• Follow Us on
Latest News

Home အိုင္စီေဂ်တြင္ ျမန္မာႏိုင္ငံကိုတရားစြဲထားသည့္အမႈအားေထာက္ခံရန္ အစိုးရကို ၿဗိတိန္လႊတ္ေတာ္အမတ္ ၁၀၄ ေယာက္ေတာင္းဆို

အိုင္စီေဂ်တြင္ ျမန္မာႏိုင္ငံကိုတရားစြဲထားသည့္အမႈအားေထာက္ခံရန္ အစိုးရကို ၿဗိတိန္လႊတ္ေတာ္အမတ္ ၁၀၄ ေယာက္ေတာင္းဆို

Share this post

လန္ဒန္၊ ဒီဇင္ဘာ ၁၉
 
ဂမ္ဘီယာႏိုင္ငံ၏တရားစြဲဆိုမႈကိုတရား၀င္ေထာက္ပံ့ေပးျခင္းအားျဖင့္ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)ႏွင့္ တရား၀င္ၫွိႏႈိင္းၿပီး လူနည္းစုဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)လူမ်ိဳးစုမ်ားအေပၚ ျမန္မာအစိုးရႏွင့္ တပ္မေတာ္တို႔၏ လူမ်ိဳးတုန္းသတ္ျဖတ္မႈကာကြယ္ရန္ ၿဗိတိန္အစိုးရကို ၿဗိတိန္လႊတ္ေတာ္အမတ္ ၁၀၄ ေယာက္က ေတာင္းဆိုခဲ့သည္။
 
ႏိုင္ငံတကာဥပေဒမ်ားအတိုင္းလိုက္နာရန္ႏွင့္တရားမွ်တမႈရေစရန္သာမက ျမန္မာတပ္မေတာ္ႏွင့္အစိုးရတို႔၏ လူမ်ိဳးတုန္းသတ္ျဖတ္သည့္လုပ္ရပ္မ်ားကိုထပ္မံတားဆီးရန္ တရားဥပေဒအရအျပစ္ေပးရမည္ဟု ၿဗိတိန္ႏိုင္ငံ ျခားေရး၀န္ႀကီး ဒိုမီနစ္ ရာအက္ထံ ၾကာသပေတးေန႔တြင္ လႊတ္ေတာ္အမတ္မ်ားကေပးပို႔သည့္ စာတြင္ပါ ၀င္သည္။
 
ၿဗိတိန္အေနျဖင့္ ႏိုင္ငံတကာဥပေဒမ်ားႏွင့္လူ႔အခြင့္အေရးမ်ားကိုအေလးထားေၾကာင္း ကမာၻ႔ဇာတ္ခံုတြင္ျပ သရန္ႏွင့္ ေခါင္းေဆာင္မႈ႐ွိေၾကာင္းျပသရန္ အိုင္စီေဂ်အမႈတြင္ တရား၀င္ပါ၀င္သင့္ေၾကာင္းလည္း တိုက္တြန္းသည္။
 
တပ္မေတာ္ကို စံုစမ္းစစ္ေဆးသင့္ၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္သည့္ျပစ္မႈႏွင့္ စစ္ရာ ဇ၀တ္မႈမ်ားတို႔ျဖင့္ အျပစ္ေပးရန္ ျမန္မာ၂၀၁၉ ခုႏွစ္တြင္ ကုလသမဂၢအခ်က္အလက္႐ွာေဖြေရးမစ္႐ွင္က ျပင္းျပင္းထန္ထန္အႀကံျပဳခဲ့သည္။
 
ဘဂၤါလီဒုကၡသည္မ်ားေဘးကင္းစြာေနရပ္ျပန္လာေရး လိုအပ္ေသာအေျခအေနမ်ားကိုဖန္တီးေပးရန္ ျမန္မာအစိုးရဘက္တြင္ တစံုတရာအေျပာင္းအလဲ႐ွိေၾကာင္းမျပေသးေၾကာင္းလည္း လႊတ္ေတာ္ အမတ္မ်ားကေျပာသည္။
ႏိုင္ငံတကာရာဇ၀တ္မႈတရား႐ံုး(အိုင္စီစီ)သို႔ လႊဲေျပာင္းေပးရန္အဆိုကို ကုလသမဂၢလံုၿခံဳေရးေကာင္စီတြင္ ႐ု႐ွားႏွင့္တ႐ုတ္တို႔ကပိတ္ဆို႔ျခင္းေၾကာင့္ ဂမ္ဘီယာကို အိုင္စီေဂ်တြင္ေထာက္ပံ့ျခင္းသည္ တရားမွ်တမႈရ ေရးအတြက္ အေကာင္းဆံုးလုပ္ႏိုင္သည့္နည္းလမ္းျဖစ္သည္ဟုလည္းေျပာသည္။
 
