• Follow Us on
Latest News

Home အိုင်အက်စ်များကို ဟန့်တားထိန်းချုပ်ရေး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း တာလီ ဘန်များပြော

အိုင်အက်စ်များကို ဟန့်တားထိန်းချုပ်ရေး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း တာလီ ဘန်များပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)

 

အာဖဂန်နစ္စတန်မှ အစွန်းရောက်အဖွဲ့များကို ထိန်းချုပ်ဟန့်တားရန် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဖယ်ထုတ်ထားကြောင်း တာဘီဘန်များက အောက်တိုဘာလ ၉ ရက်နေ့ကပြောကြား လိုက်သည်။

 

တာလီဘန်ထိပ်တန်းခေါင်းဆောင်များနှင့် အမေရိကန်ကိုယ်စားလှယ်များသည် ကာတာနိုင်ငံမြို့တော် ဒိုဟာ တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဘက်ကိုယ်စားလှယ်များသည် အစွန်းရောက် အဖွဲ့များကို ဟန့်တားထိန်းချုပ်ရေး၊ နိုင်ငံတွင်းမှ နိုင်ငံခြားသားများနှင့် အာဖဂန်နိုင်ငံသားများကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပို့ဆောင်ပေးရေးအပါဝင် ပြဿများကို ဆွေးနွေးခဲ့ကြသည်။ ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပို့ ဆောင်ရေးအစီအစဉ်နှင့်ပတ်သက်၍ တာလီဘန်များဘက်မှ သဘောထားပျော့ပြောင်းကြောင်းပြသခဲ့သည်။

 

သို့သော် အာဖဂန်နစ္စတန်နိုင်ငံတွင်း အစွန်းရောက် အိုင်အက်စ်အုပ်စုများ ဟန့်တားထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်မဟုတ်ကြောင်း တာလီဘန်နိုင်ငံရေးဆိုင်ရာပြောခွင့် ရပုဂ္ဂိုလ် ဆူဟေးလ်ရှာဟန်းက AP သတင်းဌာနသို့ပြောသည်။

 

အိုင်အက်စ်အဖွဲ့သည် နိုင်ငံမြောက်ပိုင်း ကန်ဒတ်ဇ်မြို့တော်ရှိ ဗလီတစ်ခုတွင် ဝတ်ပြုကိုးကွယ်နေသော ရှီရိုက် မူဆလင် ၄၆ ဦးသေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုအပါအဝင် လတ်တလောကာလတိုက်ခိုက်မှုများကို ၎င်းတို့အဖွဲ့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အကြမ်းဖက်အဖွဲ့ဖြစ်သည်။

 

“အိုင်အက်စ်အဖွဲ့ကို ကျွန်တော်တို့တစ်ဖွဲ့တည်း လွတ်လွတ်လပ်လပ် ကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။” ဟု ဆူ ဟေးလ်ရှာဟန်းကပြောသည်။ အိုင်အက်စ်အဖွဲ့ကို ဟန့်တားထိန်းချုပ်ရာတွင် အမေရိကန်နှင့် ပူးပေါင်းဆောင် ရွက်မှုရှိမရှိကို သတင်းထောက်များကမေးမြန်းရာတွင် ရှာဟန်းကယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

အိုင်အက်စစ်အဖွဲ့သည် ၂၀၁၄ ခုနှစ်တွင် အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် စတင်ပေါ်ထွက်လာကတည်းက နိုင်ငံ တွင်းလူနည်းစုဖြစ်သော ရှီရိုက်ဘာသာဝင်များကို အမျိုးမျိုးတိုက်ခိုက်လာခဲ့သည်။ ယင်းအဖွဲ့သည် အမေရိကန် များကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်နေသည့်အကြမ်း ဖက်အုပ်စုအဖြစ်သတ်မှတ်ထားသည်။

 

ကာတာနိုင်ငံ ဒိုဟာမြို့တွင် စနေ/တနင်္ဂနွေ နှစ်ရက်ကျင်းပခဲ့သည့် ဆွေးနွေးပွဲများမှာ လွန်ခဲ့သည့် သြဂုတ်လအ တွင်း အမေရိကန်တပ်များအာဖဂန်နစ္စတန်မှဆုတ်ခွာပြီးနောက်ပိုင်း ပထမဦးဆုံးကျင်းပခဲ့သည့် ဆွေးနွေးပွဲများ ဖြစ်သည်။

 

အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ပါကစ္စတန်အရာရှိများနှင့် အ မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဝန်ဒီရှားမန်းတို့ နှစ်ရက်ကြာ ခက်ခက်ခဲခဲ တွေ့ဆုံဆွေးနွေးနေ စဉ် ယခု တာလီဘန်များနှင့် အမေရိကန်ဆွေးနွေးပွဲထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်အစိုးရအား တာလီဘန်အစိုးရသစ်နှင့် ဆက်ဆံရန် ပါကစ္စတန်အရာရှိများက တိုက်တွန်းခဲ့ပြီးနောက် စီးပွားရေးကျဆင်းမှုကို ကာကွယ်ရန် နိုင်ငံတကာရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ပြုရန်လည်း တိုက်တွန်းခဲ့ကြသည်။

 

ပါကစ္စတန်အရာရှိများက တာလီဘန်များကို တိုင်းရင်းသားလူနည်းစုများကို ဘက်ပေါင်းစုံတွင်ပါဝင်ခွင့်ပြုရန်၊ လူ့ အခွင့်အရေး၊ တိုင်းရင်းသားလူုနည်းစုအခွင့်အရေးနှင့် မတူကွဲပြားသည့်ဘာသာရေးအုပ်စုအသီးသီး၏ အခွင့်အ ရေးကိုလည်း လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။

 

Ref: Taliban say they won’t work with US to contain Islamic State

 

#PeopleMedia

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Taliban say they won’t work with US to contain Islamic State

 

#PeopleMedia


Share this post