘူး။ ၂၀၁၇ ခုႏွစ္မွာကတည္းက အေမရိကန္တပ္ဖြဲ႔ေတြ အာဖဂန္နစၥတန္မွာ လူသတ္မႈနဲ႔ အဓမၼမႈေတြလိုစစ္ရာဇ၀တ္မႈေတြက်ဴးလြန္ခဲ့သလားဆိုတာ ICC အမႈစစ္အရာ႐ွိဘန္ဆူဒါက စံုစမ္းေနၿပီး အခုႏွစ္ မွာမွ အိုင္စီစီက ခြင့္ျပဳခဲ့တာပါ။

Ref : Trump authorizes sanctions against International Criminal Court officials

#PeopleMedia #International

(unicode)
အိုင်စီစီအရာရှိတွေကို အရေးယူမှုတွေလုပ်ဖို့ ဒေါ်နယ်ထရမ့် အမိန့်ထုတ်
………………………………………………………

ဝါရှင်တန်၊ ဇွန် ၁၂

အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအရာရှိတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)ရဲ့အရာရှိတွေကို ပိတ်ဆို့အရေးယူမှုတွေနဲ့ ဗီဇာ ကန့်သတ်တာတွေထပ်လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ အမိန့်ထုတ်လိုက်ပါ တယ်။

ဒီလုပ်ရပ်ဟာ တင်းမာမှုတွေဖြစ်လာအောင်လုပ်နေပြီး တရားဥပဒေစိုးမိုးမှုနဲ့ တရားရုံးရဲ့ ဥပဒေရေးရာလုပ် ဆောင်ချက်တွေကို ဝင်ရောက်စွက်ဖက်တဲ့လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အိုင်စီစီဘက်က တုံ့ပြန်ထား ပါတယ်။

အမေရိကန်နဲ့ အမေရိကန်ရဲ့မိတ်ဖက်တစ်နိုင်ငံရဲ့ သဘောဆန္ဒမပါဘဲ စစ်ဘက်အရာရှိတွေကို စုံစမ်းစစ်ဆေး၊ ဖမ်းဆီးထိန်းသိမ်းပြီး အမိန့်ချဖို့လုပ်တဲ့ အိုင်စီစီရဲ့အားထုတ်မှုတိုင်းမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကို ပိတ် ဆို့အရေးယူမှုတွေလုပ်သွားဖို့ သမ္မတအမိန့်မှာပါဝင်ပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန်နဲ့ အာဖဂန်နစ္စတန်တပ်ဖွဲ့တွေ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးဖို့နဲ့ တာလီဘန်တပ်ဖွဲ့တွေလူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ပြစ်မှုတွေကျူးလွန်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးဖို့ မတ်လမှာ အိုင်စီစီက အမိန့်ထုတ်ခဲ့ပြီး လပိုင်းအကြာမှာ အခုလိုဖြစ်လာတာပါ။

ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့မီးစိမ်းပြလိုက်တာကြောင့် နိုင်ငံတကာအရာရှိတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုမှုတွေရှိနေပါတယ်။ အိုင်စီစီကတော့ ဒီလုပ်ရပ်ကြောင့် စိုးရိမ်မိပေမဲ့ ဆက်လုပ် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အိုင်စီစီဖွဲ့စည်းဖို့အခြေခံဖြစ်တဲ့Rome စာချုပ်မှာ အမေရိကန်နိုင်ငံကလည်း အဖွဲ့ဝင်မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာကတည်းက အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်မှာ လူသတ်မှုနဲ့ အဓမ္မမှုတွေလိုစစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့သလားဆိုတာ ICC အမှုစစ်အရာရှိဘန်ဆူဒါက စုံစမ်းနေပြီး အခုနှစ် မှာမှ အိုင်စီစီက ခွင့်ပြုခဲ့တာပါ။

Ref : Trump authorizes sanctions against International Criminal Court officials

#PeopleMedia #International


Share this post