Ref : 104 British MPs ask UK govt to support ICJ Rohingya case
 
#PeopleMedia
 
(unicode)
အိုင်စီဂျေတွင် မြန်မာနိုင်ငံကိုတရားစွဲထားသည့်အမှုအားထောက်ခံရန် အစိုးရကို ဗြိတိန်လွှတ်တော်အမတ် ၁၀၄ ယောက်တောင်းဆို
…………………………………………………..
 
လန်ဒန်၊ ဒီဇင်ဘာ ၁၉
 
ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုကိုတရားဝင်ထောက်ပံ့ပေးခြင်းအားဖြင့် နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)နှင့် တရားဝင်ညှိနှိုင်းပြီး လူနည်းစုဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)လူမျိုးစုများအပေါ် မြန်မာအစိုးရနှင့် တပ်မတော်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရန် ဗြိတိန်အစိုးရကို ဗြိတိန်လွှတ်တော်အမတ် ၁၀၄ ယောက်က တောင်းဆိုခဲ့သည်။
 
နိုင်ငံတကာဥပဒေများအတိုင်းလိုက်နာရန်နှင့်တရားမျှတမှုရစေရန်သာမက မြန်မာတပ်မတော်နှင့်အစိုးရတို့၏ လူမျိုးတုန်းသတ်ဖြတ်သည့်လုပ်ရပ်များကိုထပ်မံတားဆီးရန် တရားဥပဒေအရအပြစ်ပေးရမည်ဟု ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး ဒိုမီနစ် ရာအက်ထံ ကြာသပတေးနေ့တွင် လွှတ်တော်အမတ်များကပေးပို့သည့် စာတွင်ပါ ဝင်သည်။
 
ဗြိတိန်အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်လူ့အခွင့်အရေးများကိုအလေးထားကြောင်း ကမ္ဘာ့ဇာတ်ခုံတွင်ပြ သရန်နှင့် ခေါင်းဆောင်မှုရှိကြောင်းပြသရန် အိုင်စီဂျေအမှုတွင် တရားဝင်ပါဝင်သင့်ကြောင်းလည်း တိုက်တွန်းသည်။
 
တပ်မတော်ကို စုံစမ်းစစ်ဆေးသင့်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်ပြစ်မှုနှင့် စစ်ရာ ဇဝတ်မှုများတို့ဖြင့် အပြစ်ပေးရန် မြန်မာ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က ပြင်းပြင်းထန်ထန်အကြံပြုခဲ့သည်။
 
ဘင်္ဂါလီဒုက္ခသည်များဘေးကင်းစွာနေရပ်ပြန်လာရေး လိုအပ်သောအခြေအနေများကိုဖန်တီးပေးရန် မြန်မာအစိုးရဘက်တွင် တစုံတရာအပြောင်းအလဲရှိကြောင်းမပြသေးကြောင်းလည်း လွှတ်တော် အမတ်များကပြောသည်။
နိုင်ငံတကာရာဇဝတ်မှုတရားရုံး(အိုင်စီစီ)သို့ လွှဲပြောင်းပေးရန်အဆိုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရုရှားနှင့်တရုတ်တို့ကပိတ်ဆို့ခြင်းကြောင့် ဂမ်ဘီယာကို အိုင်စီဂျေတွင်ထောက်ပံ့ခြင်းသည် တရားမျှတမှုရ ရေးအတွက် အကောင်းဆုံးလုပ်နိုင်သည့်နည်းလမ်းဖြစ်သည်ဟုလည်းပြောသည်။
 
Ref : 104 British MPs ask UK govt to support ICJ Rohingya case
 
#PeopleMedia

Share this post