• Follow Us on

Home အိုမန်ပင်လယ်ပြင်တွင် မီးလောင်နေသောစက်လှေပေါ်မှ မူးယစ်ဆေးဝါးကုန်ကူးသူ အီရန်လူမျိုးများအား အမေရိကန်ရေတပ်က ကယ်ဆယ်ခဲ့

အိုမန်ပင်လယ်ပြင်တွင် မီးလောင်နေသောစက်လှေပေါ်မှ မူးယစ်ဆေးဝါးကုန်ကူးသူ အီရန်လူမျိုးများအား အမေရိကန်ရေတပ်က ကယ်ဆယ်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)

 

အိုမန်ပင်လယ်ပြင်တွင် မီးလောင်နေသော ရိုးရာစက်လှေငယ်တစ်စီးပေါ်၌ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးနေ သည်ဟုယူဆရသော အီရန်လူမျိုးငါးဦးကို အမေရိကန်ရေတပ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ကယ်တင်ခဲ့သည်။

 

စက်လှေပေါ်ရှိ လျှို့ဝှက်အခန်းကို မီးရှို့ရာမှ စက်လှေမီးလောင်သွားခြင်းဖြစ်နိုင်ပြီး  လှေပေါ်တွင်ပါရှိသည့် အီ ရန်လူမျိုးတစ်ဦးပျောက်ဆုံးနေကြာင်းသိရသည်။ အဆိုပါစက်လှေမီးလောင်နေပုံကို အမေရိကန်ရေတပ် စောင့် ကြည့်ထောက်လှမ်းသည့်ဗီဒီယိုက မှတ်တမ်းတင်ရိုက်ယူထားခဲ့သည်။

 

ကင်းလှည့်ရေယာဉ် USS Sirocco မှ ရေတပ်စစ်သည်များက မကြာမီ ယင်းစက်လှေထံသို့ ရောက်ရှိသွားခဲ့ပြီး အဆိုပါအီရန်လူမျိုးများကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်ရေတပ်စစ်သည်များသည် စက်လှေပေါ်မှ ဆေးခြောက် ၁,၇၄၅ ကီလိုဂရမ် (၃,၈၅၀ ပေါင်)၊ မက်သာ ဖက်တမင်း ၅၀၀ ကီလိုဂရမ် (၁,၁၀၀ ပေါင်) နှင့် ဟီးရိုးအင်း ၃၀ ကီလိုဂရမ် (၆၆ ပေါင်) သိမ်းဆည်းရရှိခဲ့ရာ ကာ လတန်ဖိုး ဒေါ်လာ ၁၄.၇ သန်းခန့်ရှိကြောင်း ရေတပ်က တန်ဖိုးဖြတ်ထားသည်။

 

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများမှာ လှေပေါ်တွင်ပါရှိသော မူးယစ်ဆေးဝါးများ၏ ထက်ဝက်ခန့်သာရှိနိုင်ပြီး ကျန်ထက်ဝက်မှာ မီးလောင်ပြီး စက်လှေနှင့်အတူ နစ်မြုပ်သွားဖွယ်ရှိကြောင်း ရေတပ်ကယုံကြည်ထားကြောင်း အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းအခြေစိုက် အမှတ် ၅ ရေတပ်အုပ်စုမှ ပြောခွင့်ရပုဂ္ဂိုလ် Commander တင်မိုသီဟော်ကင်းစ်က ပြောသည်။

 

ကယ်ဆယ်ခဲ့သောအီရန်လူမျိုးငါးဦးကို ဆေးဝါးကုသပေးပြီး အိုမန်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း ရေတပ်ကပြောသော်လည်း အီရန်နိုင်ငံကမူ ယင်းကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ဖြေကြားခြင်းမရှိပေ။

 

မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးသူများသည် အာဖဂန်နစ္စတန်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဒေသတွင်း ဖြန့်ဖြူးရာတွင် ယခုကဲ့သို့ ရိုးရာစက်လှေများကို အသုံးပြုလေ့ရှိသည်။

 

ဒေသတွင်းရှိ အမေရိကန်ရေတပ်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ရေတပ်များသည် အရှေ့အလယ်ပိုင်းဒေသတစ် ဝန်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပင်လယ်ပြင်တွင် ကင်းလှည့်ဆောင်ရွက်လျက်ရှိသည်။

 

Ref: US Navy rescues drug smugglers from burning ship off Oman

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: US Navy rescues drug smugglers from burning ship off Oman

 

#PeopleMedia


Share this post