• Follow Us on

Home အိန္ဒိယကဝယ်ယူထားသည့် S-400 ဒုံးကျည်များကို တုံ့ပြန်ရန် တရုတ်နိုင်ငံက DF-17 ဟိုက်ပါဆောနစ်ဒုံးကျည် များကို ပါကစ္စတန်သို့ ကမ်းလှမ်းနိုင်

အိန္ဒိယကဝယ်ယူထားသည့် S-400 ဒုံးကျည်များကို တုံ့ပြန်ရန် တရုတ်နိုင်ငံက DF-17 ဟိုက်ပါဆောနစ်ဒုံးကျည် များကို ပါကစ္စတန်သို့ ကမ်းလှမ်းနိုင်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄ (People Media)

 

အိန္ဒိယနိုင်ငံက ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များကို ဝယ်ယူထားသည်ကို တုံ့ ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ၎င်းတို့ထုတ်လုပ်သည့် DF-17 ရွေ့လျားပဲ့ထိန်းဒုံးကျည်စနစ်များကို ပါကစ္စ တန်နိုင်ငံသို့ရောင်းချရန် ကမ်းလှမ်းနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူတစ်ဦးက Defense News သို့ပြောသည်။

 

အိန္ဒိယတပ်မတော်အနေဖြင့် S-400 ဒုံးကျည်တပ်ရင်းလေးရင်းကို ၂၀၂၃ ခုနှစ်လောက်တွင်မှ တပ်ဖြန့်ချထားရန် အသင့်ဖြစ်မည်ဖြစ်သော်လည်း ပထမဦးဆုံး S-400 ဒုံးကျည်တပ်ရင်းကို ၂၀၂၂ ခုနှစ် ဧပြီလလောက်တွင် တပ် ဖြန့်ချထားနိုင်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့တွင် Defense News ကပြောသည်။

 

DF-17 ရွေ့လျားပဲ့ထိန်းဒုံးကျည်စနစ်များကို ဝယ်ယူလိုက်ပါက ရုရှားထုတ် S-400 ဒုံးကျည်များက စုံစမ်းထောက် လှမ်းခြင်းမပြုနိုင်သော ပဲ့ထိန်းဒုံးကျည်များပိုင်ဆိုင်ခြင်းဖြင့် ပါကစ္စတန်နိုင်ငံအနေဖြင့် စစ်ရေးစွမ်းအားသစ်ကို ပိုင်  ဆိုင်ရရှိထားမည်ဖြစ်သည်ဟုဆိုသည်။ ပျံသန်းနှုန်းမြန်ဆန်လှသည့် DF-17 ဟိုက်ပါဆောနစ်ဒုံးကျည်များမှာ  လက်ရှိအသုံးပြုနေသည့် ခေတ်အမီဆုံးရေဒါများ ခြေရာခံရန်ခက်ခဲသလို လက်ရှိအသုံးပြုနေသော မြေပြင်မှ ဝေ ဟင်ပစ်ဒုံးကျည်များဖြင့် ပစ်ချရန်လည်း ခက်ခဲသည်ဟုဆိုသည်။

 

DF-17 သို့မဟုတ် Dongfeng-17 ခေါ် ဟိုက်ပါဆောနစ်ဒုံးကျည်တွင် DF-ZF HGV (Hypersonic Glide Vehicle) အသံထက်ငါးဆကျော်မြန်သောထိပ်ဖူး တပ်ဆင်ထားသည်။ DF-17 သည် တရုတ်စစ်  လက်နက်  ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသော လောင်စာခဲအသုံးပြုထားသည့် ရွေ့လျားတာ လတ်ပစ်ပဲ့ ထိန်းဒုံးကျည်ဖြစ်သည်။

 

အနိမ့်ပျံသန်းလှုပ်ရှားနိုင်သည့် HGV (အသံထက်ငါးဆကျော်မြန်သောထိပ်ဖူး) မှာ အခြားသမရိုးကျပဲ့ ထိန်းဒုံး ကျည်များနှင့် ကွာခြားသည်။ စစ်ရေးလှုပ်ရှားနိုင်စွမ်းနှင့် မြန်နှုန်းမြှင့်တင်ထားသည့်အစွမ်းများကို ပေါင်းစပ် ထားမှုကြောင့် ယင်းဒုံးကျည်ထိပ်ဖူးမှာ သမရိုးကျဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် စိန်ခေါ်မှုများဖြစ်သည်။

 

ပထမအဆင့်အတွက် ဟိုက်ပါဆောနစ်ထိပ်ဖူးများကို ပဲ့ထိန်းဒုံးကျည်များနှင့်တွဲဖက်၍ ဒီဇိုင်းရေးဆွဲထုတ်လုပ် ထားသည်။ ဟိုက်ပါဆောနစ်ဒုံးကျည်များမှာ တစ်နာရီလျှင် ကီလိုမီတာ ၆၁၀၀ အသံထက်ငါးဆကျော်မြန်သည့် နှုန်းဖြင့် ပျံသန်းနိုင်သည်။

 

တရုတ်နိုင်ငံသည် DF-17 DF-ZF HGV ဟိုက်ပါဆောနစ်ဒုံးကျည်များကို ၂၀၁၄ ခုနှစ်ကတည်းက ကိုးကြိမ်ထက်မ နည်းစမ်းသပ်ပစ်ခတ်ခဲ့သည်။ DF-ZF ဟိုက်ပါဆောနစ်ဒုံးကျည်သည် ခန့်မှန်း ကီလိုမီတာ ၁၉၅၀ အထိ ပျံသန်းနိုင် ပြီး အလွန်စွမ်းဆောင်ရည်မြင့်မားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများက ပြောသည်။

 

Ref: China could offer DF-17 hypersonic missile to Pakistan following purchase of S-400 by India

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: China could offer DF-17 hypersonic missile to Pakistan following purchase of S-400 by India

 

#PeopleMedia


Share this post