• Follow Us on

Home အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕လက္ေအာက္ခံအစြန္းေရာက္မ်ားကိုတိုက္ခိုက္ေနသည့္ ဆိုမာလီယာမွတပ္ဖြဲ႕မ်ားကို႐ုတ္သိမ္းရန္ ထရမ့္အမိန္႔ထုတ္

အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕လက္ေအာက္ခံအစြန္းေရာက္မ်ားကိုတိုက္ခိုက္ေနသည့္ ဆိုမာလီယာမွတပ္ဖြဲ႕မ်ားကို႐ုတ္သိမ္းရန္ ထရမ့္အမိန္႔ထုတ္

Share this post

ဝါရွင္တန္၊ ဒီဇင္ဘာ ၅(People Media)
ဇန္နဝါရီ၁၅ရက္မွစတင္ကာဆိုမာလီယာမွအေမရိကန္တပ္ဖြဲ႕အားလုံးနီးပါး တပ္႐ုတ္သိမ္းရန္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က အမိန္႔ထုတ္ခဲ့သည္ဟု ပင္တဂြန္စစ္ဌာနခ်ဳပ္ကေျပာသည္။
ထိုနိုင္ငံတြင္ အစၥလာမ္မစ္နိုင္ငံေတာ္(အိုင္အက္စ္)ႏွင့္ သူတို႔၏လက္ေအာက္ခံအယ္ရွာဘတ္စစ္ေသြးႂကြမ်ားကိုရင္ဆိုင္တိုက္ခိုက္ေနသည့္ အစိုးရတပ္ဖြဲ႕မ်ားကို အေမရိကန္တပ္ဖြဲ႕၀င္ ၇၀၀ ခန္႔က ကူညီတိုက္ခိုက္ေနသည္။
အခ်ိဳ႕တပ္ဖြဲ႕၀င္မ်ားကို အိမ္နီးခ်င္းနိုင္ငံမ်ားသို႔ေရႊ႕ေျပာင္းၿပီး နယ္စပ္ျဖတ္ေက်ာ္စစ္ဆင္ေရးမ်ားဆင္ႏႊဲခြင့္ျပဳထားသည္။
ၿပီးခဲ့သည့္လမ်ားအတြင္းအီရတ္ႏွင့္အာဖဂန္နစၥတန္မွအေမရိကန္တပ္ဖြဲ႕မ်ားကိုေလၽွာ့ခ်ရန္ ထရမ့္က အလားတူအမိန္႔မ်ားထုတ္ျပန္ခဲ့သည္။
ယခုအမိန္႔သည္ ၿပီးခဲ့သည့္လတြင္ ရာထူးမွထုတ္ပယ္ခဲ့ေသာအေမရိကန္ကာကြယ္ေရး၀န္ႀကီး မာ့က္ အက္စပါ၏မူဝါဒႏွင့္ ဆန္႔က်င္ေနသည္။
Ref : Trump orders withdrawal of US troops from Somalia
#PeopleMedia
(unicode)
အိုင်အက်စ်အကြမ်းဖက်အဖွဲ့လက်အောက်ခံအစွန်းရောက်များကိုတိုက်ခိုက်နေသည့် ဆိုမာလီယာမှတပ်ဖွဲ့များကိုရုတ်သိမ်းရန် ထရမ့်အမိန့်ထုတ်
………………………………………
ဝါရှင်တန်၊ ဒီဇင်ဘာ ၅(People Media)
ဇန်နဝါရီ၁၅ရက်မှစတင်ကာဆိုမာလီယာမှအမေရိကန်တပ်ဖွဲ့အားလုံးနီးပါး တပ်ရုတ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အမိန့်ထုတ်ခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်ကပြောသည်။
ထိုနိုင်ငံတွင် အစ္စလာမ်မစ်နိုင်ငံတော်(အိုင်အက်စ်)နှင့် သူတို့၏လက်အောက်ခံအယ်ရှာဘတ်စစ်သွေးကြွများကိုရင်ဆိုင်တိုက်ခိုက်နေသည့် အစိုးရတပ်ဖွဲ့များကို အမေရိကန်တပ်ဖွဲ့၀င် ၇၀၀ ခန့်က ကူညီတိုက်ခိုက်နေသည်။
အချို့တပ်ဖွဲ့၀င်များကို အိမ်နီးချင်းနိုင်ငံများသို့ရွှေ့ပြောင်းပြီး နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးများဆင်နွှဲခွင့်ပြုထားသည်။
ပြီးခဲ့သည့်လများအတွင်းအီရတ်နှင့်အာဖဂန်နစ္စတန်မှအမေရိကန်တပ်ဖွဲ့များကိုလျှော့ချရန် ထရမ့်က အလားတူအမိန့်များထုတ်ပြန်ခဲ့သည်။
ယခုအမိန့်သည် ပြီးခဲ့သည့်လတွင် ရာထူးမှထုတ်ပယ်ခဲ့သောအမေရိကန်ကာကွယ်ရေး၀န်ကြီး မာ့က် အက်စပါ၏မူဝါဒနှင့် ဆန့်ကျင်နေသည်။
Ref : Trump orders withdrawal of US troops from Somalia
#PeopleMedia


Share this post